18
Thu, Jul
543 New Articles

တပ်မတော် ကာကွယ်ရေးဦးစီးချုပ်(လေ) ပြောင်းလဲခန့်အပ်

လေကြောင်းလူငယ်သင်တန်းဆင်းပွဲသို့ တက်ရောက်မိန့်ခွန်းပြောကြားသော စစ်ဦးစီးအရာရှိချုပ်(လေ) ဗိုလ်ချုပ် မောင်မောင်ကျော်အား တွေ့ရစဉ်(ဓာတ်ပုံ- ကာကွယ်ရေးဦးစီးချုပ်(လေ)) Politics, Law & Military

ရန်ကုန်၊ ဇန်န၀ါရီ ၂ ရက် (ဆင်ဟွာ)

 

သက်ပြည့်အငြိမ်းစားယူသွားသည့် ကာကွယ်ရေးဦးစီးချုပ်(လေ) ဗိုလ်ချုပ်ကြီး ခင်အောင်မြင့်၏ နေရာတွင် လေ-၁၉၂၅ ဗိုလ်ချုပ်ကြီး မောင်မောင်ကျော်အား ကာကွယ်ရေးဦးစီးချုပ်(လေ)အဖြစ် ယနေ့ ဇန်န၀ါရီ ၂ ရက်၌ ခန့်အပ် တာဝန်ပေးအပ်လိုက်ကြောင်း တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံးက ထုတ်ပြန်သောသတင်းအရ သိရသည်။ 

လက်ရှိ ကာကွယ်ရေးဦးစီးချုပ်(လေ) နေရာသို့ ပြောင်းလဲ တာဝန်ယူမည့် ဗိုလ်ချုပ်ကြီး မောင်မောင်ကျော်သည် ယခင် စစ်ဦးစီးအရာရှိချုပ်(လေ) ဗိုလ်ချုပ်အဖြစ် တာဝန်ယူခဲ့သူဖြစ်ကြောင်း သိရသည်။

 

တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့် ကာကွယ်ရေးဦးစီးချုပ်(လေ) ဗိုလ်ချုပ်ကြီး မောင်မောင်ကျော် တို့သည် ယနေ့နံနက်ပိုင်းတွင် နိုင်ငံတော်သမ္မတရုံးသို့ သွားရောက်၍ နိုင်ငံတော်သမ္မတ ဦးထင်ကျော်အား ဂါရ၀ပြုတွေ့ဆုံခဲ့ကြောင်း သိရသည်။(Xinhua)