15
Sun, Sep
499 New Articles

ရန်ကုန် ၊ ဇွန် ၅ ရက်(ဆင်ဟွာ)

မုတ်သုံရာသီအစ မိုးဦးကာလ၌ ရေယာဉ်များ သဘာဝဘေးအ္တရာယ် ကြိုတင်ကာကွယ်ရေးနှင့် လုံခြုံရေး အတွက် ရေအရင်းအမြစ်နှင့် မြစ်ချောင်းများ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနမှ ရေလမ်း သတိပေး နှိုးဆော်ချက် ထုတ်ပြန်ထားကြောင်း သိရသည်။

ရန်ကုန်၊ ဇွန် ၄ ရက် (ဆင်ဟွာ)

စစ်ကိုင်းတိုင်းဒေသကြီး ဟုမ္မလင်းမြို့ အနောက်မြောက်ဘက်(၁၁)မိုင်ခန့်အကွာ ၌ ယနေ့ ည ၇နာရီ ၅၇ မိနစ် တွင်အင်အား ရစ်(ခ်)တာစကေး (၅.၂) အဆင့်ရှိ အင်အားအသင့်အတင့်ရှိသော မြေငလျင်တစ်ခု လှုပ်ရှားသွားကြောင်း မိုးလေဝသ နှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာန က ယနေ့သတင်းထုတ်ပြန်သည်။

ရန်ကုန်၊ ဇွန် ၂ ရက် (ဆင်ဟွာ)

စစ်ကိုင်းတိုင်းဒေသကြီးမုံရွာခရိုင်၊ အရာတော်မြို့နယ်အတွင်း ဇွန် ၁ ရက် နေ့လည်ပိုင်းက လေပြင်းတိုက်ခတ်မှုကြောင့် နေအိမ် ၁၀၀ကျော် ပျက်စီးဆုံးရှုံးခဲ့ကြောင်း ပြည်ထဲရေးဝန်ကြီးဌာနက ထုတ်ပြန်သော သတင်းအရ သိရသည်။

ရန်ကုန်၊ ဇွန် ၁ ရက် (ဆင်ဟွာ)

ရှမ်းပြည်နယ် နောင်ချိုမြို့တွင် ဇွန် ၁ ရက်က ငွေကျပ် သိန်း ၁၂၀၀ ကျော်တန်ဖိုးရှိ စိတ်ကြွရူးသွပ်ဆေးပြားများနှင့် ဘိန်းစိမ်းများ ဖမ်းဆီးရမိခဲ့ကြောင်း မူးယစ်ဆေးဝါး တားဆီးနှိမ်နင်းရေးဗဟိုကော်မတီက ထုတ်ပြန်သော သတင်းအရ သိရသည်။

 

ရန်ကုန်၊ ဇွန် ၂ ရက် (ဆင်ဟွာ)

ပဲခူးတိုင်းဒေသကြီး တောင်ငူမြို့နယ်၊ ထုံးဘိုကြီးကျေးရွာ တောင်ငူ-လွိုင်ကော်ကားလမ်း မိုင်တိုင်(၁၆/၄-၅)ကြား၌ ယာဉ်တိုက်မှုကြောင့် ၃ ဦး သေ၊ ၆ ဦး ဒဏ်ရာရရှိခဲ့ကြောင်း ပြည်ထဲရေးဝန်ကြီးဌာနက ထုတ်ပြန်သော သတင်းအရ သိရသည်။

ရန်ကုန်၊ မေ ၃၁ ရက် (ဆင်ဟွာ) 

အနောက်တောင်မုတ်သုံလေသည် လွန်ခဲ့သော(၂၄)နာရီအတွင်းက မြန်မာနိုင်ငံ မြစ်ဝကျွန်းပေါ်ဒေသများ၊ ဘင်္ဂလားပင်လယ်အော်အနောက်တောင်ပိုင်းနှင့် အရှေ့အလယ်ပိုင်းသို့ ဝင်ရောက်ခဲ့ပြီး ဖြစ်ကြောင်း မိုးလေဝသ နှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာန က ယနေ့ သတင်းထုတ်ပြန်သည်။

ရန်ကုန်၊ မေ ၃၀ ရက် (ဆင်ဟွာ)

ကလောမြို့၌ (၅)ရပ်ကွက်တွင်၂၇ ရက် ည ၇နာရီ မိနစ် ၂၀တွင် လျှပ်စစ်ခြင်ရိုက်တံအား ဆော့ကစားရာမှမီးပွင့်၍ ဓာတ်ဆီပုလင်းအား ကူးစက်ပြီး မီးလောင်မှုကြောင့် အမျိုးသမီး ၂ ဦး သေဆုံးပြီး ၄ဦး ဒဏ်ရာရရှိခဲ့ကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့က ထုတ်ပြန်သော သတင်းအရ သိရသည်။

ရန်ကုန်၊ မေ ၂၉ ရက် (ဆင်ဟွာ)

စစ်ကိုင်းတိုင်းဒေသကြီး၊ပဲခူးတိုင်းဒေသကြီးနှင့် ရခိုင်ပြည်နယ်တို့တွင် မေ ၂၇ ရက်က လေပြင်းတိုက်ခတ်မှုကြောင့် နေအိမ်များ ပြိုကျပျက်စီးခဲ့ကြောင်း ပြည်ထဲရေးဝန်ကြီးဌာနက ထုတ်ပြန်သော သတင်းအရ သိရသည်။

ရန်ကုန်၊ မေ ၂၉ ရက် (ဆင်ဟွာ)

စစ်ကိုင်းတိုင်းဒေသကြီး၊ မော်လိုက်မြို့  တွင် အင်အားရစ်(ခ်)တာစကေး (၄.၅) အဆင့်ရှိ အင်အားအနည်းငယ် ရှိသော မြေငလျင်တစ်ခု လှုပ်ရှားသွားကြောင်း မိုးလေဝသ နှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာန က ယနေ့သတင်းထုတ်ပြန်သည်။ 

ရန်ကုန်၊ မေ ၂၈ ရက် (ဆင်ဟွာ)

 

ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ဓနုဖြူမြို့နယ် အတွင်းရှိ ကျေးရွာများတွင် လေပြင်းတိုက်ခတ်မှုကြောင့် လူနေအိမ် ၁၂၂ လုံး ပျက်စီးခဲ့ကြောင်း ပြန်ကြားရေးဝန်ကြီးဌာနက ထုတ်ပြန်သော သတင်းအရ သိရသည်။