19
Sun, Jan
480 New Articles

ရန်ကုန်၊ မတ် ၁၃ ရက် (ဆင်ဟွာ)

အီကွေတာအနီး အိန္ဒိယသမုဒ္ဒရာနှင့် ယင်းနှင့်ဆက်စပ်လျက်ရှိသော သီရိလင်္ကာတောင်ပိုင်းနှင့် မော်လ်ဒိုက်-ကိုမိုရင်ဒေသတို့တွင် ဖြစ် ပေါ်နေသော လေဖိအားနည်းရပ်ဝန်းသည် ဆက်လက် တည်ရှိနေကြောင်း မိုးလေဝသ နှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာနမှ ယနေ့သတင်းထုတ်ပြန်သည်။

ရန်ကုန်၊ မတ် ၁၃ ရက် (ဆင်ဟွာ)

ရှမ်းပြည်နယ်၊ မိုင်းယောင်းမြို့၏ အနောက်ဘက် (၉)မိုင်ခန့်အကွာ မြောက်လတ္တီတွဒ် ၂၁.၃၅ ဒီဂရီ၊ အရှေ့လောင်ဂျီတွဒ် ၉၇.၉၇ ဒီဂရီ၊ အနက်(၁၀)ကီလိုမီတာကို ဗဟိုပြု၍ အင်အားရစ်(ခ်)တာစကေး (၃.၆)အဆင့်ရှိ အင်အားအနည်းငယ်ရှိသော မြေငလျင်တစ်ခု လှုပ်ရှားသွားကြောင်း မိုးလေဝသ နှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာန မှ ယနေ့သတင်းထုတ်ပြန်သည်။

ရန်ကုန် ၊ မတ် ၁၂ ရက်(ဆင်ဟွာ)

ရှမ်းပြည်နယ်(အရှေ့ပိုင်း) ၊ တာချီလိတ်မြို့နယ်၌ မိုးသက် လေပြင်း တိုက်ခတ်ခဲ့မှုကြောင့် မိုင်းကိုး ကျေးရွာ အုပ်စုရှိ ကျေးရွာများတွင် လူနေအိမ်(၇၆)လုံးနှင့် ဘုန်းကြီး ကျောင်းတစ်ကျောင်း အမိုးလန် ပျက်စီးမှုများ ဖြစ်ပွားခဲ့ကြောင်း ပြန်ကြားရေး ဝန်ကြီးဌာနမှ ထုတ်ပြန်သော သတင်း အရ သိရသည်။

ရန်ကုန် ၊ မတ် ၁၂ ရက်(ဆင်ဟွာ)

ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းမြို့နယ်၊ ဂေါက်ကွင်း အရှေ့၊ ရန်ကုန်-ပြည်ကားလမ်း၊ မိုင်တိုင် အမှတ် (၁၄၃/၇) အနီးတွင် ယာဉ် နှစ်စီး မျက်နှာချင်းဆိုင် တိုက်မိမှု ဖြစ်ပွားခဲ့ရာ ၂ ဦး သေဆုံးပြီး ၃ ဦး ဒဏ်ရာ ရရှိခဲ့ကြောင်း မြန်မာနိုင်ငံ ရဲတပ်ဖွဲ့၏ သတင်း ထုတ်ပြန်မှု အရ သိရသည်။

ရန်ကုန်၊ မတ် ၁၁ ရက် (ဆင်ဟွာ)

ဘင်္ဂလား ပင်လယ်အော် အနောက်တောင်ပိုင်းနှင့် ယင်းနှင့် ဆက်စပ်လျက်ရှိသော သီရိလင်္ကာ ကမ်းရိုးတန်းနှင့် အိန္ဒိယနိုင်ငံ၊ တမီနာဒူးလ်ကမ်းရိုးတန်းတောင်ပိုင်းတို့တွင် လေဖိအားနည်းရပ်ဝန်းတစ်ခု ဖြစ်ပေါ်နေကြောင်း မိုးလေဝသ နှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာန မှ ယနေ့သတင်းထုတ်ပြန်သည်။

ရန်ကုန်၊ မတ် ၁၁ ရက် (ဆင်ဟွာ)

နေပြည်တော်မြို့နယ်၊ တပ်ကုန်းမြို့၏ အနောက်ဘက် မိုင် (၁၈)ခန့်အကွာတွင် မြောက်လတ္တီတွဒ် (၂၀.၁၁) ဒီဂရီ၊ အရှေ့ လောင်ဂျီတွဒ် (၉၅.၉၄) ဒီဂရီ၊ အနက်(၁၀)ကီလိုမီတာကို ဗဟိုပြု၍ အင်အားရစ်(ခ်)တာစကေး (၃.၈) အဆင့်ရှိ အင်အားအနည်းငယ်ရှိသော ငလျင်တစ်ခုလှုပ်ရှားသွားကြောင်း မိုးလေဝသနှင့် ဇလဗဒညွှန်ကြားမှုဦးစီးဌာန မှ သတင်းထုတ်ပြန်သည်။

