20
Fri, Jul
802 New Articles

နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် ဗီယက်နမ်နိုင်ငံသို့ ချစ်ကြည်ရေးခရီး သွားရောက်မည်

နိုင်ငံတော် ၏ အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်အားတွေ့ရစဉ် (ဓာတ်ပုံ-- နိုင်ငံတော်အတိုင်ပင်ခံရုံး) Politics, Law & Military

ရန်ကုန်၊ ဧပြီ ၁၆ ရက် (ဆင်ဟွာ)

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်သည် ဗီယက်နမ်ဆိုရှယ်လစ်သမ္မတနိုင်ငံ ဝန်ကြီးချုပ် မစ္စတာ ငုယင်စွမ်းဖု၏ ဖိတ်ကြားချက်အရ ဗီယက်နမ် ဆိုရှယ်လစ် သမ္မတနိုင်ငံသို့ မကြာမီကာလအတွင်း တရားဝင်ချစ်ကြည်ရေးခရီး သွားရောက်မည်ဖြစ်ကြောင်း နိုင်ငံတော်အတိုင်ပင်ခံရုံးမှ ယနေ့သတင်းထုတ်ပြန်သည်။

၂၀၁၇ ခုနှစ်  နိုဝင်ဘာလတွင်  ဗီယက်နမ်တွင် ကျင်းပသည့် APEC အာရှ-ပစိဖိတ် စီးပွားရေးပူးပေါင်းဆောင်ရွက်မှုအဖွဲ့ ထိပ်သီးညီလာခံကို APEC အဖွဲ့ဝင်နိုင်ငံမဟုတ်သော်လည်း  ဗီယက်နမ်သမ္မတ Tran Dai Quang (ထရမ်ဒိုင်ကွမ်) ၏ ဖိတ်ကြားချက်နှင့် ဒေါ်အောင်ဆန်းစုကြည် တက်ရောက်ခဲ့သည်။

၂၀၁၇ ခု သြဂုတ်အတွင်း နိုင်ငံတော်ခရီးစဉ်အဖြစ် ဗီယက်နမ်ကွန်မြူနစ်ပါတီ အထွေထွေအတွင်းရေးမှုး မြန်မာနိုင်ငံသို့ လာရောက်ခဲ့သည်။သမ္မတဦးထင်ကျော် နိုင်ငံတော်သမ္မတ တာဝန်ယူထားသည့် ကာလ ၂၀၁၆ အောက်တိုဘာလ တွင် သမ္မတဦးထင်ကျော်သည် ဗီယက်နမ်သမ္မတ ၏ ဖိတ်ကြားချက်နှင့် နိုင်ငံတော်ခရီးစဉ်အဖြစ် ဗီယက်နမ်သို့  သွားရောက်ခဲ့သည်။  (Xinhua)