24
Sat, Aug
525 New Articles

ကချင်ပြည်နယ်၌ နှစ်နှစ်တာအတွင်း မူးယစ်ဆေးဝါး အမှုပေါင်း ၃၈၉၆ မှု အရေးယူနိုင်

ကချင်ပြည်နယ်တွင်းရှိ ကုန်သွယ်ရေးယာဉ်များ ဖြတ်သန်းသွားလာစဉ်(ဓာတ်ပုံ-MOI) Politics, Law & Military

ရန်ကုန်၊ မေ ၄ ရက် (ဆင်ဟွာ)

 

ကချင်ပြည်နယ်၌ မူးယစ်ဆေးဝါးအန္တရာယ်ပပျောက်ရေးနှင့် ပတ်သက်ပြီး ဆောင်ရွက် ရာတွင် နှစ်နှစ်တာကာလ အတွင်း မူးယစ်ဆေးဝါး အမှုပေါင်း ၃၈၉၆ မှု ဖမ်းဆီးအရေးယူနိုင်ခဲ့ကြောင်း ပြန်ကြားရေးဝန်ကြီးဌာနက ထုတ်ပြန်သော သတင်းအရ သိရသည်။

ပြည်နယ်အတွင်း မူးယစ်ဆေးဝါး အမှုပေါင်း ၃၈၉၆ မှု၊ တရားခံပေါင်း ၅၂၇၆ ဦး၊ မူးယစ်ဆေးဝါး ၄ဝ၅ ကီလို၊ ဆေးပြားပေါင်း ၂၆ သိန်းကျော်၊ ဘိန်းရည် ၄ ဒသမ ၁၈ လီတာဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။

 

အဆိုပါ ကချင်ပြည်နယ်တွင်းရှိ ဘိန်းခင်း စုစုပေါင်း ၂၂၆ ဒသမ ၈၂ ဧကကို ဖျက်ဆီးနိုင်ခဲ့ကြောင်း သိရသည်။(Xinhua)