12
Wed, Dec
678 New Articles

အမြန်လမ်းကြီးများ အဆင့်မြှင့်ရေး၊ မြို့ပြ ဖွံ့ ဖြိုးရေးအတွက် ဒေါ်လာ သန်း ၄၄၀ ပြည်ပမှ ချေးနိုင်ရန် လွှတ်တော်သို့ တင်ပြ

ရန်ကုန်-နေပြည်တော်-မန္တလေး အမြန်လမ်းအားတွေ့ရစဉ် (ဆင်ဟွာ) Politics, Law & Military

နေပြည်တော်၊ ဖေဖော်ဝါရီ ၂၂ ရက် (ဆင်ဟွာ)

ဆောက်လုပ်ရေး လုပ်ငန်း၏ စီမံကိန်း လုပ်ငန်းများ ဖြစ်သည့် အဝေးပြေး လမ်းပိုင်း သုံးခုတို့ ကို အဆင့်မြှင့်နိုင်ရေးနှင့် မြို့ ပြ ဖွံ့ ဖြိုးရေးများဆောင်ရွက်နိုင်ရန် အာရှဖွံ့ ဖြိုးရေးဘဏ်နှင့် အာဆီယံ အခြေခံ အဆောက်အအုံ ရန်ပုံငွေမှ အမေရိကန် ဒေါ်လာ ၄၄၀ သန်း ချေးယူရေးအတွက် ပြည် ထောင်စု လွှတ်တော်က အတည်ပြုပေးနိုင်ရန် နိုင်ငံတော် သမ္မတက လွှတ်တော်သို့  စာပေးပို့  ခဲ့သည်။

“မဟာမဲခေါင်ဒေသခွဲအတွင်းရှိ လမ်းမကြီးများ ဖွံ့ ဖြိုး တိုးတက်ရေးစီမံကိန်းတွင် အာရှဖွံ့ ဖြိုးရေးဘဏ်မှ အမေရိကန်ဒေါ်လာ ၃၄၀ သန်း၊ အာဆီယံ အခြေခံ အဆောက်အအုံ ရန်ပုံငွေမှ အမေရိကန် ဒေါ်လာ သန်း ၂၀၊ စုစုပေါင်း ဒေါ်လာ ၃၆၀ သန်း ချေးယူရန်နှင့် မဟာမဲခေါင်ဒေသ အရှေ့  အနောက် စင်္ကြ လမ်း တစ်လျှောက်ရှိ မြို့ များ ဖွံ့ဖြိုးမှု စီမံကိန်း ဆောင်ရွက်ရန် အာရှ ဖွံ့ ဖြိုးရေးဘဏ်မှ အမေရိကန် ဒေါ်လာ သန်း ၈၀ ချေးယူရေး ဟူသည့် ပြည်ပချေးငွေ ရယူရေးနှင့် စပ်လျဉ်းပြီး ပြည်ထောင်စု လွှတ်တော်ရဲ့ အတည်ပြုချက် ရယူနိုင်ရန် နိုင်ငံတော် သမ္မတက လွှတ်တော်သို့ စာပေးပို့ ထားပါတယ်” ဟု ပြည်ထောင်စု လွှတ်တော် နာယက ဦးမန်းဝင်းခိုင်သန်းက ယနေ့  ပြည်ထောင်စု လွှတ်တော် အစည်းအဝေး၌ ပြောကြားခဲ့သည်။

အဆိုပါ လမ်းပိုင်း သုံးပိုင်းတို့ မှာ ရန်ကုန် - ပုသိမ်လမ်းတွင် ၁၈၀ ကီလိုမီတာ၊ ပဲခူး - သန်လျင်လမ်း တွင် ၉၉ ကီလိုမီတာနှင့် ရန်ကုန် - မန္တလေး အမြန်လမ်း၊ ရန်ကုန် - ဘောနတ်ကြီးအပိုင်းရှိ ၆၄ ကီလို မီတာ (မိုင်တိုင် ၀/ ၀ မှ မိုင်တိုင် ၄၀/ ၀) ၁၈၀ ကီလိုမီတာ တို့ ဖြစ်ကြကြောင်း၊ ရန်ကုန် - ပုသိမ် လမ်းအတွင်း ၀ ကီလိုမီတာမှ ၁၀ ကီလိုမီတာအထိ လေးလမ်းသွား နိုင်လွန် ကတ္တရာ ခင်းခြင်း၊  ၁၀ ကီလိုမီတာမှ ပုသိမ် အထိ ၇ မီတာ အကျယ် နှစ်လမ်းသွား နိုင်လွန် ကတ္တရာခင်းခြင်း၊ တံတား အသစ် ငါးစင်း ဆောက်လုပ်ခြင်း၊ ဒါးက အနီး လမ်းအရှည် ၂၀ ကီလီုမီတာအတွင်း ရေ၀ပ် ရေလွှမ်းသော နေရာအား လမ်းသား နှစ်မီတာ မြှင့်တင် တည်ဆောက်ခြင်း၊ ရထား ဂုံးကျော် တံတား တစ်စင်း တည်ဆောက်ခြင်းတို့  ပါဝင်ကြောင်း၊ ပဲခူး - သန်လျင် လမ်းတွင် ၀ ကီလိုမီတာမှ ၉၉ ကီလိုမီတာအထိ ခုနစ်မီတာ အကျယ် နှစ်လမ်းသွားနှင့် Paved Shoulder ၁ ဒသမ ၅ မီတာအားကတ္တရာ ကွန်ကရိ ခင်းခြင်း၊ တံတား အသစ် ၁၅ စင်း တည်ဆောက်ခြင်း၊ ရန်ကုန် - မန္တလေး အမြန်လမ်းတွင် ၀ ကီလိုမီတာမှ ၆၄ ကီလိုမီတာအထိ မူလ လမ်းသားအား ကတ္တရာ ကွန်ကရိ ထပ်ပိုးလွှာ ခင်းခြင်း၊ အတွင်းဘက်နှင့် အပြင်ဘက် လမ်းပခုံးများအားကတ္တရာ ထပ်ပိုးလွှာ ခင်းခြင်း၊ Raised Median များအား Depressed Median သို့  ပြောင်းလဲ တည်ဆောက်ခြင်း၊ Road Safety နှင့် သက်ဆိုင်သော တပ်ဆင်မှုများ ပြုလုပ်ခြင်း၊ Guard Rail များ တပ်ဆင်ခြင်း၊ Fancing များ တပ်ဆင်ခြင်းတို့ ကို ဒေါ်လာ သန်း ၃၆၀ ဖြင့် ဆောင်ရွက်သွားမည်ဟု ဆောက်လုပ်ရေး ၀န်ကြီးဌာန ဒုတိယ၀န်ကြီး ဦးကျော်လင်းက လွှတ်တော်သို့  ရှင်းလင်း တင်ပြခဲ့သည်။

ကျန် ဒေါ်လာ သန်း ၈၀ ကို မဟာမဲခေါင်ဒေသ အရှေ့  အနောက် စင်္ကြ လမ်း တစ်လျှောက်ရှိ မြို့ များ ဖွံ့ဖြိုးမှု စီမံကိန်း ဆောင်ရွက်ရန် အသုံးပြုမည်ဖြစ်ရာ မော်လမြိုင်မြို့ နှင့် ဘားအံမြို့ တို့ အတွက် မြို့  ရေပေးရေးနှင့် Sanitary Landfill အမှိုက်သိမ်းဆည်းမှု၊ စွန့် ပစ်မှု စနစ်များ တွင် အသုံးပြုသွားမည် ဖြစ်ကြောင်း သိရသည်။ (Xinhua)