22
Sun, Sep
530 New Articles

ရန်ကုန် ၊ ဇူလိုင် ၂၄ ရက်(ဆင်ဟွာ)

မန္တလေးတိုင်းဒေသကြီး၊ မလှိုင်မြို့နယ်၊ ညောင်အုပ်ကျေးရွာအုပ်စု၊ ချင်းလျားကျေးရွာအနီး၊ ကွင်း အမှတ် (၂၂)ရှိ  ဇီးတောဆည်(ဆားတောင်ဆည်) အတွင်း ယနေ့ နံနက်ပိုင်းတွင် စက်လှေ တိမ်းမှောက်မှု ဖြစ်ပွားခဲ့ရာ စက်လှေပေါ် လိုက်ပါလာသူများ အနက် လူ ၈ ဦး သေဆုံး သွားခဲ့ပြီး ၆ ဦး ပျောက်ဆုံးနေကြောင်း မြန်မာနိုင်ငံ မီးသတ် ဦးစီးဌာနထံမှ သိရသည်။

ရန်ကုန် ၊ ဇူလိုင် ၂၄ ရက်(ဆင်ဟွာ)

ယခုနှစ် ဇူလိုင်လ အတွင်း တိုင်းဒေသကြီး/ပြည်နယ် အချို့ ၌ ရေကြီးရေလျှံမှုများ ဖြစ်ပွားခဲ့ပြီး ဇူလိုင် ၂၃ ရက် အထိ အခြေ အနေ အရ စစ်ကိုင်း တိုင်းဒေသကြီး ၊ မန္တလေးတိုင်းဒေသကြီး နှင့် မကွေးတိုင်းဒေသကြီးတို့ ရှိ လူဦးရေ လေးသောင်း ကျော်မှာ ယာယီ ရေဘေးရှောင် နေရာများ၌ ပြောင်းရွှေ့ နေထိုင်လျက် ရှိကြောင်း လူမှုဝန်ထမ်း ၊ ကယ်ဆယ်ရေး နှင့် ပြန်လည် နေရာ ချထားရေး ဝန်ကြီးဌာန ၊ ဘေးအန္တရာယ် ဆိုင်ရာ စီမံ ခန့် ခွဲမှု ဦးစီးဌာန၏ ထုတ်ပြန်မှု အရ သိရသည်။

ရန်ကုန်၊ ဇူလိုင် ၂၃ ရက် (ဆင်ဟွာ)

 

မန္တလေးတိုင်းဒေသကြီး ပြင်ဦးလွင်ခရိုင် မတ္တရာမြို့နယ်အတွင်း ဧရာဝတီမြစ်ရေဝင် ရောက်လာမှုကြောင့် အခြေခံပညာကျောင်း(၅၈)ကျောင်း ယာယီပိတ်ထားကြောင်း ပြန်ကြားရေးဝနကြီးဌာနက ထုတ်ပြန်သော သတင်းအရ သိရသည်။

ရန်ကုန် ၊ ဇူလိုင် ၂၃ ရက်(ဆင်ဟွာ)

စစ်ကိုင်းတိုင်းဒေသကြီး နှင့် မန္တလေး တိုင်းဒေသကြီးရှိ ရေဘေးရှောင် ပြည်သူ ၁၈၈၇၃ ဦးရေ အတွက် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာနနှင့် တိုင်းဒေသကြီး အစိုးရအဖွဲ့များ ပူးပါင်းကာ ကူညီ ထောက်ပံ့မှုများ ဆောင်ရွက်လျက် ရှိကြောင်း သိရသည်။

ရန်ကုန်၊ ဇူလိုင် ၂၂ ရက် (ဆင်ဟွာ)