ရန်ကုန်၊ မတ် ၁၀ ရက် (ဆင်ဟွာ)

ရှမ်းပြည်နယ်၊ ရပ်စောက်မြို့နယ်၌ မင်းမင်းဦးဇာတ်အဖွဲ့ ယာဉ်တိမ်းမှောက်မှုကြောင့် စုစုပေါင်း လူ၆ ဦးသေဆုံးကာ ၂၃ ဦး ဒဏ်ရာရရှိမှုဖြစ်ပွားခဲ့ကြောင်း ပြည်ထဲရေးဝန်ကြီးဌာန မှ ယနေ့သတင်းထုတ်ပြန်သည်။

ရန်ကုန်၊ မတ် ၁၀ ရက် (ဆင်ဟွာ)

ဘင်္ဂလား ပင်လယ်အော်အနောက်တောင်ပိုင်းနှင့် ယင်းနှင့်ဆက်စပ်လျက်ရှိသော သီရိလင်္ကာ ကမ်းရိုးတန်းနှင့် အိန္ဒိယနိုင်ငံ၊ တမီနာဒူးလ်ကမ်းရိုးတန်းတောင်ပိုင်းတို့တွင် လေဖိအားနည်း ရပ်ဝန်းတစ်ခု ဖြစ်ပေါ်နေကြောင်း မိုးလေဝသ နှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာန မှ ယနေ့သတင်းထုတ်ပြန်သည်။

ရန်ကုန်၊ မတ် ၁၀ ရက် (ဆင်ဟွာ)

ရှမ်းပြည်နယ်၊ မူဆယ်မြို့ ၏ အရှေ့တောင်ဘက် (၄၀)မိုင်ခန့်အကွာ မြောက်လတ္တီတွဒ် ၂၃.၆၀ ဒီဂရီ၊ အရှေ့လောင်ဂျီတွဒ် ၉၈.၃၉ ဒီဂရီ၊ အနက်(၁၈)ကီလိုမီတာကို ဗဟိုပြု၍ အင်အားရစ်(ခ်)တာစကေး (၄.၈)အဆင့်ရှိ အင်အားအနည်းငယ်ရှိသော မြေငလျင်တစ်ခု လှုပ်ရှားသွားကြောင်း မိုးလေဝသ နှင့် ဇလဗဒညွှန်ကြားမှုဦးစီးဌာန မှ သတင်းထုတ်ပြန်သည်။၎င်းငလျင်သည် ၂၀၁၈ ခုနှစ်၊ မတ်လ (၁၀)ရက်နေ့၊ မြန်မာစံတော်ချိန် (၀၄)နာရီ၊ (၃၈)မိနစ်၊ (၄၀)စက္ကန့် အချိန်တွင် လှုပ်ရှားသွားခဲ့ခြင်းဖြစ်သည်။ ထိုငလျင်ကြောင့် ပျက်စီးဆုံးရှုံးမှုမရှိကြောင်း သိရသည်။ (Xinhua)

ရန်ကုန်၊ မတ် ၉ ရက် (ဆင်ဟွာ)

ရှမ်းပြည်နယ်၊ ရပ်စောက်မြို့နယ်နှင့် နောင်ချိုမြို့နယ်အစပ် ဒုဋ္ဌဝတီတံတားမှ မိုင် ၄၀ ခန့်အကွာအဝေးတွင်မတ်လ ၉ ရက်မွန်းလွဲပိုင်းက မင်းမင်းဦးဇာတ်အဖွဲ့ကား တိမ်းမှောက်ပြီး လူ ၄ ဦးသေဆုံးကာ ၁၂ ဦး ဒဏ်ရာရရှိခဲ့ကြောင်း နောင်ချိုမြို့နယ် ရဲစခန်းမှ စုံစမ်းသိရှိရသည်။ယင်း ယာဉ်တိမ်းမှောက်မှုကြောင့် နောက်ပိုင်းမင်းသားတစ်ဦး ၊လျှပ်စစ်မီးသမားတစ်ဦး ၊မင်းသမီး မြဆန်းရင်(သဲအင်း)နှင့် ဆိုင်းဆရာ စိန်ဌေးဝင်း တို့လေးဦးသေဆုံးပြီးထိခိုက်ဒဏ်ရာရရှိမှုများပြား ကြာင်းသဘင်လူမှုကူညီစောင့်ရှောက်ရေးကော်မတီ(ဗဟို)ထံမှ သိရသည်။