24
Sun, Jun
789 New Articles

အမြန်လမ်းတွင် နာရီပေါင်း ၂၃ နာရီအတွင်း မော်တော်ယာဉ် ၇၃ စီးဖမ်းဆီးအရေးယူခဲ့

ရန်ကုန်-မန္တလေး အမြန်လမ်းအားတွေ့ရစဉ် (ဓာတ်ပုံ-- အင်တာနက်) Politics, Law & Military

ရန်ကုန်၊ ဇန်နဝါရီ ၁၃ ရက် (ဆင်ဟွာ)

၂၀၁၈ ခုနှစ်၊ ဇန်နဝါရီလ ၁၁ ရက်နေ့ ၁၈း၀၀ နာရီ အချိန်မှ ဇန်နဝါရီလ ၁၂ ရက်နေ့ ၁၇း၀၀ နာရီ အချိန်ထိ နာရီပေါင်း ၂၃ နာရီအတွင်း အမြန်လမ်း၌  သတ်မှတ်မိုင်နှုန်းထက်ကျော်လွန်သည့် မော်တော်ယာဉ် ၇၃ စီးအား ဖမ်းဆီးခဲ့ပြီး ယာဉ်စည်းကမ်းတရားရုံးများသို့ တရားစွဲတင်ပို့ သွားမည်ဖြစ်ကြောင်း ပြည်ထဲရေးဝန်ကြီးဌာန မှ ယနေ့သတင်းထုတ်ပြန်သည်။

ဖြစ်စဉ်မှာ ရန်ကုန်-မန္တလေးအမြန်လမ်း မိုင်တိုင်(၂၀၁) နေပြည်တော် တိုးဂိတ်၌ သတ်မှတ်မိုင်နှုန်းထက် ကျော်လွန်သည့် မော်တော်ယာဉ် ၁၆ စီး၊ လှည်းကူးမြို့နယ် အမှတ်(၃)လမ်းဆုံ တိုးဂိတ်၌ မော်တော်ယာဉ် ၁၉ စီး၊ တံတားဦးမြို့နယ် စကားအင်းတိုးဂိတ်၌ မော်တော်ယာဉ် ၆ စီး၊ ဖြူးမြို့နယ်(၁၁၅)မိုင် ဖြူးတိုးဂိတ်၌ မော်တော်ယာဉ် ၂၈ စီး၊ မိတ္ထီလာမြို့နယ် သီးကုန်းတိုးဂိတ်၌ မော်တော်ယာဉ် ၄ စီး၊ စုစုပေါင်း ၇၃ စီး ဖမ်းဆီးရမိခဲ့ခြင်းဖြစ်ကြောင်း သိရသည်။  (Xinhua)