20
Sun, Jan
687 New Articles

ရန်ကုန် ၊ အောက်တိုဘာ ၂ ရက်(ဆင်ဟွာ)

ဖြူးချောင်း ရေအား လျှပ်စစ် ဓာတ်အားပေး စက်ရုံ မီးလောင်ပျက်စီးမှုများအား အမြန်ဆုံး ပြုပြင်နိုင်ရေး စီစဉ် ဆောင်ရွက်လျက် ရှိကြောင်း လျှပ်စစ် နှင့် စွမ်းအင် ၀န်ကြီးဌာနမှ ယနေ့ အောက်တိုဘာ ၂ ရက်တွင် သတင်း ထုတ်ပြန်ခဲ့သည်။

ရန်ကုန်၊ စက်တင်ဘာ ၃၀ ရက် (ဆင်ဟွာ) 

မန္တလေးတိုင်းဒေသကြီး၊ သာစည်မြို့နယ်၊ သာစည်လေးကျေးရွာအနီးရှိ ညောင်ရမ်းကန်၏ ရေထွက်ပြွန်အမှတ်(၃) ရေထွက်ပေါက်နေရာမှ ရေတိုက်စားပြီး ကျိုးပေါက်မှုဖြစ်ပွားခဲ့ကြောင်း တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံးမှ သတင်းထုတ်ပြန်သည်။

ရန်ကုန်၊ စက်တင်ဘာ ၂၈ ရက် (ဆင်ဟွာ)

အနောက်တောင်မုတ်သုံလေသည် အောက်တိုဘာလ (၁)ရက်မှ (၇)ရက်အတွင်း မြစ်ဝကျွန်းပေါ် ဒေသများနှင့် အောက်တိုဘာလ (၈)ရက်မှ (၁၂)ရက်အတွင်း မြန်မာတစ်ပြည်လုံးမှ ဆုတ်ခွာသွားနိုင်ကြောင်း မိုးလေဝသ နှင့် ဇလဗေဒညွှန်ကြားမှု ဦးစီးဌာန မှ သတင်းထုတ်ပြန်သည်။

ရန်ကုန်၊ စက်တင်ဘာ ၂၇ ရက် (ဆင်ဟွာ)

 

မန္တလေးမြို့ နံကပ်အင်းအနီးရှိ အမှတ်(၂) ရေဆိုးထုတ် စက်ရုံ(ရွှေဂဲ)မှ တစ်နာရီလျှင် ရေဂါလန် ၁ ဒသမ ၆ သန်းထုတ်ရာမှ ရေဂါလန် ၂ ဒသမ ၆ သန်းအထိ စွန့်ထုတ်နိုင်ရန် ဆောင်ရွက်နေကြောင်း မန္တလေးမြို့တော် စည်ပင်သာယာရေး ကော်မတီ ရေသန့်ရှင်းရေးဌာနမှ သိရသည်။

 

အဆိုပါ ရေဂါလန်တိုးမြှင့် စွန့်ထုတ်နိုင်ရေးအတွက် ဘဏ္ဍငွေကျပ်သိန်း ၅ဝဝဝ ဖြင့် ဆောင်ရွက်နေကြောင်း သိရသည်။

 

မန္တလေးမြို့တွင် မင်္ဂလာမြောင်း၊ ကိုလန်ဘိုမြောင်း၊ ပရံတော်ချောင်း၊ ရွှေတချောင်းမြောင်း၊ ငွေတချောင်း မြောင်း၊ သင်္ဂဇာမြောင်း၊ တပ်မျောချောင်း၊ မြောင်ကြီးမြောင်းတို့သည် အဓိကရေဆိုးထုတ်သည့် မြောင်းများဖြစ်ကာ ထိုမှတစ်ဆင့် တောင်သမန် အင်း၊ ကန်တော်ကြီး (တက်သေးအင်း)နှင့် နံကပ်အင်းတို့တွင် စုစည်းလျက်ရှိရာ ရေဆိုး ထုတ်စက်ရုံခြောက်ရုံဖြင့် ဧရာဝတီမြစ်အတွင်းသို့ ရေများစုပ်ထုတ်လျက် ရှိကြောင်း သိရသည်။ 

