24
Sun, Mar
706 New Articles

ရန်ကုန်၊ ဇန်နဝါရီ ၇ ရက် (ဆင်ဟွာ)

ဘင်္ဂလားပင်လယ်အော် အရှေ့တောင်ပိုင်းတွင် ဖြစ်ပေါ်နေသော အားကောင်းသောမုန်တိုင်းငယ်(Deep Depression)၏ အရှိန်ကြောင့် ဇန်နဝါရီ ၇ ၇က် နံနက်မှ နောက်(၄၈) နာရီအတွင်း တိုင်းဒေသကြီး နှင့် ပြည်နယ်အချို့ တွင်  နေရာကျဲကျဲမှ နေရာစိပ်စိပ် မိုးထစ်ချုန်းရွာပြီး၊ အချို့နေရာများတွင် နေရာကွက်၍ မိုးကြီးနိုင်ကြောင်း မိုးလေဝသ နှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာန မှ ယနေ့သတင်းထုတ်ပြန်သည်။

ရန်ကုန်၊ ဇန်နဝါရီ ၆ ရက် (ဆင်ဟွာ)

ဆိုင်ကလုန်းမုန်တိုင်း ပါဘက်(Pabuk)၏ လက်ရှိအခြေအနေမှာ မြန်မာနိုင်ငံ ဘက်သို့ ဦးတည်ရွေ့လျားမည့် အခြေအနေမရှိသေးသဖြင့် အဝါရောင်အဆင့်ဟု သတ်မှတ်သော်လည်း ရန်ကုန်တိုင်းဒေသကြီးအတွင်း ရှိ  ကိုကိုးကျွန်းမြို့ သည် ဆိုင်ကလုန်းမုန်တိုင်း၏ အဝန်းအဝိုင်းအတွင်းသို့ ကျရောက်နိုင်သဖြင့် ဆိုင်ကလုန်းမုန်တိုင်း၏ သက်ရောက် မှုအန္တရာယ်ကို ခံစားရနိုင်ကြောင်း မိုးလေဝသ နှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာန မှ ယနေ့သတင်းထုတ်ပြန်သည်။

ရန်ကုန်၊ ဇန်နဝါရီ ၆ ရက် (ဆင်ဟွာ)

မန္တလးတိုင်းဒေသကြီး၊ ရမည်းသင်းမြို့နယ်၌ ဇာနည်ဘွား ခရီးသည်တင် မှန်လုံ ယာဉ်တစ်စီးသည် တံတားပေါ်မှ ထိုးကျမှုကြောင့် လူ၂၈ ဦး ဒဏ်ရာရရှိသွားခဲ့ကြောင်း ပြည်ထဲရေးဝန်ကြီးဌာန မှ ယနေ့သတင်းထုတ်ပြန်သည်။

ရန်ကုန်၊ ဇန်နဝါရီ ၆ ရက် (ဆင်ဟွာ)

ဆိုင်ကလုန်းမုန်တိုင်း ပါဘက်(Pabuk)၏ လက်ရှိ အခြေအနေမှာ မြန်မာနိုင်ငံ ဘက်သို့ ဦးတည်ရွေ့လျားမည့် အခြေအနေမရှိသေးသဖြင့် အဝါရောင်အဆင့်ဟု သတ်မှတ်ကြောင်း မိုးလေဝသ နှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာန မှ ယနေ့သတင်းထုတ်ပြန်သည်။

ရန်ကုန် ၊ ဇန်န၀ါရီ ၅ ရက်(ဆင်ဟွာ)

ဆိုင်ကလုန်းမုန်တိုင်း "ပါဘက်" (Pabuk)၏ လက်ရှိအခြေအနေမှာ မြန်မာနိုင်ငံဘက်သို့ ဦးတည်ရွေ့လျားမည့် အခြေအနေ မရှိသေးသဖြင့် အဝါရောင်အဆင့်ဟု သတ်မှတ်သော်လည်း မြန်မာနိုင်ငံ ၊ တနင်္သာရီ တိုင်းဒေသကြီး သည် ဆိုင်ကလုန်းမုန်တိုင်း၏ အဝန်းအဝိုင်းအတွင်းသို့ ကျရောက်နေသဖြင့် ဆိုင်ကလုန်းမုန်တိုင်း၏ သက်ရောက်မှု အန္တရာယ်ကို ခံစားရမည် ဖြစ်ကြောင်း မိုးလေ၀သ နှင့် ဇလဗေဒ ညွှန်ကြားမှု ဦးစီးဌာန၏ ထုတ်ပြန်မှု အရ သိရသည်။

