18
Sun, Aug
553 New Articles

ရန်ကုန်၊ ဇန်နဝါရီ ၃၀ ရက် (ဆင်ဟွာ)

ရှမ်းပြည်နယ် သီပေါမြို့၊ မကွေးတိုင်းဒေသကြီး ပေါက် မြို့၊ ပဲခူးတိုင်းဒေသကြီး ကြို့ပင်ကောက်မြို့တို့တွင် အနိမ့်ဆုံးအပူချိန်စံချိန်သစ်တင်ခဲ့ကြောင်း မိုးလေဝသ နှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာန မှယနေ့ သတင်းထုတ်ပြန်သည်။

ရန်ကုန်၊ ဇန်နဝါရီ ၃၀ ရက် (ဆင်ဟွာ)

မွန်ပြည်နယ်၊ ပေါင်မြို့နယ်၌ ယာဉ်တိမ်းမှောက်မှုကြောင့် ၁၉ ဦး ဒဏ်ရာရရှိခဲ့ကြောင်း ပြည်ထဲရေးဝန်ကြီးဌာန မှယနေ့သတင်းထုတ်ပြန်သည်။

ရန်ကုန် ၊ ဇန်န၀ါရီ ၂၉ ရက်(ဆင်ဟွာ)

ညောင်ဦးမြို့နယ်၊ ပလင်းကျေးရွာ အနီး၊ ဧရာဝတီ မြစ်ကမ်းပါးဘေးတွင် ပလင်းကမ်းသာယာ ဆင်စခန်း ဖွင့်လှစ် နိုင်ရေး ဆောင်ရွက်သွားမည် ဖြစ်ကြောင်း ပြန်ကြားရေး ၀န်ကြီးဌာန၏ ထုတ်ပြန်မှု အရ သိရသည်။

ရန်ကုန်၊ ဇန်နဝါရီ ၂၇ ရက် (ဆင်ဟွာ)

၂၀၁၈ခုနှစ်၊ ဇန်နဝါရီလမှ မတ်လအထိ လာနီညာဖြစ်ပေါ်မှု ရာခိုင်နှုန်းမှာ ၆၉% အထိ ရှိနေပြီး၊ ၂၀၁၈ခုနှစ်၊ ဖေဖော်ဝါရီလ- မတ်လ- ဧပြီလတွင် ၅၀%၊ ၂၀၁၈ခုနှစ်၊ မတ်လ- ဧပြီလ- မေလတွင် ၃၀% သို့ ပြန်လည်လျော့ကျလာနိုင်ပြီး၊ ပုံမှန်ဖြစ်မြဲအခြေအနေသို့ ပြန်လည်ရောက်ရှိနိုင်မည့် ရာခိုင်နှုန်းမှာ ၇၀% အထိ ဖြစ်လာနိုင်ကြောင်း မိုးလေဝသ နှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာန မှ ယနေ့ သတင်းထုတ်ပြန်သည်။

ရန်ကုန်၊ ဇန်နဝါရီ ၂၇ ရက် (ဆင်ဟွာ)

စစ်ကိုင်းတိုင်းဒေသကြီး အတွင်း ဖြတ်သန်းစီးဆင်းလျက်ရှိသော ချင်းတွင်းမြစ်ကြီး၏ ရေအရည်အသွေး တိုင်းတာစစ်ဆေးမှုများနှင့် ပတ်သက်ပြီး ပိုမိုတိကျခိုင်မာသည့် အချက်အလက်များ ရရှိစေရေး တစ်နှစ်ထပ်မံ၍ သုတေသနလုပ်ငန်းများ လုပ်ဆောင်သွားမည်ဖြစ်ကြောင်း ပြန်ကြားရေးဝန်ကြီးဌာန မှ သတင်းထုတ်ပြန်သည်။

ရန်ကုန်၊ ဇန်န၀ါရီ ၂၅ ရက် (ဆင်ဟွာ)

