17
Sat, Aug
565 New Articles

၂၀၁၁ ခုနှစ်မှ ၂၀၁၈ ခုနှစ်မေ ၁ ရက်ထိ ကျပ်သိန်းပေါင်း ၁,၈၃၀,၀၀၀ ကျော် တန်ဖိုးရှိ မူးယစ်ဆေးဝါးများ ရခိုင်ပြည်နယ်အတွင်း ဖမ်းဆီးရမိ

မူယစ်ဆေးဝါးဖမ်းဆီးရမိမှုပြဂရပ်အားတွေ့ရစဉ် (ဓာတ်ပုံ--သတင်းထုတ်ပြန်ရေးကော်မတီ) Politics, Law & Military

ရန်ကုန်၊ မေ ၂ ရက် (ဆင်ဟွာ)

 

ရခိုင်ပြည်နယ်အတွင်း ၂၀၁၁ ခုနှစ်မှ ၂၀၁၈ ခုနှစ်၊ မေလ ၁ ရက်နေ့အထိ စိတ်ကြွ ဆေးပြား၊ စိတ်ကြွအကြေမှုန့်၊ ဆေးခြောက်၊ ဗျူပရီနော်ဖင်း၊ အယ်ပရာဇိုလမ် ဆေးပြား၊ ဒိုင်ရာဇီပမ်၊ ဒိုင်ရာဇီပမ်ထိုးဆေး၊ မော်ဖင်းထိုးဆေး၊ Lutigesic၊ Zoliuncarpa zolarn၊ ကတ်တမင်း၊ Fantanyl နှင့် အက်ဖီဒရင်း စသည့် မူးယစ်ဆေးဝါးမျိုးစုံ စုစုပေါင်းတန်ဖိုး ကျပ်သိန်းပေါင်း ၁၈၃၆၉၂၅. ၉၃၄ သိန်းဖိုး ဖမ်းဆီးရမိခဲ့ကြောင်း သတင်းထုတ်ပြန်ရေး ကော်မတီ မှ သတင်းထုတ်ပြန်သည်။

ဖမ်းဆီးရမိမှုမှာ စိတ်ကြွဆေးပြား (၆၁၀၇၀၇၉၉.၅) ပြား၊ စိတ်ကြွအကြေမှုန့် (၂.၅၈၆၈) ကီလို၊ ဆေးခြောက် (၁၉၃.၂၉၅၁၅) ကီလို၊ ဗျူပရီနော်ဖင်း (၄၉၇၃) ပုလင်း၊ အယ်ပရာဇိုလမ် ဆေးပြား (၄၃၂၀) ပြား၊ ဒိုင်ရာဇီပမ် (၃၁၄၉၄) ပြား၊ ဒိုင်ရာဇီပမ်ထိုးဆေး (၁၂၂၂၄၀) ပုလင်း၊ မော်ဖင်းထိုးဆေး (၂၂၃၁) ပုလင်း၊ Lutigesic (၃၈၀) ပုလင်း၊ Zoliuncarpa zolarn (၂၇၀) ပြား၊ ကတ်တမင်း (၀.၁၄) ကီလို၊ Fantanyl (၇၀၀) ပုလင်း နှင့် အက်ဖီဒရင်း (၀.၅၁၅) ကီလို တို့ကို သိမ်းဆည်းရမိခဲ့ပြီး အဆိုပါ မူးယစ်ဆေးဝါး နှင့် ပတ်သက်၍ အမှုပေါင်း (၆၃၁) မှု ဖွင့်လှစ်အရေးယူနိုင်ခဲ့ကာ တရားခံ (၁၀၁၁) ဦးအား ဖမ်းဆီးရမိခဲ့ကြောင်း သတင်းထုတ်ပြန်ချက်ထဲတွင် ပါရှိသည်။  (Xinhua)