21
Fri, Sep
685 New Articles

နိုင်ငံတော်၏ အတိုင်ပင်ခံ ပုဂ္ဂိုလ် အာဆီယံ-သြစတြေးလျ အထူး ထိပ်သီး အစည်းအဝေး တက်ရောက်ရန် သြစတြေးလျ နိုင်ငံသို့ သွားမည်

နိုင်ငံတော်၏ အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်အား တွေ့ ရစဉ်(ဆင်ဟွာ) Politics, Law & Military

ရန်ကုန် ၊ မတ် ၁၃ ရက်(ဆင်ဟွာ)

နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်သည် အာဆီယံ-သြစတြေးလျ အထူး ထိပ်သီး အစည်းအဝေး တက်ရောက်ရန် သြစတြေးလျ နိုင်ငံသို့ မကြာမီကာလ အတွင်း သွားရောက်မည် ဖြစ်ကြောင်း နိုင်ငံတော် အတိုင်ပင်ခံရုံး ၀န်ကြီးဌာနမှ ယနေ့ သတင်း ထုတ်ပြန်ခဲ့သည်။

နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်သည် ဩစတြေးလျ ဓနသဟာယ နိုင်ငံ ဝန်ကြီးချုပ် မဲလ်ကွန်တန်ဘဲလ်၏ ဖိတ်ကြားချက် အရ တရားဝင် ချစ်ကြည်ရေးခရီး သွားရောက်ရန် နှင့် ဆစ်ဒနီမြို့တွင် ကျင်းပပြုလုပ်မည့် အာဆီယံ-ဩစတြေးလျ အထူးထိပ်သီးအစည်းအဝေးသို့ တက်ရောက်မည် ဖြစ်ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။(Xinhua)