19
Sun, Jan
480 New Articles

ရန်ကုန်၊ ဧပြီ ၁၇ ရက် (ဆင်ဟွာ)

နေပြည်တော်၊ ဥတ္တရသီရိမြို့နယ်၊ ရန်ကုန်-မန္တလေးအမြန်လမ်းမကြီး၊ မိုင်တိုင်အမှတ် (၂၁၇/၅)နှင့် (၂၁၇/၆)အကြားတွင် ယနေ့ နံနက်ပိုင်းတွင် ယာဉ်တိုက်မှုကြောင့်၂ဦးသေဆုံးပြီး ၂ဦး ဒဏ်ရာရရှိခဲ့ကြောင်း ပြန်ကြားရေးဝန်ကြီးဌာနက ထုတ်ပြန်သော သတင်းအရ သိရသည်။

ရန်ကုန်၊ ဧပြီ ၁၇ ရက် (ဆင်ဟွာ)

သြင်္ကန်ကာလတွင် ရန်ကုန်တိုင်းဒေသကြီးအတွင်း လူ၄ဦးသေဆုံးပြီး ၃၀၀ကျော် ထိခိုက် ဒဏ်ရာရရှိခဲ့ ကြောင်း ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့ရုံးက ထုတ်ပြန်သော သတင်းအရ သိရသည်။ယခုနှစ် သြင်္ကန်နှင့်ပတ်သက်၍ မှုခင်းဖြစ်ပွားမှုမှာ ယာဉ်နာကျင် (၂)မှုဖြစ်ပွားခဲ့ပြီး သေဆုံးသူ (၄)ဦး၊ ဒဏ်ရာ ရရှိသူ (၉)ဦးရှိကြောင်း၊ နာကျင်စေမှု (၄)မှုဖြစ်ပွားခဲ့ရာ ဒဏ်ရာရရှိသူ (၆)ဦးရှိခဲ့ကြောင်း၊ ကျန်အခြားအမှု (၃)မှု တွင် ဒဏ်ရာရရှိသူ (၂)ဦးရှိခဲ့ကြောင်း သိရသည်။

ရန်ကုန်၊ ဧပြီ ၁၇ ရက် (ဆင်ဟွာ)

ချင်းပြည်နယ်၊ ရိခေါဒါရ်မြို့ အမှတ်(၂)ရပ်ကွက်၊ မြန်မာ-အိန္ဒိယနယ်စပ် တံတား အနီးရှိ လူနေအိမ် (၈)လုံး ဧပြီ ၁၆ ရက်နေ့ ညနေ ၄ နာရီ ၁၀ မိနစ်တွင် မီးလောင်ကျွမ်းခဲ့ပြီး တစ်ဦး ဒဏ်ရာရရှိခဲ့ကြောင်း ပြန်ကြားရေးဝန်ကြီးဌာနက ထုတ်ပြန်သော သတင်းအရ သိရသည်။

ရန်ကုန်၊ ဧပြီ ၁၆ ရက် (ဆင်ဟွာ)

မြန်မာနိုင်ငံအရပ်ရပ်တွင် နွေကာလဖြစ်သည့် ဧပြီလနှင့် မေလများအတွင်း နေ့ အပူချိန်များ တစ်ဖြည်းဖြည်း မြင့်တက်လာရာမှ အပူပျံတက်တိမ်များဖြစ်ထွန်း၍ မွန်းလွဲ၊ ညနေပိုင်းတို့တွင် မိုးတိမ်တောင်များ ဖြစ်ပေါ်နိုင် ကြောင်း မိုးလေဝသ နှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာန မှ ယနေ့သတင်းထုတ်ပြန်သည်။

ရန်ကုန်၊ ဧပြီ ၁၅ ရက် (ဆင်ဟွာ)

