22
Mon, Jul
550 New Articles

ရန်ကုန် ၊ ဇန်န၀ါရီ ၂၂ ရက်(ဆင်ဟွာ)

ပဲခူးတိုင်းဒေသကြီး ဖြူးမြို့၏ အနောက်တောင်ဘက်(၂၅)မိုင် ခန့်အကွာကို ဗဟိုပြု၍ အင်အားရစ်(ခ်)တာစကေး (၄.၉)အဆင့်ရှိ အင်အားအနည်းငယ်ရှိသော မြေငလျင်တစ်ခုသည် ယနေ့ ဇန်န၀ါရီ ၂၂ ရက် နေ့ လည်ပိုင်း အချိန်တွင် လှုပ်ခတ် သွားခဲ့ကြောင်း မိုးလေ၀သ နှင့် ဇလဗေဒ ညွှန်ကြားမှု ဦးစီး ဌာနမှ သတင်း ထုတ်ပြန်ခဲ့သည်။

ရန်ကုန်၊ ဇန်န၀ါရီ ၂၂ ရက် (ဆင်ဟွာ)

ကချင်ပြည်နယ် မိုးညှင်းခရိုင် ဖားကန့်မြို့နယ် ကုဋေကျေးရွာအနီး၌ ဇန်နဝါရီ ၂ဝရက် ည ၁၁ နာရီခွဲက ကျောက်မျက် တူးဖော်ရေးကုမ္ပဏီဟောင်းနှစ်ခုရှိ နွံရေကန်ပေါက်မှုကြောင့် လေးဦးသေဆုံးခဲ့ကြောင်း ပြန်ကြားရေးဝန်ကြီးဌာနက ထုတ်ပြန်သော သတင်းအရ သိရသည်။

 

ရန်ကုန်၊ ဇန်နဝါရီ ၂၀ ရက် (ဆင်ဟွာ)

စစ်ကိုင်းတိုင်းဒေသကြီး မော်လိုက်မြို့ ၏ အရှေ့မြောက်ဘက် (၂၄)မိုင်ခန့်အကွာ မြောက်လတ္တီတွဒ် ၂၃.၉၅ ဒီဂရီ၊ အရှေ့လောင်ဂျီတွဒ် ၉၄.၅၉ ဒီဂရီ၊ အနက်(၇၀)ကီလိုမီတာကို ဗဟိုပြု၍ အင်အားရစ်(ခ်)တာစကေး (၄.၀)အဆင့်ရှိ အင်အားအနည်းငယ်ရှိသော မြေငလျင်တစ်ခု လှုပ်ရှားသွားကြောင်း မိုးလေဝသ နှင့် ဇလဗေဒညွှန်ကြားမှု ဦးစီးဌာနမှ ယနေ့ သတင်းထုတ်ပြန်သည်။

ရန်ကုန်၊ ဇန်နဝါရီ ၂၀ ရက် (ဆင်ဟွာ)

ပခူးတိုင်းဒေသကြီး ဖြူးမြို့ ၏ တောင်-အနောက်တောင်ဘက် (၂၄)မိုင်ခန့်အကွာ မြောက်လတ္တီတွဒ် ၁၈.၁၃ ဒီဂရီ၊ အရှေ့လောင်ဂျီတွဒ် ၉၆.၃၈ ဒီဂရီ၊ အနက်(၁၈)ကီလိုမီတာကို ဗဟိုပြု၍ အင်အားရစ်(ခ်)တာစကေး (၄.၀)အဆင့်ရှိ အင်အားအနည်းငယ်ရှိသော မြေငလျင်တစ်ခု လှုပ်ရှားသွားကြောင်း မိုးလေဝသ နှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာန မှ ယနေ့ သတင်းထုတ်ပြန်သည်။

 

ရန်ကုန်၊ ဇန်နဝါရီ ၂၀ ရက် (ဆင်ဟွာ)

ပြည်ထောင်စုနယ်မြေ နေပြည်တော် ပုဗ္ဗသီရိမြို့နယ် ကံလှ ကျေးရွာဟောင်းအနီး ကြာကန်၏ အရှေ့ဘက်မြေနေရာ နှင့် ငွေလျှံကုန်းကျေးရွာအနီး လယ်မြေ နေရာများတွင် ကွင်းဆင်း တူးဖော် သုတေသနပြုလုပ်ရာ လွန်ခဲ့သည့် နှစ်ပေါင်း ၅ဝဝ ခန့်က မြေငလျင်လှုပ်ခတ်မှုကြောင့် ပြတ်ရွေ့ကြောများ ရှာဖွေ တွေ့ရှိခဲ့ကြောင်း နေပြည်တော်စည်ပင်သာယာရေးကော်မတီ၏ ထုတ်ပြန်ချက်အရ သိရသည်။

