24
Sun, Sep
702 New Articles

မောင်တောမြို့နယ်တွင်းရှိ ဒေသခံ လေးထောင်ကျော် မူလနေရပ်ပြန်

မောင်တောမြို့နယ်တွင်း ဒေသခံများနေရပ်ပြန်စာရင်း(ဓာတ်ပုံ- သတင်းထုတ်ပြန်ရေးကော်မတီ) Politics, Law & Military

ရန်ကုန်၊ စက်တင်ဘာ ၁၄ ရက် (ဆင်ဟွာ)

ရခိုင်ပြည်နယ် မောင်တောမြို့နယ်အတွင်းရှိ ရပ်ကွက်/ကျေးရွာ ၁၅ ရွာ၊ ရသေ့တောင်မြို့နယ် အတွင်းရှိ ကျေးရွာ ၄ ရွာ နှင့် ဘူးသီးတောင်မြို့နယ်အတွင်းရှိ ကျေးရွာ ၆ ရွာတို့မှ ဒေသခံတိုင်းရင်းသား ပြည်သူ စုစုပေါင်း ၄၂၂၈ ဦးတို့ကို မူလနေရပ်များသို့ ပြန်လည်နေထိုင်ကြကြောင်း သတင်းထုတ်ပြန်ရေးကော်မတီက ထုတ်ပြန်သော သတင်းအရ သိရသည်။

စက်တင်ဘာ ၆ ရက် မှစ၍ လုံခြုံရေးတပ်ဖွဲ့ဝင်များနှင့် ARSA အစွန်းရောက် အကြမ်းဖက်သမားများ ထိတွေ့မှုဖြစ်စဉ် လျော့နည်းလာသဖြင့် တည်ငြိမ်မှုပြန်လည်ရရှိကာ နေရပ်စွန့်ခွာ ထွက်ပြေးတိမ်းရှောင်နေသူများကို မူလနေရပ်များသို့ ပြန်လည်ပို့ဆောင်ပေး လျက်ရှိကြောင်း သိရသည်။

 

ရခိုင်ပြည်နယ်၊မောင်တောဒေသအတွင်း သြဂုတ် ၂၅ ရက်နေ့မှ စက်တင်ဘာ ၁၂ ရက်နေ့အထိ လုံခြုံရေး တပ်ဖွဲ့ဝင်များနှင့် ARSA အစွန်းရောက်အကြမ်းဖက်သမားများ ထိတွေ့မှု ဖြစ်ပွားခဲ့သည့် အကြိမ် ၉၃ ကြိမ် ရှိခဲ့ပြီး မောင်တောဒေသအတွင်းရှိ နေရာ ၄၅ နေရာ မီးရှို့ဖျက်ဆီးမှုခံခဲ့ရကြောင်း သိရသည်။(Xinhua)