15
Fri, Dec
618 New Articles

စစ်တွေမြို့၌ မိုင်းဟုယူဆရသည့် ပစ္စည်းနှစ်ခုအား တပ်မတော်က ရှင်းလင်းရေးပြုလုပ်

မိုင်းဟုယူဆရသည့် ပစ္စည်းနှစ်ခုတွေ့ရှိသော တံတားအားတွေ့ရစဉ်(ဓာတ်ပုံ- ပြည်ထဲရေးဝန်ကြီးဌာန) Politics, Law & Military

ရန်ကုန်၊ ဒီဇင်ဘာ ၇ ရက် (ဆင်ဟွာ)

ရခိုင်ပြည်နယ် စစ်တွေမြို့ ရန်ကုန်- စစ်တွေကားလမ်း မိုင်တိုင်အမှတ် (၁၁၃)နှင့် (၁၁၃ / ၁) အကြားရှိ သံတံတားအမှတ် (၇/၁၁၂) ၏ ထိပ်သံဘောင်အောက်တွင် မိုင်းဟုယူဆရသည့် ပစ္စည်းနှစ်ခုတွေ့ရှိသဖြင့် တပ်မတော်က မိုင်းရှင်းလင်းရေးပြုလုပ်ထားကြောင်း ပြည်ထဲရေးဝန်ကြီးဌာနက ထုတ်ပြန်သော သတင်းအရ သိရသည်။

မြောက်ဦးမြို့မရဲစခန်းမှ ရဲတပ်ဖွဲ့ဝင်များသည် ဒီဇင်ဘာ ၇ ရက်နေ့ နံနက် ၁၁နာရီခန့်က ရန်ကုန် - စစ်တွေကားလမ်း မိုင်တိုင်အမှတ် (၁၁၀) မှ (၁၂၃) ထိ လုံခြုံရေးဆောင်ရွက်နေစဉ် နှစ်ပင်လိမ် (နီ/နက်) ဖြင့် ဘတ္တရီအိုးကို သွယ်တန်းထားသော မသင်္ကာဖွယ်ရာ မိုင်းဟုယူဆရသည့် ပစ္စည်းနှစ်ခုကို တွေ့ရှိခဲ့ကြောင်း သိရသည်။အဆိုပါ မိုင်းဟုယူဆရသည့် ပစ္စည်းတွေ့ရှိသဖြင့် ကားလမ်းအား ယာယီပိတ်ထားပြီး တပ်မတော်မှ မိုင်းရှင်လင်းရေးလုပ်ငန်းများ ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။(Xinhua)