ချမ်းမြသာစည်မြို့နယ်တွင် ငွေကျပ် ၁,၁၃၄ သိန်းတန်ဖိုးရှိ ဘိန်းဆီခဲများ ဖမ်းဆီးရမိ

ဖမ်းဆီးရမိသူအား ဘိန်းဆီခဲများနှင့်အတူတွေ့ရစဉ် (ဓာတ်ပုံ--ပြည်ထဲရေးဝန်ကြီးဌာန) Politics, Law & Military

ရန်ကုန်၊ မေ ၃ရက် (ဆင်ဟွာ)

မန္တလေးတိုင်းဒေသကြီး၊ ချမ်းမြသာစည်မြို့နယ်တွင် ငွေကျပ် ၁,၁၃၄ သိန်းတန်ဖိုးရှိ ဘိန်းဆီခဲများ ဖမ်းဆီးရမိခဲ့ကြောင်း ပြည်ထဲရေးဝန်ကြီးဌာန ၏ မေလ ၃ ရက်နေ့တွင် သတင်းထုတ်ပြန်ချက်ထဲတွင်ပါရှိသည်။

ဖြစ်စဉ်မှာ မေလ ၂ ရက်နေ့ ၁၀း၄၅ နာရီ အချိန် မူးယစ်တပ်ဖွဲ့စု(၁၈)မန္တလေး(တောင်ပိုင်း)မှ တပ်ဖွဲ့ဝင်များ ပါဝင်သော ပူးပေါင်းအဖွဲ့သည် ချမ်းမြသာစည်မြို့နယ်၊ မြို့သစ်(၁)ရပ်ကွက်၊ ၆၂ လမ်းနှင့် ငုပြာလမ်းထောင့်၊ JJ-3 Café ဆိုင်၊ အခန်းအမှတ်(၃)၌ ပန်းအောင်အားရှာဖွေရာ ၎င်း၏ဘေးရှိ ကော်ပုံးနှစ်ပုံးအတွင်းမှ ဘိန်းဆီခဲ ၁၇ ထုပ်( ဘိန်းဆီခဲ အလေးချိန် ၂၅. ၂ ကီလို) သိမ်းဆည်း ရမိခဲ့သဖြင့် ပန်းအောင်(၃၀)နှစ်အား မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသောဆေးဝါးများဆိုင်ရာ ဥပဒေအရ အရေးယူထားကြောင်း သတင်းထုတ်ပြန်ချက်ထဲတွင် ပါရှိသည်။ (Xinhua)