24
Sun, Mar
706 New Articles

ရန်ကုန် ၊ ဒီဇင်ဘာ ၂၈ ရက်(ဆင်ဟွာ)

မြန်မာနိုင်ငံ၏ ရေဝပ်ဒေသများတွင် နိုင်ငံတကာအဆင့် အရေးပါပြီး ရမ်ဆာဒေသအဖြစ် သတ်မှတ်ကာကွယ်နိုင်သည့် ရေဝပ်ဒေသများ များစွာရှိကြောင်း၊ ရမ်ဆာရေဝပ်ဒေသ ကျွမ်းကျင်ပညာရှင်များ၏ ဖော်ထုတ်ချက်အရ စုစုပေါင်း ရေဝပ်ဒေသ ၁၀၀ ကို ၂၀၁၈ ခုနှစ်၊ မတ်လတွင် ကနဦးမူကြမ်းအဖြစ် ရှာဖွေထားရှိကြောင်း သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန် ဦးခင်မောင်ရီက ပြောကြားခဲ့သည်။

ရန်ကုန်၊ ဒီဇင်ဘာ ၂၇ ရက် (ဆင်ဟွာ)

ရန်ကုန်တိုင်းဒေသကြီး ကိုကိုးကျွန်းမြို့တွင် နှစ်ပေါင်း ၆၀ အတွင်း အနိမ့်ဆုံးအပူချိန်စံချိန်သစ်တင်ခဲ့ကြောင်း မိုးလေဝသ နှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာန မှ ယနေ့သတင်းထုတ်ပြန်သည်။

ရန်ကုန်၊ ဒီဇင်ဘာ ၂၇ ရက် (ဆင်ဟွာ)

တိုင်းဒေသကြီး နှင့် ပြည်နယ်အချို့ တွင် အချိန်အခါမဟုတ် မိုးရွာသွန်းနိုင်ကြောင်း သတိပေးချက်အား မိုးလေဝသ နှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာန မှ ယနေ့သတင်းထုတ်ပြန်သည်။

ရန်ကုန်၊ ဒီဇင်ဘာ ၂၆ ရက် (ဆင်ဟွာ)

ပဲခူးတိုင်းဒေသကြီး၊ လက်ပံတန်းမြို့၌ အမိုးနီးယားဓာတ်ငွေ့ ယိုစိမ့်မှုကြောင့် ပြည်သူ ၃ ဦး ဆေးရုံတက်ရောက်ရမှုဖြစ်ပွားခဲ့ကြောင်း ပြည်ထဲရေးဝန်ကြီးဌာန မှ ယနေ့ သတင်းထုတ်ပြန်သည်။

ရန်ကုန်၊ ဒီဇင်ဘာ ၂၄ ရက် (ဆင်ဟွာ)

ကချင်ပြည်နယ်၊ တနိုင်းမြို့၏ အနောက်မြောက်ဘက် (၁၇) မိုင်ခန့် အကွာ၊မြေပြင်အောက်အနက် (၈၂)ကီလိုမီတာခန့် ကို ဗဟိုပြု၍ အင်အား ရစ်(ခ်)တာ စကေး (၄.၉) အဆင့်ရှိ အင်အားအနည်းငယ်ရှိသော မြေငလျင်တစ်ခု လှုပ်ရှားသွားကြောင်း မိုးလေဝသ နှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာန မှ ယနေ့သတင်းထုတ်ပြန်သည်။

ရန်ကုန်၊ ဒီဇင်ဘာ ၂၃ ရက် (ဆင်ဟွာ)

ဟားခါးမြို့နယ်၊ လမ်သုတ်ကျေးရွာနှင့် လုံကြွေးကျေးရွာကြား ဟားခါး-ဂန့်ဂေါ ကားလမ်းမိုင်တိုင်(၄၁/၂-၃)ကြား၌ ဒီဇင်ဘာ ၂၂ ရက် နေ့လည် ၁နာရီခန့်က ယာဉ်တစ်စီး ချောက်ထဲသို့ ထိုးကျ တိမ်းမှောက်မှုကြောင့် လူ ၅ဦးသေဆုံးပြီး ၁၈ ဦး ဒဏ်ရာရရှိခဲ့ကြောင်း ပြည်ထဲရေးဝန်ကြီးဌာနက ထုတ်ပြန်သော သတင်းအရ သိရသည်။

