25
Sat, May
581 New Articles

ရန်ကုန်၊ မတ် ၉ ရက် (ဆင်ဟွာ)

ရှမ်းပြည်နယ်၊ ရပ်စောက်မြို့နယ်နှင့်  နောင်ချိုမြို့နယ်အစပ်  ဒုဋ္ဌ၀တီတံတားမှ မိုင် ၄၀ ခန့်အကွာအဝေးတွင်မတ်လ ၉ ရက်မွန်းလွဲပိုင်းက မင်းမင်းဦးဇာတ်အဖွဲ့ကား တိမ်းမှောက်ပြီး လူ ၄ ဦးသေဆုံးကာ ၁၂ ဦး ဒဏ်ရာရရှိခဲ့ကြောင်း  နောင်ချိုမြို့နယ် ရဲစခန်းမှ စုံစမ်းသိရှိရသည်။ယင်း ယာဉ်တိမ်းမှောက်မှုကြောင့် နောက်ပိုင်းမင်းသားတစ်ဦး ၊လျှပ်စစ်မီးသမားတစ်ဦး ၊မင်းသမီး မြဆန်းရင်(သဲအင်း)နှင့် ဆိုင်းဆရာ စိန်ဌေးဝင်း တို့လေးဦးသေဆုံးပြီးထိခိုက်ဒဏ်ရာရရှိမှုများပြား ကြာင်းသဘင်လူမှုကူညီစောင့်ရှောက်ရေးကော်မတီ(ဗဟို)ထံမှ သိရသည်။

ရန်ကုန် ၊ မတ် ၉ ရက်(ဆင်ဟွာ)

ဧရာဝတီ တိုင်းဒေသကြီး ၊ မြောင်းမြ မြို့ နယ်၌ သံကြိုးဖြင့် ချည်နှောင်ထားသော ဆင်တစ်ကောင်က အစွယ်ဖြင့် ထိုးခဲ့သောကြောင့် လူ ၁ ဦး သေဆုံးမှု ဖြစ်ပွားခဲ့ကြောင်း ပြည်ထဲရေး ၀န်ကြီးဌာန၏ ထုတ်ပြန်မှု အရ သိရသည်။

ရန်ကုန် ၊ မတ် ၉ ရက်(ဆင်ဟွာ)

ရန်ကုန်-မန္တလေး အမြန်လမ်း၌ ဇန်န၀ါရီလ နှင့် ဖေဖော်ဝါရီလ များတွင် ဖြစ်ပွားခဲ့သည့် ယာဉ် မတော်တဆမှု များကြောင့် သေဆုံးသူ ဦးရေ ၂၀ ရှိခဲ့ကြောင်း ပြန်ကြားရေး ၀န်ကြီးဌာန၏ ထုတ်ပြန်သော သတင်း အရ သိရသည်။

ရန်ကုန် ၊ မတ် ၈ ရက်(ဆင်ဟွာ)

ကချင်ပြည်နယ် ဗန်းမော်ခရိုင် လွယ်ဂျယ်မြို့အနီး မိုးမောက်-လွယ်ဂျယ် ကားလမ်းတွင် ဇလုံတောင်မှ ဘုရားဖူး ပြန်လာသည့် မူဆယ် ဘုရားဖူးမော်တော်ယာဉ်တစ်စီး တိမ်းမှောက်မှု ဖြစ်ပွားကာ ယာဉ်ပေါ်လိုက်ပါလာသည့် ဘုရားဖူးခရီးသည် အမျိုးသမီးငါးဦး သေဆုံးခဲ့ကြောင်း ပြန်ကြားရေး ၀န်ကြီးဌာန၏ ထုတ်ပြန်သော သတင်း အရ သိရသည်။

ရန်ကုန်၊ မတ် ၈ ရက် (ဆင်ဟွာ)

၂၀၁၈ ခုနှစ်၊ မတ်လ ဒုတိယ(၁၀)ရက်ပတ်အတွက် မိုးလေ၀သခန့်မှန်းချက် အား မိုးလေဝသ နှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာန မှ ယနေ့သတင်းထုတ်ပြန်သည်။

