19
Sun, Jan
480 New Articles

ရန်ကုန် ၊ ဧပြီ ၆ ရက်(ဆင်ဟွာ)

ကချင်ပြည်နယ် ၊ မြစ်ကြီးနားမြို့အနီး ဗဟိုပြု၍ အင်အား ရစ်(ခ်)တာစကေး (၃.၅)အဆင့်ရှိ အင်အား အနည်းငယ်ရှိသော မြေငလျင် တစ်ခု လှုပ်ရှားသွား ကြောင်း မိုးလေဝသနှင့် ဇလဗေဒ ညွှန်ကြားမှု ဦးစီးဌာနမှ ထုတ်ပြန်ခဲ့သည်။

ရန်ကုန်၊ ဧပြီ ၅ ရက် (ဆင်ဟွာ)

ဘင်္ဂလား ပင်လယ်အော်မှလာသော လေနွေးများစုဆုံမှုကြောင့် (၇.၄.၂၀၁၈) ရက်နေ့မှ (၁၀.၄.၂၀၁၈) ရက်နေ့အတွင်း တိုင်းဒေသကြီးနှင့် ပြည်နယ် အချို့တွင် နေရာကျဲကျဲ နှင့် နေရာကွက်ကျားမိုးရွာနိုင်ကြောင်း ထူးခြားမိုးလေဝသအခြေအနေ အားမိုးလေဝသ နှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာန မှ ယနေ့သတင်းထုတ် ပြန်သည်။

ရန်ကုန် ၊ ဧပြီ ၅ ရက်(ဆင်ဟွာ)

လှိုင်မြစ်အတွင်း MIP ဆိပ်ကမ်းအနီး၌ ရေယာဉ်နှစ်စီး မျက်နှာချင်းဆိုင် တိုက်မိမှု ဖြစ်ပွားကာ တစ်စီး နစ်မြုပ် သွားခဲ့ကြောင်း ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့မှ ယနေ့သတင်း ထုတ်ပြန်ခဲ့သည်။

ရန်ကုန်၊ ဧပြီ ၅ ရက် (ဆင်ဟွာ)

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ပန်းတောင်း မြို့နယ်၌ ကျောက်လိုဏ်ဂူမှ ကျောက်နှင့် မြေသားများ ပြိုကျ၍ ၂ ဦးသေဆုံးပြီး ၃ ဦး ဒဏ်ရာရရှိမှုဖြစ်ပွားခဲ့ကြောင်း ပြည်ထဲရေးဝန်ကြီးဌာန မှ ယနေ့သတင်းထုတ်ပြန်သည်။

ရန်ကုန်၊ ဧပြီ ၅ ရက် (ဆင်ဟွာ)

မြောင်းမြကြိုးတံတားကျိုးကျပြီး တံတားနှင့်အတူ ၆ ဘီးကုန်တင်ယာဉ် တစ်စီး ပါသွားရာ ယနေ့ မွန်းလွဲ ၁၂ နာရီ ၃၅ မိနစ်ခန့်တွင် ဆယ်ယူရရှိ ခဲ့ပြီဖြစ်ကြောင်း၊ ထို့အပြင် မြောင်းမြကြိုးတံတားပြတ်ကျပြီး လေးရက်အကြာ မြစ်ကိုဖြတ်ကူးရန် ဇက်ရေ ယာဉ်တစ်စင်းဖြင့် ဧပြီ ၄ ရက်မှ စတင်ကာ ပြေးဆွဲပေးနေပြီဖြစ်ကြောင်း ပြန်ကြားရေးဝန်ကြီးဌာန မှ သတင်းထုတ်ပြန်သည်။

ရန်ကုန်၊ ဧပြီ ၄ ရက် (ဆင်ဟွာ)

မြန်မာနိုင်ငံရှိ ပြည်နယ်နှင့် တိုင်းဒေသကြီးများတွင် ဧပြီ ၂ နှင့် ၃ရက်နေ့တို့တွင် အချိန်အခါမဟုတ် မိုးများရွာသွန်းပြီး မိုးကြိုးပစ်ခတ်မှုများကြောင့် လူသေမှုများနှင့် အပျက်အစီးများစွာရှိကြောင်း ပြည်ထဲရေးဝန်ကြီးဌာနက ထုတ်ပြန်သော သတင်းအရ သိရသည်။

ရန်ကုန်၊ ဧပြီ ၃ ရက် (ဆင်ဟွာ)

ရန်ကုန်တိုင်းဒေသကြီးအတွင်း ဧပြီ ၃ရက် ညနေပိုင်းတွင် မိုးပြင်းထန်စွာရွာသွန်းမှုကြောင့် အပျက်အစီးများရှိကြောင်း သိရသည်။

ရန်ကုန်၊ ဧပြီ ၃ ရက် (ဆင်ဟွာ)

တောင်ငူမြို့ ၊ ကျွန်းကုန်းရွာနှင့် မြောက်ရေကြည်ရွာကြားတွင် ယနေ့ နံနက်ပိုင်းက တောင်ငူလေတပ်စခန်းဌာနချုပ်မှ လေယာဉ်တစ်စီးပျက်ကျပြီး လေယာဉ်မှူး သေဆုံးခဲ့ကြောင်း တပ်မတော်ကာကွယ်ရေးဦးစီးဌာနက ထုတ်ပြန်သော သတင်းအရ သိရသည်။

ရန်ကုန်၊ ဧပြီ ၃ ရက် (ဆင်ဟွာ)

တိုင်းဒေသကြီး နှင့် ပြည်နယ်အချို့တွင် နေရာကျဲကျဲ နှင့် နေရာကွက်ကြား မိုးရွာသွန်းနိုင်ကြောင်း မိုးလေဝသ နှင့် ဇလ ဗေဒညွှန်ကြားမှုဦးစီးဌာန ယနေ့သတင်းထုတ်ပြန်သည်။

ရန်ကုန်၊ ဧပြီ ၃ ရက် (ဆင်ဟွာ)

ရခိုင်ပြည်နယ်၊ ဂွမြို့နယ်၊ ကွင်းကြီးကမ်းနားကျေးရွာအနီး ဂွ- ငသိုင်းချောင်းကားလမ်း မိုင်တိုင်အမှတ် (၂၃/၂) နှင့် (၂၃/၃)ကြားတွင် ဧပြီ ၂ရက်နေ့ ည ၇နာရီကျော်က ဇာတ်သဘင်အဖွဲ့ စီးလာသောယာဉ် ချောက်ထဲကျပြီး ၆ဦးသေ၊ ၁၉ဦး ဒဏ်ရာရခဲ့ကြောင်း သဘင်အစည်းအရုံး(ဗဟို)ကထုတ်ပြန်သော သတင်းအရ သိရသည်။