ရန်ကုန်၊ ဇန်နဝါရီ ၁၉ ရက် (ဆင်ဟွာ)

ဇန်နဝါရီလ ၁၉ ရက် နေ့ နံနက်ဘက်တွင် ရန်ကုန်တိုင်းဒေသကြီး ၊ ဒဂုံမြို့သစ်(ဆိပ်ကမ်း)မြို့နယ်၊ ဗေလုဝကွေ့တွင် (၁၈)ဘီး ကွန်တိန်နာယာဉ်သည် အရှိန်မထိန်းနိုင်ဘဲ တိမ်းမှောက်မှုဖြစ်ပွားပြီး(၅)ဦး ကားခေါင်းအတွင်းညှပ်မိခဲ့ပြီး နှစ်ဦးမှာ သေဆုံးခဲ့ကြောင်း မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့မှ ရဲတပ်ကြပ်ကြီးရဲထွဋ်က ဆင်ဟွာကို ပြောသည်။

ရန်ကုန်၊ ဇန်နဝါရီ ၁၈ ရက် (ဆင်ဟွာ)

ကပ္ပလီပင်လယ်ပြင်နှင့် ဘင်္ဂလားပင်လယ်အော်တောင်ပိုင်းတို့တွင် လေဖိအားနည်းရပ်ဝန်း (၁)ကြိမ် ဖြစ်ပေါ်နိုင်ကြောင်း ၂၀၁၈ ခုနှစ်၊ ဇန်နဝါရီလ တတိယ (၁၀)ရက်ပတ်အတွက် မိုးလေ၀သခန့်မှန်းချက်အား မိုးလေဝသ နှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာန မှ ယနေ့ သတင်းထုတ်ပြန်သည်။

ရန်ကုန်၊ ဇန်နဝါရီ ၁၈ ရက် (ဆင်ဟွာ)

စစ်ကိုင်းတိုင်းဒေသကြီး၊ ဟုမ္မလင်းမြို့ ၏ မြောက်-အရှေ့မြောက်ဘက် (၂၉)မိုင်ခန့်အကွာ မြောက်လတ္တီတွဒ် ၂၅.၃၀ ဒီဂရီ၊ အရှေ့လောင်ဂျီတွဒ် ၉၅.၀၂ ဒီဂရီ၊ အနက်(၆၈)ကီလိုမီတာကို ဗဟိုပြု၍ အင်အားရစ်(ခ်)တာစကေး (၄.၅)အဆင့်ရှိ အင်အားအနည်းငယ် ရှိသော မြေငလျင်တစ်ခု လှုပ်ရှားသွားကြောင်း မိုးလေဝသ နှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာနမှ ယနေ့ သတင်းထုတ်ပြန်သည်။

ရန်ကုန်၊ ဇန်နဝါရီ ၁၆ ရက် (ဆင်ဟွာ) 

ယနေ့ တစ်ရက် တည်းတွင် ငလျင် ၂ ကြိမ် လှုပ်ရှားခဲ့ကြောင်း ၊ ဖောင်းပြင်မြို့ ၏ အရှေ့မြောက်ဘက် ၃၅ မိုင်ခန့်အကွာတွင် အင်အား ရစ်(ခ်)တာ စကေး (၄.၀)အဆင့်ရှိ ငလျင်သည် ယနေ့အတွက် ဒုတိယအကြိမ်လှုပ်ရှားခဲ့ခြင်းဖြစ်ကြောင်း မိုးလေ၀သနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာနမှ ဆင်ဟွာကိုပြောသည်။

ရန်ကုန်၊ ဇန်နဝါရီ ၁၆ ရက် (ဆင်ဟွာ)

ပေါက်တောမြို့နယ်၌ ငါးဖမ်းစက်လှေအား ကုန်တင်သင်္ဘောမှ ဝင်ရောက် တိုက်မိမှုကြောင့် ၁ ဦးသေ၊ ၁ ဦး ဒဏ်ရာရနှင့် ၄ ဦး ပျောက်ဆုံးမှုဖြစ်ပွားခဲ့ကြောင်း ပြည်ထဲရေးဝန်ကြီးဌာန မှ ယနေ့ သတင်းထုတ်ပြန်သည်။