မကွေးတိုင်းဒေသကြီး၊ ပခုက္ကူခရိုင်၊ မြိုင်မြို့နယ်၊ ဝက်ကျကျေးရွာအုပ်စု၊ ကျောက်ဖူး ကျေးရွာတွင် ဧပြီ ၁၄ ရက်နေ့ ည ၁ဝ နာရီ ၅၅ မိနစ်က လေပြင်းတိုက်ခတ်မှုကြောင့် လူနေအိမ် ၁၈ လုံး နှင့် ဓမ္မာရုံ ၁ လုံး သွပ်မိုး အချို့ လန်၍ ပျက်စီးခဲ့ကြောင်း ပြန်ကြားရေးဝန်ကြီးဌာနမှယနေ့သတင်းထုတ်ပြန်သည်။

ရန်ကုန်၊ ဧပြီ ၁၅ ရက် (ဆင်ဟွာ)

၂၀၁၈ ခုနှစ်၊ ဧပြီလ (၁၅)ရက်နေ့၊ မြန်မာစံတော်ချိန် (၀၄)နာရီ၊ (၅၈)မိနစ်၊ (၂၀)စက္ကန့် အချိန်တွင် ရန်ကုန်တိုင်းဒေသကြီး၊ ကမ္ဘာအေးမြေငလျင်စခန်းမှ အနောက်ဘက် (၁၉) မိုင်ခန့်အကွာ မြောက်လတ္တီတွဒ် ၁၆.၈၈ ဒီဂရီ၊ အရှေ့လောင်ဂျီတွဒ် ၉၅.၈၆ ဒီဂရီ၊ အနက်(၁၃)ကီလိုမီတာကို ဗဟိုပြု၍ အင်အားရစ်(ခ်)တာစကေး (၄.၃)အဆင့်ရှိ အင်အားအနည်းငယ်ရှိသော မြေငလျင်တစ်ခု လှုပ်ရှားသွားကြောင်း မိုးလေဝသ နှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာန မှ ယနေ့ သတင်းထုတ်ပြန်သည်။

ရန်ကုန်၊ ဧပြီ ၁၄ ရက် (ဆင်ဟွာ)

မွန်ပြည်နယ်၊ရေးမြို့တွင်နှစ်ပေါင်း ၅၄ နှစ်အတွင်း အမြင့်ဆုံးအပူချိန်စံချိန်သစ်တင်ခဲ့ကြောင်း မိုးလေဝသ နှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာနမှ ယနေ့သတင်းထုတ်ပြန်သည်။

ရန်ကုန်၊ ဧပြီ ၁၄ ရက် (ဆင်ဟွာ)

ဧပြီလ ၁၄ ရက် နေ့လည် ၁၃း၃၅နာရီအချိန်က၊ မြောက်ဥက္ကလာပမြို့နယ်၊ အုတ်ပုံဆိပ်လမ်းရှိ မြောက်ဥက္ကလာ ဂုံးတံတားအောက်တွင် ကား (၁)စီး ပလက်ဖောင်းအား ဝင်တိုက်မှုဖြစ်ပွားခဲ့ပြီး ၂ ဦးသေဆုံးခဲ့ကြောင်း မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့မှ သတင်းထုတ်ပြန်သည်။

ရန်ကုန်၊ ဧပြီ ၁၄ ရက် (ဆင်ဟွာ)

မွန်ပြည်နယ်၊ ချောင်းဆုံမြို့နယ်၊ အပြိုင်ကျေးရွာ၌ ဖြစ်ပွားခဲ့သည့် မီးရှို့မှုတစ်ခုကြောင့် နေအိမ် ၃၇ လုံး မီးကူးဆက်လောင်ကျွမ်းခဲ့ ကြောင်း ပြည်ထဲရေးဝန်ကြီးဌာန မှ ယနေ့သတင်းထုတ်ပြန်သည်။

ရန်ကုန်၊ ဧပြီ ၁၄ ရက် (ဆင်ဟွာ)

ယနေ့ နံနက် ၄ နာရီ ကျော်က ညောင်ဦးခရိုင်၊ ပုဂံမြို့ သစ် လမ်းမတော် လမ်းရှိ ရွှေဗဟိုဟိုတယ်မီးလောင်မှု တွင် သေဆုံးမှု နှင့် ဒဏ်ရာရမှု မရှိကြောင်း ညောင်ဦးမြို့ မီးသတ်တပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ဆင်ဟွာကိုပြောသည်။