19
Thu, Jan
682 New Articles

ရန်ကုန်၊ ဇန်န၀ါရီ ၁၉ ရက် (ဆင်ဟွာ)

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD)ပါတီ ခေါင်းဆောင်များပါဝင်သည့် အစိုးရအဖွဲ့ဝင်များနှင့် လွှတ်တော် ကိုယ်စားလှယ်များ၏ လုပ်ငန်းစွမ်းဆောင်ရည် လေ့လာစိစစ်ရေးအဖွဲ့ကို ယနေ့  ဖွဲ့စည်းလိုက်ကြောင်း ယင်းအဖွဲ့ချုပ်က ထုတ်ပြန်လိုက်သည်။

နေပြည်တော်၊ ဇန်န၀ါရီ ၁၈ ရက် (ဆင်ဟွာ)

ကုလသမဂ္ဂ၏ မြန်မာနိုင်ငံ လူ့ အခွင့်အရေး အခြေအနေ ဆိုင်ရာ အထူး အစီရင်ခံစာ တင်သွင်းသူ မစ္စ ရန်ဟီလီ (Ms. Yanghee Lee)အား နိုင်ငံတော် ဒုတိယ သမ္မတ(၁) ဦးမြင့်ဆွေက သမ္မတ အိမ်တော်တွင် ယနေ့  နေ့  လယ် ၂း ၀၀ နာရီမှ ၃း ၀၀ နာရီအထိ လက်ခံ တွေ့ ဆုံခဲ့သည်။

ရန်ကုန်၊ ဇန်န၀ါရီ ၁၈ ရက် (ဆင်ဟွာ)

ခရီးသည်ကိုထိုးသော YBS အမှတ် ၆ ယာဉ်လိုင်း၏ ယာဉ်နောက်လိုက်ကို လက်တလော ပုဒ်မ ၄၁ဖြင့် ထောင်ဒဏ် ၈ ရက်ချမှတ်လိုက်ကြောင်း အင်းစိန်မြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးမောင်မောင်ဦးက ဆင်ဟွာသတင်းဌာနသို့ ပြောကြားသည်။

ရန်ကုန်၊ ဇန်န၀ါရီ ၁၈ ရက် (ဆင်ဟွာ)

နမ့်ဆန်မြို့နယ်အတွင်း တပ်မတော်နှင့် TNLA လက်နက်ကိုင်အဖွဲ့တို့၏ တိုက်ပွဲများကြောင့် ဒေသခံပြည်သူ ၁၉၆ဦး ပြောင်းရွှေ့နေထိုင်နေရကြောင်း နိုင်ငံတော်အတိုင်ပင်ခံရုံး သတင်းထုတ်ပြန်ရေးကော်မတီက ယနေ့ သတင်းထုတ်ပြန်လိုက်သည်။

နေပြည်တော်၊ ဇန်န၀ါရီ ၁၈ ရက် (ဆင်ဟွာ)

 

နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်၊ နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါ်အောင်ဆန်းစုကြည်က ကုလသမဂ္ဂ၏ မြန်မာနိုင်ငံ လူ့အခွင့်အရေး အခြေအနေဆိုင်ရာ အထူး အစီရင်ခံစာ တင်သွင်းသူ မစ္စစ်ရန်ဟီလီနှင့် အဖွဲ့အား ယနေ့ နံနက်  ၉နာရီအချိန်တွင် နေပြည်တော် နိုင်ငံခြားရေးဝန်ကြီးဌာန ၀န်ကြီး၏ ဧည့်ခန်းမတွင် လက်ခံတွေ့ဆုံခဲ့ကြောင်း နိုင်ငံခြားရေးဝန်ကြီးဌာနမှ သတင်းထုတ်ပြန်သည်။

ရန်ကုန်၊ ဇန်န၀ါရီ ၁၈ ရက် (ဆင်ဟွာ)

