22
Wed, Jan
461 New Articles

ရန်ကုန်၊ ဧပြီ ၂၇ ရက် (ဆင်ဟွာ)

ကပ္ပလီ ပင်လယ်ပြင်တောင်ပိုင်းတွင် (၄၈)နာရီအတွင်း လေဖိအားနည်းရပ်ဝန်းတစ်ခု ဖြစ်ပေါ်နိုင်ကြောင်း မိုးလေဝသ နှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာနမှ ယနေ့သတင်းထုတ်ပြန်သည်။

ရန်ကုန်၊ ဧပြီ ၂၇ ရက် (ဆင်ဟွာ)

ရှမ်းပြည်နယ်၊ မိုင်းခတ်မြို့ ၏ မြောက်ဘက် (၁၈)မိုင်ခန့်အကွာ မြောက်လတ္တီတွဒ် ၂၁.၉၆ ဒီဂရီ၊ အရှေ့လောင်ဂျီတွဒ် ၉၉.၃၆ ဒီဂရီ၊ အနက်(၁၀)ကီလိုမီတာကို ဗဟိုပြု၍ အင်အားရစ်(ခ်)တာစကေး (၄.၄)အဆင့်ရှိ အင်အားအနည်းငယ်ရှိသော မြေငလျင်တစ်ခု လှုပ်ရှားသွားကြောင်း မိုးလေဝသ နှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာန မှ ယနေ့သတင်းထုတ်ပြန်သည်။

ရန်ကုန်၊ ဧပြီ ၂၇ ရက် (ဆင်ဟွာ)

မကွေးတိုင်းဒေသကြီး၊ မြိုင်မြို့၏ အနောက်မြောက်ဘက် (၉)မိုင်ခန့်အကွာ မြောက်လတ္တီတွဒ် ၂၁.၆၉ ဒီဂရီ၊ အရှေ့လောင်ဂျီတွဒ် ၉၄.၇၆ ဒီဂရီ၊ အနက်(၁၃၀)ကီလိုမီတာကို ဗဟိုပြု၍ အင်အားရစ်(ခ်)တာစကေး (၃.၆)အဆင့်ရှိ အင်အားအနည်းငယ်ရှိသော မြေငလျင်တစ်ခု လှုပ်ရှားသွားကြောင်း မိုးလေဝသ နှင့်ဇလဗေဒညွှန်ကြားမှု ဦးစီးဌာနမှ ယနေ့သတင်းထုတ်ပြန်သည်။

ရန်ကုန်။ ဧပြီ ၂၅ ရက် (ဆင်ဟွာ)

လှိုင်သာယာ ထိန်ပင်အမှိုက်ပုံမီးလောင်မှုအား (၈၀)ရာခိုင်နှုန်းခန့် ထိန်းနိုင်ပြီဖြစ်ပြီး မီးငြိမ်းရေးအပြင် မီးခိုးများပါငြိမ်းသတ်နိုင်ရန် နည်းပညာ(Bio Foam)သုံးကာ ဆောင်ရွက်မည်ဖြစ်ကြောင်း ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းက ပြောကြားသည်။

ရန်ကုန်၊ ဧပြီ ၂၄ ရက် (ဆင်ဟွာ)

ဖြူးမြို့၏ အနောက်တောင်ဘက် (၂၅)မိုင်ခန့်အကွာ၊ မြောက်လတ္တီ တွဒ် (၁၈.၃၆)ဒီဂရီ၊ အရှေ့လောင်ဂျီတွဒ် (၉၆.၀၈) ဒီဂရီ၊ အနက် (၁၀) ကီလိုမီတာကို ဗဟိုပြု၍ အင်အား ရစ်တာစကေး(၅.၁)အဆင့်ရှိ အင်အားအသင့်အတင့် ရှိသော မြေငလျင်တစ်ခု လှုပ်ရှားသွားကြောင်း မိုးလေဝသ နှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာနမှ ယနေ့ သတင်းထုတ်ပြန်သည်။

ရန်ကုန်၊ ဧပြီ ၂၄ ရက်(ဆင်ဟွာ)

ကပ္ပလီပင်လယ်ပြင်တောင်ပိုင်းမှ ရွေ့လျားလာမည့် လေပွေလှိုင်း၏အရှိန်ကြောင့် (၂၆.၄.၂၀၁၈) ရက်နေ့မှ (၃၀.၄.၂၀၁၈)ရက်နေ့အတွင်း တိုင်းဒေသကြီး နှင့် ပြည်နယ်တို့တွင် မိုးရွာသွန်းနိုင်ကြောင်း မိုးလေဝသ နှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာန မှ ထူးခြားမိုးလေဝသအခြေအနေသတင်းအဖြစ်ထုတ်ပြန်ခဲ့သည်။

ရန်ကုန်၊ ဧပြီ ၂၄ ရက် (ဆင်ဟွာ)

စစ်ကိုင်းတိုင်းဒေသကြီး၊ ကလေးဝမြို့ ၏ အရှေ့တောင်ဘက် (၂၅)မိုင်ခန့်အကွာတွင် အင်အား ၅.၃ အဆင့် လှုပ်ရှားခဲ့သည့် ငလျင်ကြောင့် ပျက်စီးဆုံးရှုံးမှု သတင်းမသိရှိရသေးကြောင်း လူမှုဝန်ထမ်းကယ်ဆယ်ရေး နှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန မှ ဒုတိယညွှန်ကြားရေးမှူး ဒေါ်သီရိမောင် က ဆင်ဟွာကိုပြောသည်။

ရန်ကုန်၊ ဧပြီ ၂၄ ရက် (ဆင်ဟွာ)

ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ၊ တွံတေးတူးမြောင်း ကမ်းပြိုကာကွယ်ရေးလုပ်ငန်းကို ဖေဖော်ဝါရီလမှ စတင်ဆောင်ရွက်ခဲ့ပြီး ဇွန်လပထမပတ်တွင် လုပ်ငန်းများပြီးစီးရန် ခန့်မှန်းလျာထား လျှက်ရှိပြီး လက်ရှိတွင်(၇၅)ရာခိုင်နှုန်း ခန့် ပြီးစီး ပြီ ဖြစ်ကြောင်း ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ ၏ သတင်းထုတ်ပြန်ချက်အရသိရသည်။

ရန်ကုန်၊ ဧပြီ ၂၃ ရက် (ဆင်ဟွာ)

မိတ္ထီလာ - ကျောက်ပန်းတောင်း ကားလမ်း၌ ယနေ့ နံနက် ၇ နာရီခွဲခန့်တွင် ယာဉ်မတော်တဆမှုကြောင့် ဘုရားဖူးယာဉ်တစ်စီး တံတားအောက် ပြုတ်ကျခဲ့ပြီး လူ ၃၀ ဦး ဒဏ်ရာရရှိခဲ့ကြောင်း ပြန်ကြားရေးဝန်ကြီးဌာနက ထုတ်ပြန်သော သတင်းအရ သိရသည်။

ရန်ကုန်၊ ဧပြီ ၂၃ ရက် (ဆင်ဟွာ)

လှိုင်သာယာမြို့နယ်ရှိ ထိန်ပင်သုဿန်အနီးရှိ အမှိုက်ပုံ ဧက ၁၀၀ခန့် မီးလောင်ကျွမ်းပြီး မီးခိုးများ အဆမတန်ထွက်ရှိနေမှုအပေါ် စိုးရိမ်ထိတ်လန့်မှုမရှိစေရန် မြန်မာနိုင်ငံမီးသတ်ဦးစီးဌာနက သတိပေးကြေညာခဲ့ကြောင်း သိရသည်။