19
Mon, Aug
551 New Articles

ရန်ကုန်၊ ဧပြီ ၁၄ ရက် (ဆင်ဟွာ)

ဧပြီလ ၁၄ ရက်  နေ့လည် ၁၃း၃၅နာရီအချိန်က၊ မြောက်ဥက္ကလာပမြို့နယ်၊ အုတ်ပုံဆိပ်လမ်းရှိ မြောက်ဥက္ကလာ ဂုံးတံတားအောက်တွင် ကား (၁)စီး ပလက်ဖောင်းအား ဝင်တိုက်မှုဖြစ်ပွားခဲ့ပြီး ၂ ဦးသေဆုံးခဲ့ကြောင်း မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့မှ သတင်းထုတ်ပြန်သည်။

ရန်ကုန်၊ ဧပြီ ၁၄ ရက် (ဆင်ဟွာ)

မွန်ပြည်နယ်၊ ချောင်းဆုံမြို့နယ်၊ အပြိုင်ကျေးရွာ၌ ဖြစ်ပွားခဲ့သည့် မီးရှို့မှုတစ်ခုကြောင့် နေအိမ် ၃၇ လုံး မီးကူးဆက်လောင်ကျွမ်းခဲ့ ကြောင်း ပြည်ထဲရေးဝန်ကြီးဌာန မှ ယနေ့သတင်းထုတ်ပြန်သည်။

ရန်ကုန်၊ ဧပြီ ၁၄ ရက် (ဆင်ဟွာ)

ယနေ့ နံနက်  ၄ နာရီ ကျော်က ညောင်ဦးခရိုင်၊ ပုဂံမြို့ သစ် လမ်းမတော် လမ်းရှိ  ရွှေဗဟိုဟိုတယ်မီးလောင်မှု တွင် သေဆုံးမှု နှင့် ဒဏ်ရာရမှု မရှိကြောင်း ညောင်ဦးမြို့ မီးသတ်တပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ဆင်ဟွာကိုပြောသည်။

ရန်ကုန်၊ ဧပြီ ၁၃ ရက် (ဆင်ဟွာ)

အနောက်ဘက်မှ လာသော လေအေးများနှင့် ဘင်္ဂလားပင်လယ်အော် မှလာသော လေနွေးများစုဆုံမှုကြောင့် (၁၆.၄.၂၀၁၈) ရက်နေ့မှ (၂၀.၄.၂၀၁၈)ရက်နေ့အတွင်း တိုင်းဒေသကြီး နှင့် ပြည်နယ်အချို့တွင် မိုးရွာသွန်းနိုင် ကြောင်း မိုးလေဝသ နှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာန မှ ထူးခြားမိုးဝေသအခြေအနေသတင်းအား ယနေ့ ထုတ်ပြန်ခဲ့သည်။ 

ရန်ကုန်၊ ဧပြီ ၁၂ ရက် (ဆင်ဟွာ)

စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကျွန်းလှမြို့နယ်၊ အင်လှကျေးရွာတွင် ဧပြီ ၁၁ ရက်နေ့ ည ၇ နာရီ ၃၀ မိနစ် အချိန်ခန့်က လေပြင်းတိုက်ခတ်၍ ဘုန်းတော်ကြီးကျောင်းနှင့် လူနေအိမ်အချို့ ပျက်စီးသွားကြောင်း ပြန်ကြားရေးဝန်ကြီးဌာန ၏ သတင်းထုတ်ပြန်ချက်အရ သိရသည်။

ရန်ကုန်၊ ဧပြီ ၁၁ ရက် (ဆင်ဟွာ)

 

ရခိုင်ပြည်နယ်တွင် ဧပြီလ ၁၀ ရက်နေ့ တစ်ရက်ထဲတွင် နေရာသုံးနေရာ၌ မီးလောင်မှုဖြစ်ပွားခဲ့ကြောင်း မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့မှ ထုတ်ပြန်သော သတင်းအရ သိရသည်။

ရန်ကုန်၊ ဧပြီ ၁၀ ရက် (ဆင်ဟွာ)

ဖြူးမြို့ ၏ တောင်အနောက်တောင်ဘက်(၂၅)မိုင် ခန့်အကွာ  မြောက်လတ္တီတွဒ် ၁၈.၁၂၁၃ ဒီဂရီ၊ အရှေ့လောင်ဂျီတွဒ် ၉၆.၃၄၈၀ဒီဂရီ၊ အနက် (၁၅)ကီလိုမီတာကို ဗဟိုပြု၍ အင်အားရစ်(ခ်)တာစကေး (၄.၁)အဆင့်ရှိ အင်အားအနည်း ငယ်ရှိသော မြေငလျင်တစ်ခု လှုပ်ရှားသွားကြောင်း မိုးလေဝသ နှင့် ဇလဗေဒ ညွှန်ကြားမှုဦးစီးဌာနမှ ယနေ့သတင်းထုတ်ပြန်သည်။

ရန်ကုန် ၊ ဧပြီ ၁၀ ရက်(ဆင်ဟွာ)

ငလျင်ဒဏ်ကြောင့် ပျက်စီးခဲ့သည် ပုဂံဘုရားစေတီများ အနက် ၃ဝ၂ ဆူ ပြုပြင် ပြီးစီးကာ ရာခိုင်နှုန်း အားဖြင့် ၈၀ ရာခိုင်နှုန်းခန့် ပြုပြင်ပြီးစီးခဲ့ကြောင်း ပြန်ကြားရေး ၀န်ကြီးဌာနမှ ထုတ်ပြန်သော သတင်း အရ သိရသည်။

ရန်ကုန်၊ ဧပြီ ၉ ရက် (ဆင်ဟွာ)

ရန်ကုန်-မန္တလေးအမြန်လမ်းမကြီး၊ မိုင်တိုင်အမှတ်(၁၂၃/၆)နှင့် (၁၂၃/၇) ကြားတွင် သစ်တင်ယာဉ်နှင့် ခရီးသည်တင်ယာဉ်တို့ တိုက်မိပြီး၂ဦးသေဆုံး၊ ၁၁ဦး ဒဏ်ရာရရှိခဲ့ကြောင်း မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့က ထုတ်ပြန်သော သတင်းအရ သိရသည်။

ရန်ကုန် ၊ ဧပြီ ၉ ရက်(ဆင်ဟွာ)

မန္တလေးတိုင်းဒေသကြီး စဥ့်ကူးမြို့ အနီး အင်အား ရစ်(ခ်)တာစကေး ၄.၉ အဆင့်ရှိ အင်အား အနည်းငယ် ရှိသော မြေငလျင် လှုပ်ခတ်ခဲ့ပြီး အနီးတစ်ဝိုက်ရှိ မြို့ များမှ သိရှိ ခံစားမိခဲ့ကြောင်း မိုးလေ၀သ နှင့် ဇလဗေဒ ညွှန်ကြားမှု ဦးစီးဌာန ၊ မြေငလျင် ဌာနခွဲမှ သိရသည်။