ပဲခူးတိုင်းဒေသကြီး ရွှေကျင်မြို့နယ် ရှမ်းကြေးရပ်ကွက် မြို့မဘောလုံးကွင်းအနီးရှိ ဂစ်တာ စားသောက်ဆိုင်တွင် ယနေ့ နံနက် ၃ နာရီ ၃၀ မိနစ် အချိန်က မီးလောင်မှုဖြစ်ပွားပြီး တစ်ဦးသေဆုံးခဲ့ကြောင်း ပြန်ကြားရေးဝန်ကြီးဌာန ထုတ်ပြန်သော သတင်းအရ သိရသည်။

ရန်ကုန်၊ ဇန်နဝါရီ ၂၅ ရက် (ဆင်ဟွာ)

ရှမ်းပြည်နယ်၊ တာချီလိတ်မြို့ ၏ အနောက်ဘက် (၁၀)မိုင်ခန့်အကွာ မြောက်လတ္တီတွဒ် ၂၀.၄၅ ဒီဂရီ၊ အရှေ့လောင်ဂျီတွဒ် ၉၉.၇၃ ဒီဂရီ၊ အနက်(၁၀)ကီလိုမီတာကို ဗဟိုပြု၍ အင်အားရစ်(ခ်)တာစကေး (၃.၇)အဆင့်ရှိ အင်အားအနည်းငယ်ရှိသော မြေငလျင်တစ်ခု လှုပ်ရှားသွားကြောင်း မိုးလေဝသ နှင့် ဇလဗေဒညွှန်ကြားမှု ဦးစီးဌာန မှယနေ့ သတင်းထုတ်ပြန်သည်။

ရန်ကုန် ၊ ဇန်န၀ါရီ ၂၄ ရက်(ဆင်ဟွာ)

နိုင်ငံ တစ်ဝန်း သစ်တောများ ပြန်လည် တည်ထောင်ရေး စီမံကိန်းအား ၂၀၁၇-၂၀၁၈ မှ ၂၀၂၆-၂၀၂၇ အထိ အကောင်အထည်ဖော် ဆောင်ရွက်လျက် ရှိရာ စီမံကိန်းတွင် သစ်တော စိုက်ခင်းပေါင်း ဧရိယာ ဧက ၃၅၀,ဝ၀ဝ ကျော်ကို တည်ထောင်သွားမည်ဖြစ်ကြောင်း သစ်တော ဦးစီးဌာနမှ သိရသည်။

ရန်ကုန်၊ ဇန်န၀ါရီ ၂၃ ရက် (ဆင်ဟွာ)

လှိုင်သာယာမြို့နယ်၊ (၆)ရပ်ကွက်၊ စက်မှုဇုန် ၄ တွင် ယနေ့ နေ့လည် ၁၂နာရီ ၀န်းကျင်က ကျူးကျော်နေအိမ်များ မီးလောင်ကျွမ်းပြီး လူတစ်ဦးသေဆုံးမှုရှိကြောင်း မြန်မာနိုင်ငံမီးသတ်ဦးစီးဌာနမှ ဒုတိယ ညွှန်ကြားရေးမှူး ဦးဝင်းနိုင်က ဆင်ဟွာသို့ပြောကြားသည်။

ရန်ကုန် ၊ ဇန်န၀ါရီ ၂၃ ရက်(ဆင်ဟွာ)

ဧရာဝတီ တိုင်းဒေသကြီး၊ ရခိုင်ပြည်နယ်၊ ရန်ကုန် တိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီးနှင့်မွန်ပြည်နယ်တို့တွင် ပင်လယ် ကမ်းရိုးတန်းတစ်လျှောက် ဒီရေတောများ ပြန်လည် စိုက်ပျိုးမည့် အစီအစဉ်များအား သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးအုန်းဝင်း နှင့် Worldview International Foundation မှ Secretary General Dr. Arne Fjortoft နှင့် အဖွဲ့တို့ သည် ဇန်န၀ါရီ ၂၂ ရက်တွင် တွေ့ ဆုံစဉ် ထည့်သွင်း ဆွေးနွေးခဲ့ကြောင်း သိရသည်။