17
Tue, Sep
512 New Articles

ရန်ကုန်၊ ဇန်နဝါရီ ၁၈ ရက် (ဆင်ဟွာ)

ကပ္ပလီပင်လယ်ပြင်နှင့် ဘင်္ဂလားပင်လယ်အော်တောင်ပိုင်းတို့တွင် လေဖိအားနည်းရပ်ဝန်း (၁)ကြိမ် ဖြစ်ပေါ်နိုင်ကြောင်း ၂၀၁၈ ခုနှစ်၊ ဇန်နဝါရီလ တတိယ (၁၀)ရက်ပတ်အတွက် မိုးလေ၀သခန့်မှန်းချက်အား မိုးလေဝသ နှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာန မှ ယနေ့ သတင်းထုတ်ပြန်သည်။

ရန်ကုန်၊ ဇန်နဝါရီ ၁၈ ရက် (ဆင်ဟွာ)

စစ်ကိုင်းတိုင်းဒေသကြီး၊ ဟုမ္မလင်းမြို့ ၏ မြောက်-အရှေ့မြောက်ဘက် (၂၉)မိုင်ခန့်အကွာ မြောက်လတ္တီတွဒ် ၂၅.၃၀ ဒီဂရီ၊ အရှေ့လောင်ဂျီတွဒ် ၉၅.၀၂ ဒီဂရီ၊ အနက်(၆၈)ကီလိုမီတာကို ဗဟိုပြု၍ အင်အားရစ်(ခ်)တာစကေး (၄.၅)အဆင့်ရှိ အင်အားအနည်းငယ် ရှိသော မြေငလျင်တစ်ခု လှုပ်ရှားသွားကြောင်း မိုးလေဝသ နှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာနမှ ယနေ့ သတင်းထုတ်ပြန်သည်။

ရန်ကုန်၊ ဇန်နဝါရီ ၁၆ ရက် (ဆင်ဟွာ) 

ယနေ့ တစ်ရက် တည်းတွင် ငလျင် ၂ ကြိမ် လှုပ်ရှားခဲ့ကြောင်း ၊ ဖောင်းပြင်မြို့ ၏ အရှေ့မြောက်ဘက် ၃၅ မိုင်ခန့်အကွာတွင် အင်အား ရစ်(ခ်)တာ စကေး (၄.၀)အဆင့်ရှိ ငလျင်သည် ယနေ့အတွက် ဒုတိယအကြိမ်လှုပ်ရှားခဲ့ခြင်းဖြစ်ကြောင်း မိုးလေ၀သနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာနမှ ဆင်ဟွာကိုပြောသည်။

ရန်ကုန်၊ ဇန်နဝါရီ ၁၆ ရက် (ဆင်ဟွာ)

ပေါက်တောမြို့နယ်၌ ငါးဖမ်းစက်လှေအား ကုန်တင်သင်္ဘောမှ ဝင်ရောက် တိုက်မိမှုကြောင့် ၁ ဦးသေ၊ ၁ ဦး ဒဏ်ရာရနှင့် ၄ ဦး ပျောက်ဆုံးမှုဖြစ်ပွားခဲ့ကြောင်း ပြည်ထဲရေးဝန်ကြီးဌာန မှ ယနေ့ သတင်းထုတ်ပြန်သည်။

ရန်ကုန်၊ ဇန်နဝါရီ ၁၆ ရက် (ဆင်ဟွာ)

ကျိုင်းတုံမြို့၏ အနောက်တောင်ဘက် (၃၈)မိုင် ခန့်အကွာကို ဗဟိုပြု၍ အင်အားရစ်(ခ်)တာ စကေး (၄.၄)အဆင့်ရှိ အင်အားအနည်းငယ်ရှိသော မြေငလျင်တစ်ခု လှုပ်ရှား သွားကြောင်း မိုးလေဝသ နှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာနမှ ယနေ့ သတင်းထုတ်ပြန်သည်။

ရန်ကုန်၊ ဇန်န၀ါရီ ၁၄ ရက် (ဆင်ဟွာ)