ရန်ကုန် ၊ ဇန်န၀ါရီ ၄ ရက်(ဆင်ဟွာ)

ဧရာဝတီ တိုင်းဒေသကြီး ဖျာပုံမြို့နယ် ချောင်းဝကျေးရွာ၌ ဇန်န၀ါရီ ၃ ရက်တွင် မီးလောင်မှု ဖြစ်ပွားခဲ့ရာ နေအိမ် ၁၆၇ လုံး မီးကူးစက်လောင်ကျွမ်း ဆုံးရှုံးခဲ့ရကြောင်း ပြည်ထဲရေး ၀န်ကြီးဌာန၏ ထုတ်ပြန်မှု အရ သိရသည်။

ရန်ကုန် ၊ ဇန်န၀ါရီ ၃ ရက်(ဆင်ဟွာ)

ရန်ကုန်-မန္တလေး အမြန်လမ်း၌ ၂ဝ၁၈ ခုနှစ် သြဂုတ်လမှ ဒီဇင်ဘာလကုန်အထိ ၅ လ အတွင်း ယာဉ်မတော်တဆမှုပေါင်း ၂၁၄ မှု ဖြစ်ပွားခဲ့ပြီး ၄၉ ဦး သေဆုံးကာ ဒဏ်ရာ ရရှိသူ ၃၅ဝ ဦး ရှိကြောင်း ပြန်ကြားရေး ၀န်ကြီးဌာန၏ သတင်း ထုတ်ပြန်မှု အရ သိရသည်။

ရန်ကုန် ၊ ဇန်န၀ါရီ ၁ ရက်(ဆင်ဟွာ)

ရှမ်းပြည်နယ် ၊ ကလောမြို့ နယ် အတွင်း နေအိမ် ၁ လုံးသည် မီးလောင်မှု ဖြစ်ပွားခဲ့ကာ လူ ၂ ဦး သေဆုံးခဲ့ကြောင်း မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ ၏ သတင်း ထုတ်ပြန်မှု အရ သိရသည်။

ရန်ကုန်၊ ဇန်နဝါရီ ၁ ရက် (ဆင်ဟွာ)

ချင်းပြည်နယ်၊မတူပီမြို့ ၏  မြောက်-အရှေ့မြောက်ဘက် (၁၆)မိုင်ခန့်အကွာ တွင် အင်အားရစ်(ခ်)တာစကေး (၄.၅) အဆင့်ရှိ အင်အားအနည်းငယ် ရှိသော မြေငလျင်တစ်ခု လှုပ်ရှားသွားခဲ့ပြီး အဆိုပါ ငလျင်ကြောင့် ပျက်စီးဆုံးရှုံးမှု မရှိကြောင်း မိုးလေဝသ နှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာန၊ ငလျင်ဌာနခွဲမှ လက်ထောက်ညွှန်ကြားရေးမှုး ဒေါက်တာယဉ်မျိုးမင်းထွေး ကဆင်ဟွာကိုယနေ့ပြောသည်။

ရန်ကုန်၊ ဒီဇင်ဘာ ၃၀ ရက် (ဆင်ဟွာ)

ရန်ကုန်တိုင်းဒေသကြီး၊ မင်္ဂလာဒုံမြို့နယ်၊ စမ်းကြီးဝရပ်ကွက်တွင် ဒီဇင်ဘာ ၂၉ ရက် နံနက် ၆နာရီ ၁၀မိနစ်က ရေခဲသေတ္တာအပူလွန်ကဲ၍ မီးစတင်လောင်ကျွမ်းခဲ့ရာ လူနေအိမ် ၈လုံးထိ ကူးစက်လောင်ကျွမ်းပြီး ဆုံးရှုံးခဲ့ကြောင်း ပြည်ထဲရေးဝန်ကြီးဌာနက ထုတ်ပြန်သော သတင်းအရ သိရသည်။