တစ်နိုင်ငံလုံးအပစ်ခတ်ရပ်စဲရေး စာချုပ်(NCA)၌ လက်မှတ်ရေးထိုးထားသော ကရင်တိုင်းရင်းသားလက်နက် ကိုင်အဖွဲ့သုံးဖွဲ့မှ ဦးဆောင်ကျင်းပသော လူမျိုးအလိုက် အမျိုးသားအဆင့် နိုင်ငံရေးဆွေးနွေးပွဲကို ယနေ့ ဇန်န၀ါရီ ၁၈ ရက်နေ့တွင် ကရင်ပြည်နယ် ဘားအံမြို့၌ စတင်ကျင်းပလျက်ရှိကြောင်း သိရသည်။

နေပြည်တော်၊ ဇန်န၀ါရီ ၁၈ ရက် (ဆင်ဟွာ)

သကြားထွက် သီးနှံ စိုက်ပျိုး ထုတ်လုပ်မှု လုပ်ငန်း ရေရှည် တည်တံ့ ဖွံ့ ဖြိုး တိုးတက်ရေးအတွက် ကြံခိုက် တောင်သူ၊ သာကားချက်စက်နှင့် ပြည်ပ သကြားတင်သွင်းမှု အားလုံးကို ဟန်ချက်ညီအောင် ထိရောက်စွာ ကိုင်တွယ်နိုင်ရေးအတွက် မြန်မာ့ ကြံနှငိ့ သကြားဥပဒေ အလျင်အမြန် ပေါ်ထွက်လာစေရန် Stakeholders များ၊ ဥပဒေပြု လွှတ်တော် ကိုယ်စားလှယ်များ ပါဝင်သည့် Sugar Forum တစ်ခု ကျင်းပသင့်သည်ဟု စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန အမြဲတမ်း အတွင်းဝန် ဒေါက်တာ တင်ထွဋ်က ဇန်နဝါရီလ ၁၇ ရက်ညနေပိုင်းတွင် ပြောခဲ့သည်။

ရန်ကုန်၊ ဇန်န၀ါရီ ၁၇ ရက် (ဆင်ဟွာ)

နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နှင့် အပစ်ခတ်ရပ်စဲရေးစာချုပ်(NCA)၌ လက်မှတ်ရေးထိုးထားသော တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့၈ဖွဲ့ နေပြည်တော်တွင် ရက်ပိုင်းအတွင်း တွေ့ဆုံမည်ဖြစ်ကြောင်း နိုင်ငံတော်သမ္မတရုံး ပြောရေးဆိုခွင့်ရှိသူ ဦးဇော်ဌေးက ပြောကြားသည်။

ရန်ကုန်၊ ဇန်န၀ါရီ ၁၇ ရက် (ဆင်ဟွာ)

ဇန်နဝါရီ ၁၄ ရက် ည ၁၁နာရီတွင် မောင်တောမြို့နယ် ရဲအောင်ချောင်းကျေးရွာနေ ပုဇွန်ကန် လုပ်ငန်းလုပ်သူ ပျောက်ဆုံးနေသော ရာအိမ်မှူးဟောင်းတစ်ဦးကို ပြန်လည်ရှာဖွေတွေ့ရှိပြီး ၎င်းအား အစိုးရ သတင်းပေးဟု စွပ်စွဲကာ နှိပ်စက်ညှင်းပန်းခံထားရခြင်းဖြစ်ကြောင်း နိုင်ငံတော်အတိုင်ပင်ခံရုံးသတင်းထုတ်ပြန်ရေးကော်မတီက သတင်းထုတ်ပြန်ထားသည်။

ရန်ကုန်၊ ဇန်နဝါရီ ၁၇ ရက် (ဆင်ဟွာ)

ရခိုင်ပြည်နယ် မောင်တောမြို့နယ် နယ်မြေ၃ ရဲအောင်ချောင်းကျေးရွာနေ ရာအိမ်မှူးဟောင်း တစ်ဦး ပျောက်ဆုံးလျက် ရှိကြောင်း ပြန်ကြားရေးဝန်ကြီးဌာနမှ သတင်းထုတ်ပြန်သည်။