မြန်မာနိုင်ငံပြည်တွင်း၌ ဇန်န၀ါရီ ၁ ရက်နေ့မှ ၁၄ရက်နေ့ နံနက်ပိုင်းထိ အင်အားအနည်းငယ်ရှိ ငလျင် ၁၄ကြိမ်ထိ လှုပ်ခတ်ထားကြောင်း မိုးလေ၀သနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာနထံမှ သိရသည်။

ရန်ကုန် ၊ ဇန်နဝါရီ ၁၃ ရက်(ဆင်ဟွာ)

ပဲခူးတိုင်းဒေသကြီး ဖြူးမြို့အနီး ဗဟိုပြု၍ နောက်ဆက်တွဲ မြေငလျင် အဖြစ် အင်အား ရစ်(ခ်)တာ စကေး (၄.၃)အဆင့်ရှိ အင်အားအနည်းငယ်ရှိသော မြေငလျင်တစ်ခု လှုပ်ခတ်သွားကြောင်း မိုးလေဝသ နှင့် ဇလဗေဒ ညွှန်ကြားမှု ဦးစီးဌာန ၊ မြေငလျင် ဌာနခွဲမှ သတင်း ထုတ်ပြန်ခဲ့သည်။

 

ရန်ကုန်၊ ဇန်နဝါရီ ၁၃ ရက် (ဆင်ဟွာ)

၂၀၁၇ ခုနှစ်၊ ဇန်နဝါရီလမှ ဒီဇင်ဘာလအတွင်းအင်အားအနည်းငယ်နှင့် အသင့်အတင့်ရှိ မြေငလျင်များအကြိမ် (၇၀) ခန့် လှုပ်ခတ်ခဲ့ပြီးနိုဝင်ဘာလ၊ ဒီဇင်ဘာလနှင့် ယခုဇန်နဝါရီလတို့တွင် မကြာခဏ လှုပ်ခတ်လျက်ရှိသဖြင့်ငလျင်ဘေးအန္တရာယ်နှင့်ပတ်သက်၍ သတိပြုနေထိုင်ရန် လူမှုဝန်ထမ်းကယ်ဆယ်ရေး နှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန မှ သတိပေးချက် ထုတ်ပြန်ခဲ့သည်။

ရန်ကုန်၊ ဇန်နဝါရီ ၁၃ ရက် (ဆင်ဟွာ)

ရန်ကုန်တိုင်းဒေသကြီး၊ ထန်းတပင်မြို့၏ အရှေ့တောင်ဘက် ၂မိုင် ခန့် အကွာကို ဗဟိုပြု၍ အင်အား ရစ်(ခ်)တာစကေး (၃.၉)အဆင့်ရှိ အင်အားအနည်းငယ်ရှိသော မြေငလျင်တစ်ခုယနေ့မွန်းလွဲပိုင်းတွင် လှုပ်ရှားခဲ့ပြီး အဆိုပါငလျင် အား ရန်ကုန်မြို့တွင် ခံစားခဲ့ရကြောင်း မိုးလေဝသ နှင့် ဇလဗေဒညွှန်ကြားမှု ဦးစီးဌာနမှ ယနေ့ သတင်းထုတ်ပြန်သည်။

ရန်ကုန် ၊ ဇန်နဝါရီ ၁၂ ရက်(ဆင်ဟွာ)

ပဲခူးတိုင်းဒေသကြီး ဖြူးမြို့၏ အနောက်တောင်ဘက် ၂၁ မိုင်ခန့် အကွာကို ဗဟိုပြု၍ အင်အားရစ်(ခ်)တာစကေး ၄.၈ အဆင့်ရှိ အင်အား အနည်းငယ်ရှိသော မြေငလျင်တစ်ခု လှုပ်ခတ်သွားခဲ့ကြောင်း မိုးလေဝသ နှင့် ဇလဗေဒ ညွှန်ကြားမှု ဦးစီးဌာန ၊ မြေငလျင် ဌာနခွဲမှ သတင်း ထုတ်ပြန်ခဲ့သည်။