ဧရာဝတီမြစ်ရေကြီးမြင့်တက်မှုကြောင့်  မန္တလေးတိုင်းဒေသကြီး၊ တံတားဦးမြို့နယ်ရှိ ရပ်ကွက်/ကျေးရွာအုပ်စု(၁၇)အုပ်စု အိမ်ထောင်စု ပေါင်း(၁၁၁၈)စု လူဦးရေပေါင်း( ၄၃၆၅)ဦး၊တိရစ္ဆာန်ပေါင်း(၁၂၅၁)ကောင်တို့အား ရေလွတ်ရာကုန်းမြင့်များဖြစ်သည့် နီးစပ်ရာ ဆွေမျိုးသားချင်းအိမ်များ၊ စေတီပုထိုးများ ၊ဘုန်းတော်ကြီး များသို့ ပြောင်းရွှေ့ နေထိုင်ကြရကြောင်း ပြန်ကြားရေးဝန်ကြီးဌာန ၏ သတင်းထုတ်ပြန်ချက်အရသိရသည်။

ရန်ကုန် ၊ ဇူလိုင် ၂၁ ရက်(ဆင်ဟွာ)

နေပြည်တော်-ရန်ကုန် အမြန်လမ်း မိုင်တိုင် ၁၆၅/၃ အနီးတွင် ခရီးသည်တင်ယာဉ် တစ်စီးသည် ယနေ့  နေ့ လည် ပိုင်းတွင် တိမ်းမှောက်ခဲ့ရာ ကနဦး စိစစ်ချက် အရ ဒဏ်ရာ ရသူ အများအပြား ရှိပြီး အမျိုးသမီး တစ်ဦး သေဆုံးခဲ့ကြောင်း အမြန်လမ်း ရဲတပ်ဖွဲ့ မှူးရုံး၏ ထုတ်ပြန်မှု အရ သိရသည်။

ရန်ကုန် ၊ ဇူလိုင် ၂၁ ရက်(ဆင်ဟွာ)

မန္တလေးတိုင်းဒေသကြီး အတွင်းရှိ မတ္တရာ ၊ တံတားဦး နှင့် အမရပူရ မြို့နယ်တို့ တွင် ဧရာဝတီ မြစ်ရေ မြင့်တက်မှု ကြောင့် ဇူလိုင် ၂၀ ရက်တွင် စာသင်ကျောင်း စုစုပေါင်း ၂၅ ကျောင်း ခေတ္တ ပိတ်ထားရကြောင်း ပြည်ထဲရေး ၀န်ကြီးဌာန၏ ယနေ့ ထုတ်ပြန်မှု အရ သိရသည်။

ရန်ကုန် ၊ ဇူလိုင် ၂၁ ရက်(ဆင်ဟွာ)

စစ်ကိုင်းတိုင်းဒေသကြီး နှင့် မကွေးတိုင်းဒေသကြီးတို့ တွင် ဧရာဝတီ မြစ်ရေ မြင့်တက်မှုကြောင့် လူဦးရေ ၂,၇၉၆ ဦး သည် ဇူလိုင် ၂၀ ရက်တွင် ရေဘေး လွတ်သည့် နေရာသို့ ပြောင်းရွှေ့ နေထိုင်လျက် ရှိကြောင်း ပြည်ထဲရေး ၀န်ကြီး ဌာန၏ ယနေ့ ထုတ်ပြန်မှု အရ သိရသည်။

ရန်ကုန်၊ ဇူလိုင် ၂၀ ရက် (ဆင်ဟွာ)

 

မန္တလေးတိုင်းဒေသကြီးနှင့် စစ်ကိုင်း တိုင်းဒေသကြီးတို့တွင် ဧရာဝတီမြစ်ရေမြင့်တက်လာမှုကြောင့် လူ ၂၀၀၀ နီးပါး ရွှေ့ပြောင်းလျက်ရှိကြောင်း ပြည်ထဲရေးဝန်ကြီးဌာနက ယနေ့ ထုတ်ပြန်သော သတင်းအရ သိရသည်။

ရန်ကုန်၊ ဇူလိုင် ၂၀ ရက် (ဆင်ဟွာ)

 

ယနေ့ ဇူလိုင် ၂၀ရက် မြန်မာစံတော်ချိန် (၁၁:၃၀)နာရီအချိန် တိုင်းထွာချက်အရ ဧရာဝတီမြစ်နှင့် ဒုဋ္ဌဝတီမြစ်ရေ သည် ကျော်လွန်နေကြောင်း မိုးလေ၀သနှင့်ဇလဗေဒညွန်ကြားမှုဦးစီးဌာနမှ ထုတ်ပြန်သည့် သတင်းအရ သိရသည်။