 

မန္တလေးမြို့တော် စည်ပင်သာယာရေး ကော်မတီမှ တည်ဆောက်ထားသည့် ရေဆိုးထုတ်စက်ရုံများမှာ ကပ်ကျော် ဘုရားအနီးရှိ အမှတ်(၁) ရေဆိုးထုတ်စက်ရုံ၊ ရွှေဂဲချောင်းအနီးရှိ အမှတ်(၂) ရေဆိုးထုတ်စက်ရုံ၊ သံဃာ့ဆေးရုံ အနီးရှိ အမှတ်(၃)ရေဆိုးထုတ်စက်ရုံ၊ ဇောင်းကလော ချောင်းအနီးရှိအမှတ် (၄)ရေဆိုးထုတ်စက်ရုံ၊ သင်္ဂဇာချောင်းအနီးရှိ အ မှတ်(၅) ရေဆိုးထုတ်စက်ရုံနှင့် နဂါးနီဘုရားအနီးရှိ အမှတ် (၆)ရေဆိုးထုတ် စက်ရုံတို့ဖြစ်ပြီး ယင်းစက်ရုံများမှ တစ် နာရီလျှင် ရေဂါလန်စုစုပေါင်း ရှစ်သန်းကျော်ကို စွန့်ထုတ်နိုင်ကြောင်း သိရသည်။(Xinhua)

 

 

 

 

''မြို့ပေါ် ရေကြီးရေလျှံမှု မဖြစ်စေဖို့အတွက် ရေဆိုးထုတ်စက်ရုံ ခြောက်ရုံကနေ ဧရာဝတီမြစ်အတွင်းကို စွန့်ထုတ် ပေးနေတယ်။ စက်ရုံခြောက်ရုံကနေ စုပ်ထုတ်ပေးနေပေမယ့် တကယ်တမ်းကျ မလုံလောက်ဘူး။ အဲဒီအတွက် ADB ရဲ့အကူအညီနဲ့အတူ စက်ရုံတွေထပ်ပြီး တည်ဆောက်သွားမှာပါ''ဟု ရေသန့်ရှင်းရေးဌာနမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။ 

ရန်ကုန်၊ စက်တင်ဘာ ၂၂ ရက် (ဆင်ဟွာ)

မြန်မာနိုင်ငံပြည်တွင်း (ဟုမ္မလင်းမြို့ ၏ မြောက်-အနောက်မြောက်ဘက် (၁၅) မိုင်ခန့်အကွာ)ကို ဗဟိုပြု၍ အင်အားရစ်(ခ်)တာစကေး (၄.၃)အဆင့်ရှိ အင်အားအနည်းငယ်ရှိသော မြေငလျင်တစ်ခု လှုပ်ရှားသွားကြောင်း မိုးလေဝသ နှင့် ဇလဗေဒညွှန်ကြားမှု ဦးစီးဌာန မှ သတင်းထုတ်ပြန်သည်။

ရန်ကုန်၊ စက်တင်ဘာ ၂၁ ရက် (ဆင်ဟွာ)

စစ်ကိုင်းတိုင်းဒေသကြီး၊ ကလေးမြို့နယ်အတွင်း စက်တင်ဘာ ၁၇ ရက်မှစ၍ မိုးအဆက်မပြတ်ရွာသွန်းပြီး မြစ်သာမြစ်ရေနှင့် နေရဉ္စရာချောင်းရေမြင့်တက်မှုကြောင့် ကလေးမြို့ပေါ်ရပ်ကွက်များနှင့် မြို့နယ်အတွင်းရှိ ကျေးရွာများ၌ ရေ၀င်ရောက်မှုများဖြစ်ပေါ်လျက်ရှိကြောင်း တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံးမှ သတင်းထုတ်ပြန်သည်။ 