ရန်ကုန် ၊ ဒီဇင်ဘာ ၂၁ ရက်(ဆင်ဟွာ)

နေပြည်တော်၊ ဒက္ခိဏသီရိမြို့နယ်၊ ရန်ကုန်-မန္တလေး အမြန်လမ်းမကြီး မိုင်တိုင်အမှတ်(၁၉၆/၇)နှင့် (၁၉၇/၀)ကြား တွင် ဒီဇင်ဘာ ၂၀ ရက်တွင် ယာဉ်တိုက်မိမှု ဖြစ်ပွားခဲ့ရာ ၁ ဦး သေဆုံးကာ ၁ ဦး ဒဏ်ရာ ရရှိခဲ့ကြောင်း မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ ထံမှ သိရသည်။

ရန်ကုန်၊ ဒီဇင်ဘာ ၂၀ ရက် (ဆင်ဟွာ)

ဧရာဝတီမြစ်ရေသည် ဒီဇင်ဘာ (၂၀) ရက် မွန်းတည့် ၁၂:၃၀ နာရီ တိုင်းထွာချက်အရ မြစ်ကြီးနားမြို့တွင်(၃၅၉)စင်တီမီတာသို့ ရောက်ရှိခဲ့ပြီး၊ (၁)ရက်အတွင်း(၅)ပေခွဲခန့် မြင့်တက်ခဲ့ကြောင်း၊ သို့ဖြစ်ပါ၍ မြစ်ကြောင်းများအတွင်း သွားလာနေကြသည့် ရေယာဉ်၊ လှေ၊ သင်္ဘောများအနေဖြင့် ဂရုပြုသင့်ကြောင်း မိုးလေဝသ နှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာန မှ ယနေ့သတင်းထုတ်ပြန်သည်။

ရန်ကုန်၊ ဒီဇင်ဘာ ၂၀ ရက် (ဆင်ဟွာ) 

စစ်ကိုင်းတိုင်းဒေသကြီး၊ ကလေးဝမြို့ ၏ အရှေ့ မြောက်ဘက် (၄)မိုင်ခန့်အကွာ တွင် အင်အားရစ်(ခ်)တာစကေး (၄.၀) အဆင့်ရှိ အင်အားအနည်းငယ် ရှိသော မြေငလျင်တစ်ခု လှုပ်ရှားခဲ့ပြီး အဆိုပါ ငလျင်ကြောင့် ပျက်ဆီးဆုံးရှုံးမှုမရှိကြောင်း မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာန၊ ငလျင်ဌာနခွဲမှ ဒုတိယဦးစီးမှူးဦးမြတ်မင်းအောင်က ဆင်ဟွာသို့ ယနေ့ပြောကြားသည်။

ရန်ကုန်၊ ဒီဇင်ဘာ ၁၇ ရက် (ဆင်ဟွာ)

ဘင်္ဂလားပင်လယ် အော်အနောက်အလယ်ပိုင်းနှင့် ယင်းနှင့်ဆက်စပ်လျက်ရှိသော ဘင်္ဂလားပင်လယ်အော် အနောက်တောင်ပိုင်းတွင် ဖြစ်ပေါ်နေသော အားကောင်းသော ဆိုင်ကလုန်းမုန်တိုင်း ဖီထိုင်း(PHETHAI) ၏ အရှိန်ကြောင့် ယနေ့မွန်းတည့်မှ နောက်(၄၈)နာရီအတွင်း တိုင်းဒေသကြီး နှင့် ပြည်နယ်တစ်ချို့ တွင် မိုးရွာသွန်းနိုင်ကြောင်း မိုးလေဝသ နှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာန မှ သတိပေးနှိုးဆော်ချက်ထုတ်ပြန်ခဲ့သည်။