24
Wed, Apr
613 New Articles
အမျိုးသား ဒီမိုကရေစီ အဖွဲ့ ချုပ်မှ နှစ် ၇၀ ပြည့် လွတ်လပ်ရေးနေ့ အခမ်းအနား ကျင်းပ
အမျိုးသား ဒီမိုကရေစီ အဖွဲ့ ချုပ်မှ ကျင်းပသော နှစ် ၇၀ ပြည့် လွတ်လပ်ရေးနေ့ အခမ်းအနားအား တွေ့ ရစဉ်(ဆင်ဟွာ) Politics, Law & Military
ရန်ကုန် ၊ ဇန်န၀ါရီ ၄ ရက်(ဆင်ဟွာ)
အခမ်းအနားတွင် သဘာပတိ ဖြစ်သူ ဗဟို အလုပ် အမှုဆောင် အဖွဲ့ အတွင်းရေးမှူး အဖွဲ့ ဝင် ဦးဥာဏ်ဝင်းက အဖွင့် အမှာစကား ပြောကြားရာတွင် နိုင်ငံတော်၏ အမျိုးသား လွတ်လပ်ရေး ၊ အမျိုးသား ဂုဏ်သိက္ခာ နှင့် အချုပ်အခြာ အာဏာကို ဆက်လက် ထိန်းသိမ်း ကာကွယ် သွားကြရန် ၊ လွတ်လပ်ရေး၏ တန်ဖိုးကို ပိုမို မြှင့်တင်ကြရန် နှစ် ၇၀ ပြည့် လွတ်လပ်ရေးနေ့  ၊ နေ့ ထူးနေ့ မြတ်ကြီးတွင် လေးနက်စွာ တိုက်တွန်းလိုက်ကြောင်း ထည့်သွင်း ပြောကြားခဲ့သည်။
အမျိုးသား ဒီမိုကရေစီ အဖွဲ့ ချုပ်သည် ၂၀၁၅ ခုနှစ် ရွေးကောက်ပွဲမှ တဆင့် နိုင်ငံတော် အတွက် တာဝန်ယူ ၊ တာဝန်ခံခွင့် ရရှိခဲ့ရာတွင် နိုင်ငံ အတွက် အဓိက ကျသည့် ပြည်တွင်း ငြိမ်းချမ်းရေး ရရှိရေးကို ကြိုးပမ်းခဲ့သကဲ့သို့ ရခိုင်ပြည်နယ် မြောက်ပိုင်း ပြသနာကို အရေးကြီးဆုံး ဖိအား နှင့် စိန်ခေါ်မှု အဖြစ် ရင်ဆိုင် ဖြေရှင်းခဲ့ရကြောင်း ၄င်းက ထည့်သွင်း ပြောကြားခဲ့သည်။
အမျိုးသား ဒီမိုကရေစီ အဖွဲ့ ချုပ် ဗဟို အလုပ် အမှုဆောင် အဖွဲ့ အတွင်းရေးမှူး အဖွဲ့ ဝင် ဦးဥာဏ်ဝင်းက အဖွင့် အမှာစကား ပြောကြားစဉ်(ဆင်ဟွာ)
အမျိုးသား ဒီမိုကရေစီ အဖွဲ့ ချုပ် ဗဟိုကော်မတီဝင်၊ ဗဟို ပြန်ကြားရေး ကော်မတီ အတွင်းရေးမှူး မုံရွာအောင်ရှင် က ဖတ်ကြားစဉ်(ဆင်ဟွာ)
အမျိုးသား ဒီမိုကရေစီ အဖွဲ့ ချုပ်၏ နှစ် ၇၀ ပြည့် လွတ်လပ်ရေးနေ့ ကြေညာချက်ကို ဗဟိုကော်မတီဝင်၊ ဗဟို ပြန်ကြားရေး ကော်မတီ အတွင်းရေးမှူး မုံရွာအောင်ရှင်က ဖတ်ကြားခဲ့ရာတွင် နိုင်ငံတော်၏ အမျိုးသား လွတ်လပ်ရေး နှင့် အတူ ယှဉ်တွဲလာခဲ့သော နှစ်ပေါင်း ၇၀ ရှည်ကြာခဲ့ပြီ ဖြစ်သည့် ပြည်တွင်း လက်နက်ကိုင် ပဋိပက္ခ အပြီးတိုင် ချုပ်ငြိမ်းစေပြီး ၊ ထာဝရ ငြိမ်းချမ်းရေး ရရှိစေရေးသည် အဓိက ဦးတည်ချက် ဖြစ်ကြောင်း ထည့်သွင်း ဖော်ပြခဲ့သည်။
အမျိုးသား ပြန်လည် ရင်ကြားစေ့ရေးကို အခြေခံသော ငြိမ်းချမ်းရေးမှတဆင့် ဒီမိုကရေစီ ဖက်ဒရယ် ပြည်ထောင်စု ထူထောင်ရေး ၊ ဒီမိုကရေစီ စံချိန်စံညွှန်းများနှင့် အညီ နိုင်ငံတော် နှင့် သင့်လျော်သည့် ဖွဲ့ စည်းပုံ အခြေခံ ဥပဒေ တစ်ရပ် ပေါ်ပေါက်အောင် အကောင်အထည် ဖော်နိုင်မည် ဖြစ်ကြောင်း ထည့်သွင်း ဖော်ပြခဲ့သည်။
စီးပွားရေး၏ အဓိက မောင်းနှင်အား ဖြစ်သည့် ပုဂ္ဂလိက ကဏ္ဍကို အားပေး မြှင့်တင်ခြင်းဖြင့် ပြည်သူများ၏ လူမှု စီးပွားရေး ဘ၀ တိုးတက် ကောင်းမွန်လာအောင် ၀ိုင်းဝန်း ကြိုးပမ်း ဆောင်ရွက် နိုင်မည် ဖြစ်ကြောင်း ၊ ထို့ ပြင် အခြားသော လုပ်ငန်းပေါင်းစုံ စိန်ခေါ်မှုများစွာ ကိုလည်း ဖြေရှင်းနိုင်မည် ဖြစ်ကြောင်း ထည့်သွင်း ဖော်ပြခဲ့သည်။
ပြည်ထောင်စု ငြိမ်းချမ်းရေး ညီလာခံ ၂၁ ရာစု ပင်လုံသည် ၂၀၁၈ ခုနှစ် အတွင်း ထူးခြားသော အောင်မြင်မှုများ ရရှိလိမ့်မည်ဟု ယုံကြည်ကြောင်း လွတ်လပ်ရေးနေ့ ကြေညာချက်တွင် ထည့်သွင်း ဖော်ပြခဲ့သည်။
အမျိုးသား ဒီမိုကရေစီ အဖွဲ့ ချုပ်၏ နှစ် ၇၀ ပြည့် လွတ်လပ်ရေးနေ အခမ်းအနားသို့ အဖွဲ့ ချုပ် ဗဟို အလုပ် အမှုဆောင် အဖွဲ့ ဝင်များ ၊ အဖွဲ့ ဝင်များ နှင့် ဖိတ်ကြားထားသော နိုင်ငံရေး ပါတီများ ၊ သံတမန်များ ၊ အဖွဲ့ အစည်းများမှ ပုဂ္ဂိုလ်များ တက်ရောက်ခဲ့ကြပြီး အခမ်းအနားသို့ ပေးပို့ လာသော ပါတီများ၊ အဖွဲ့ အစည်းများ၊ သံရုံးများ၏ သဝဏ်လွှာ များကို မှတ်တမ်းတင်ခဲ့သည်။(Xinhua)