ရန်ကုန် ၊ စက်တင်ဘာ ၂၁ ရက်(ဆင်ဟွာ)

နေပြည်တော် အပါအ၀င် တိုင်းဒေသကြီး/ပြည်နယ် ၁၄ ခုတွင် ဇူလိုင်လ ၁ ရက်မှ စက်တင်ဘာလ ၂၀ ရက် အထိ ရေဘေး ဖြစ်ပွားမှုကြောင့် သေဆုံးသူ ၉ ဦးထိ ရှိခဲ့ကြောင်း လူမှု ၀န်ထမ်း ကယ်ဆယ်ရေး နှင့် ပြန်လည် နေရာချထားရေး ၀န်ကြီးဌာနမှ ထုတ်ပြန်သည့် အချက်အလက်များ အရ သိရသည်။

ရန်ကုန်၊ စက်တင်ဘာ ၂၀ ရက် (ဆင်ဟွာ) 

တိုက်ကြီးမြို့နယ်၊ အဖျောက်မြို့၊ အုန်းပင်ကွင်းကျေးရွာအုပ်စု၊ အေးရွာ တွင် မြစ်ကမ်းပါးပြိုကျမှုကြောင့် ၂၀၁၇ ခုနှစ်၊ သြဂုတ်လ ၅ ရက်နေ့မှ စတင်၍ စက်တင်ဘာလ ၁၉ ရက်နေ့ အထိ ရှိ လူနေအိမ်ခြေ ၇၅ လုံး အိမ်ထောင်စု ၇၅ စု၊ လူဦးရေ ကျား/မ ၃၀၃ ဦးတို့ ပြောင်းရွှေ့ နေထိုင်လျက်ရှိကြောင်း ရန်ကုန်တိုင်းဒေသကြီးရဲတပ်ဖွဲ့ မှ ယနေ့ သတင်းထုတ်ပြန်သည်။

ရန်ကုန်၊ စက်တင်ဘာ ၂၀ ရက် (ဆင်ဟွာ)

ဟားခါးမြို့၌ ယခုလ စက်တင်ဘာ တတိယပတ်အတွင်း မိုးသည်းထန်စွာ ရွာသွန်းခဲ့ရာ လူနေအိမ်အချို့ ပြိုကျ ပျက်စီးနိုင်သည့် အန္တရာယ် အနေအထားများကြောင့် တာဝန်ရှိသူများက မိသားစုဝင်များအား ဘေးလွတ်ရာ နီးစပ်သည့် ဆွေမျိုးများနေအိမ်သို့ အချိန်မီ ရွှေ့ပြောင်းကူညီဆောင်ရွက်ပေးခြင်း၊ မြေပြို မြေထိန်းနံရံများအား ပြုပြင် ထိန်းသိမ်းခြင်း လုပ်ငန်းများ ဆောင်ရွက်လျက်ရှိကြောင်းပြန်ကြားရေးဝန်ကြီးဌာန မှ သတင်းထုတ်ပြန် သည်။

ရန်ကုန် ၊ စက်တင်ဘာ ၂၀ ရက်(ဆင်ဟွာ)

ဆင်စခန်း တည်ထောင်ခြင်းနှင့် ဆင် ထိန်းသိမ်းရေး လုပ်ငန်းများအား ယူရို ၁.၈ သန်း အသုံးပြု၍ အဓိက ဆောင်ရွက်သွားမည့် နားလည်မှု စာချွန်လွှာ တစ်ရပ်အား မြန်မာ့ သစ်လုပ်ငန်းနှင့် FOUR PAWS International (FPI) မှ လက်မှတ် ရေးထိုးခဲ့ကြောင်း ပြန်ကြားရေး ၀န်ကြီးဌာန၏ ထုတ်ပြန်မှု အရ သိရသည်။