ရန်ကုန်၊ မတ် ၈ ရက် (ဆင်ဟွာ)

မကွေးတိုင်းဒေသကြီး ချောက်မြို့နယ် အိုးဘိုကျေးရွာ၌ မတ်လ ၇ ရက်နေ့က မီးလောင်မှုကြောင့် လူဦးရေ ၁၀၂ဦး အိုးမဲ့အိမ်မဲ့ဖြစ်ခဲ့ရကြောင်း ပြည်ထဲရေးဝန်ကြီးဌာနက ထုတ်ပြန်သော သတင်းအရ သိရသည်။

ရန်ကုန်၊ မတ် ၈ ရက် (ဆင်ဟွာ)

မန္တလေးတိုင်းဒေသကြီး အောင်မြေသာစံမြို့နယ်၊ အနှိပ်တော်ရပ်ကွက် သရက်ကုန်းကွက်ရှိ နှစ်ထပ် နေအိမ်တစ်အိမ်မှ မတ် ၇ ရက်နေ့တွင် မီးစတင်လောင်ရာမှ နေအိမ် ၁၂လုံးထိ မီးကူးဆက် လောင်ကျွမ်းခဲ့ကြောင်း ပြည်ထဲရေးဝန်ကြီးဌာနက ထုတ်ပြန်သော သတင်းအရသိရသည်။

ရန်ကုန်၊ မတ် ၈ ရက် (ဆင်ဟွာ)

နေပြည်တော်မြို့ အနီးတွင် ဗဟိုပြုလှုပ်ရှားခဲ့သည့်  အတွက် နေပြည်တော် တွင် ငလျင်လှုပ်ရှားမှုအား ခံစားခဲ့ရကြောင်း၊ ပျက်စီးဆုံးရှုံးမှုအနည်းငယ်ရှိ ကြောင်း၊ လူနှင့် တိရစ္ဆာန် သေဆုံးပျက်စီးမှု မကြားမိသေးကြောင်း မိုးလေဝသ နှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာန၊ ငလျင်ဌာန ခွဲမှ ဦးစီးအရာရှိ  ဦးထွန်းလင်းကျော် က ဆင်ဟွာကိုပြောသည်။

ရန်ကုန် ၊ မတ် ၇ ရက်(ဆင်ဟွာ)

မန္တလေးတိုင်းဒေသကြီးအတွင်း ဧရာဝတီ မြစ်ကမ်းဘေးရှိ ကျေးရွာများ ကမ်းပြိုမှု ကာကွယ်ပေးနိုင်ရန် ရေအရင်းအမြစ်နှင့် မြစ်ချောင်းများဖွံ့ဖြိုးတိုးတက်ရေးဦးစီး ဌာနမှ ငွေကျပ် ၄၁.၈၇ ဘီလီယံ သုံးစွဲ၍ နေရာ ၁၉ ခုတွင် ဆောင်ရွက် လျက်ရှိရာ ဧပြီလတွင် လုပ်ငန်းများ ပြီးစီးမည် ဖြစ်ကြောင်း ပြန်ကြားရေး ၀န်ကြီးဌာနမှ ထုတ်ပြန်သော သတင်း အရ သိရသည်။

ရန်ကုန် ၊ မတ် ၆ ရက်(ဆင်ဟွာ)

ရန်ကုန် အရှေပိုင်းခရိုင်၊ ဒဂုံမြို့သစ်(မြောက်ပိုင်း)မြို့နယ်ရှိ အမှတ်(၃၆)ရပ်ကွက်၊ အောင်မြေလမ်းတွင် ယနေ့ မတ် ၆ ရက် နံနက်ပိုင်းတွင် မီးလောင်မှု ဖြစ်ပွားခဲ့ရာ အိမ်ခြေ ၁ လုံး မီးလောင်ခံရပြီး ဆုံးရှုံးမှုတန်ဖိုး ကျပ် (၂၃) သိန်းခန့် ဖြစ်ကြောင်း ပြန်ကြားရေး ၀န်ကြီးဌာန၏ ထုတ်ပြန်သော သတင်း အရ သိရသည်။