16
Mon, Dec
498 New Articles

ရန်ကုန်၊ မတ် ၂ ရက် (ဆင်ဟွာ)

စစ်ကိုင်းဒေသကြီး၊ ကသာခရိုင် အင်းတော်မြို့နယ်၌ ယာဉ်တိမ်းမှောက်မှုကြောင့် လူ၁၅ ဦး ဒဏ်ရာရရှိမှုဖြစ်ပွားခဲ့ကြောင်း ပြည်ထဲရေးဝန်ကြီးဌာန မှ ယနေ့သတင်းထုတ်ပြန်သည်။ ဖြစ်စဉ်မှာ ၂၀၁၈ခုနှစ်၊ ဖေဖော်ဝါရီလ ၂၈ ရက်နေ့ ၂၀း၃၀ နာရီတွင် အင်းတော်မြို့နယ်၊ မြစ်ကြီးနား-ရွှေဘို ကားလမ်း စီးပိန်ကျေးရွာအနီး၌ 2H/xxxxFORD RANGER ဘုရားဖူး ယာဉ်သည် အရှိန်မထိန်းနိုင်ဘဲ လမ်းယာဘက်သို့ တိမ်းမှောက်သွားခဲ့ကြောင်း သိရသည်။

ရန်ကုန်၊ မတ် ၁ ရက် (ဆင်ဟွာ)

ရန်ကုန်လေဆိပ်၌ လေယာဉ် တစ်စီး အရေးပေါ်ဆင်းသက်မှုဖြစ်ပွားခဲ့ကြောင်း ပြည်ထဲရေးဝန်ကြီးဌာန မှ ယနေ့သတင်းထုတ်ပြန်သည်။

ရန်ကုန်၊ မတ် ၁ ရက် (ဆင်ဟွာ)

နွေကာလတွင် ဖြစ်ပေါ်တတ်သည့် မိုးလေဝသဖြစ်စဉ်များနှင့် ပတ်သက်၍ ကြိုတင်သတိပေးနှိုးဆော်ချက် အား မိုးလေဝသ နှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာန မှ ယနေ့ သတင်းထုတ်ပြန်သည်။

ရန်ကုန်၊ ဖေဖော်ဝါရီ ၂၈ ရက် (ဆင်ဟွာ)

၂၀၁၈ခုနှစ်၊မတ်လ ပထမ( ၁၀) ရက်ပတ်နှင့်လပတ် မြစ်ရေကျဆင်းနိုင်မှု၊ မြင့်တက်နိုင်မှုအခြေအနေ များနှင့် ပတ်သက်၍ မိုးလေဝသ နှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာန မှ ယနေ့သတင်းထုတ်ပြန်သည်။

ရန်ကုန်၊ ဖေဖော်ဝါရီ ၂၇ ရက် (ဆင်ဟွာ)

မကွေးတိုင်းဒေသကြီး၊မြို့သစ်မြို့နယ်၊ ဆူးတပ်ကြီးကျေးရွာတွင် ဖေဖော်ဝါရီ ၂၆ ရက်နေ့ ညနေ ၅နာရီ ၄၀မိနစ်တွင် မီးလောင်ကျွမ်းမှုဖြစ်ပွားပြီး နေအိမ် ၂၇လုံး မီးကူးစက်လောင်ကျွမ်းခဲ့ကြောင်း မြန်မာနိုင်ငံမီးသတ်ဦးစီးဌာနထံမှ သိရသည်။

ရန်ကုန်၊ ဖေဖော်ဝါရီ ၂၇ ရက် (ဆင်ဟွာ)

မိုးညှင်းမြို့နယ်၊ အင်းတော်ကြီးအိုင်အတွင်း ညောင်ပင်ရွာနှင့်နှီးဘုရားကြား၌ ဖေဖော်ဝါရီ ၂၅ရက် နံနက် ၉နာရီ ၅၀မိနစ်တွင် စက်လှေတိမ်းမှောက်မှုကြောင့် ပျောက်ဆုံးနေသော လူ၉ဦး၏ ရုပ်အလောင်းများ တွေ့ရှိကြောင်း မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့ထံမှ သိရသည်။

ရန်ကုန်၊ ဖေဖော်ဝါရီ ၂၆ ရက် (ဆင်ဟွာ)

မိုးညှင်းမြို့နယ်၊ အင်းတော်ကြီးအိုင်အတွင်း ညောင်ပင်ရွာနှင့်နှီးဘုရားကြား၌ ဖေဖော်ဝါရီ ၂၅ရက် နံနက် ၉နာရီ ၅၀မိနစ်တွင် စက်လှေတိမ်းမှောက်ရာ လူ၉ဦးပျောက်ဆုံးနေကြောင်း ပြည်ထဲရေးဝန်ကြီးဌာနက ထုတ်ပြန်သော သတင်းအရ သိရသည်။

ရန်ကုန်၊ ဖေဖော်ဝါရီ ၂၄ ရက် (ဆင်ဟွာ)

စစ်ကိုင်းတိုင်းဒေသကြီး မင်းကင်းမြို့ ၏ အရှေ့-အရှေ့ တောင်ဘက် (၁၀) မိုင် ခန့် အကွာ မြောက်လတ္တီတွဒ် (၂၂.၈၅)ဒီဂရီ၊ အရှေ့လောင်ဂျီတွဒ် (၉၄.၆၆) ဒီဂရီ၊ အနက် (၉၀) ကီလိုမီတာကို ဗဟိုပြု၍ အင်အား ရစ်တာစကေး(၃.၇)အဆင့်ရှိ အင်အားအနည်းငယ် ရှိသော မြေငလျင်တစ်ခု လှုပ်ရှားသွားကြောင်း မိုးလေဝသ နှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာနမှ ယနေ့သတင်းထုတ်ပြန်သည်။

ရန်ကုန်၊ ဖေဖော်ဝါရီ ၂၃ ရက် (ဆင်ဟွာ)

ရန်ကုန်တိုင်းဒေသကြီး၊ ဥက္ကံမြို့၌ ယာဉ်တိုက်မှုကြောင့် ၁ ဦးသေဆုံး၍ ၈ ဦး ဒဏ်ရာရရှိမှုဖြစ်ပွားခဲ့ကြောင်း ပြည်ထဲရေးဝန်ကြီးဌာန မှ ယနေ့သတင်းထုတ်ပြန်သည်။

ရန်ကုန်၊ ဖေဖော်ဝါရီ ၂၃ ရက် (ဆင်ဟွာ)

လှိုင်သာယာမြို့နယ် မီးလောင်မှုဖြစ်စဉ်တွင် ဓနိမိုး၊ ထံရံကာ နေအိမ် ၉ လုံး မီးလောင်ကျွမ်းခဲ့ကြောင်း ပြည်ထဲရေးဝန်ကြီးဌာန မှ ယနေ့သတင်းထုတ်ပြန်သည်။