ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီ၏ မလိုအပ်သော ကန့်သတ်ချက်များကို ဖျက်သိမ်းပေးမည် ဖြစ်ကြောင်း မြို့တော်ဝန်ပြောကြား

ရန်ကုန်မြို့တော်ဝန် ဦးမောင်မောင်စိုးအားတွေ့ရစဉ် (ဓာတ်ပုံ-- YRG) Politics, Law & Military

ရန်ကုန်၊ မေ ၄ ရက် (ဆင်ဟွာ)

ရန်ကုန်မြို့တော်တွင် ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီ ၏ ဝန်ထမ်းများ၊ ပြည်သူလူထုများအတွက် အဟန့်အတား ဖြစ်စေသည့် ကန့်သတ်ချက်များ မလိုလားအပ်သည့် ကန့်သတ်ချက်များကို ဖျက်သိမ်းပေးရန် အစီအစဉ် ရှိကြောင်း ရန်ကုန်မြို့တော်ဝန် ဦးမောင်မောင်စိုးက ပြောသည်။

ဒုတိယအကြိမ်၊ ရန်ကုန်တိုင်းဒေသကြီးလွှတ်တော်၊ ဆဌမပုံမှန်အစည်းအဝေး (၂၃)ရက်မြောက်နေ့ အစည်းအဝေး ကို မေလ ၄ ရက်နေ့၊ ကျင်းပခဲ့ပြီး မင်္ဂလာတောင်ညွန့်မြို့နယ်၊ မဲဆန္ဒနယ်အမှတ်(၁)လွှတ်တော်ကိုယ်စားလှယ် ဦးလှဋ္ဌေး၏ "၂၀၁၇-၂၀၁၈ ခု၊ ဘဏ္ဍာရေးနှစ်ငွေလုံးငွေရင်းဘတ်ဂျက်အရ မင်္ဂလာတောင်ညွန့် မြို့နယ် အတွင်း သန့်ရှင်းရေးဝန်ထမ်းအိမ်ရာတွင် အကောင်အထည်မဖော်နိုင်ခဲ့သော လုပ်ငန်း(၅)ခုအား မည်ကဲ့သို့ဆောင်ရွက်မည်ကို သိရှိလိုပါကြောင်းနှင့် ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီ၏ မလိုအပ်သော ကန့်သတ်ချက်များကို ဖျက်သိမ်းပေးရန် အစီအစဉ်ရှိ/မရှိ"ကို မေးမြန်ရာ မြို့တော်ဝန် ဦးမောင်မောင်စိုးမှ အထက်ပါအတိုင်း ပြန်လည်ဖြေကြားခဲ့ခြင်းဖြစ်သည်။

မြို့တော်ဝန်က "ရန်ကုန်မြို့တော်စည်ပင်သာယာရေးမှာ မလိုလားအပ်တဲ့ ကန့်သတ်ချက်တွေကို ဖျက်သိမ်းပေးနိုင်ဖို့ အစီအစဉ်ရှိ/မရှိ မေးခွန်းနဲ့ပတ်သက်ပြီး ကျွန်တော်တို့ အစီအစဉ်လည်း ရှိပါတယ်။ ဆက်ရန်လည်း လုပ်ဆောင်နေပါတယ်။ အထူးသဖြင့်တော့ အုတ်ပေါ့။ အဲ့တော့ ကျွန်တော်တို့ဆီမှာ မှော်ဘီအုတ်စက် တစ်ခုရှိပါတယ်။ ဒီအုတ်မှာ ကျွန်တော်တို့ အရည်အသွေးက ကွာပါတယ်။ ဘာလို့လဲဆို ကျွန်တော်တို့ တည်ဆောက်ရေးလုပ်ငန်းမှာ အုတ်က မကောင်းလို့်ရှိရင် ပြိုကျမှုတွေ၊ မခိုင်မြဲမှုတွေ ရှိပါတယ်။ ကျွန်တော်တို့ မှော်ဘီရဲ့အုတ်က လက်အုတ်မဟုတ်ပါဘူး။ ဒါကို စက်အုတ်လို့ ခေါ်ပါတယ်။ အဲ့ဒါကိုလည်း ကျွန်တော်တို့ တော်တော်လည်း ဝယ်လိုအား များတဲ့ ဥစ္စာပါ။ အရည်အသွေး ကောင်းတယ်။ သို့သော် အဲ့အုတ်ကိုပဲ ကျွန်တော်တို့ ယူရမယ်လို့ မှာထားပါတယ်။ သို့သော် အဲ့ဒီ့အုတ်ရဲ့ ရာထားချက်ပြည့်မီပြီးတော့မှဆိုလို့ရှိရင် ကျွန်တော်တို့ တိုးပြီးတော့ မလုပ်ဖို့ အရည်အသွေးကျသွားမှာ ဆိုးလို့။ အရမ်းများများ ထုတ်မယ်ဆိုရင် အရည်အသွေးကျမှာ ဆိုးလို့။ သို့သော် ဒီအုတ်ကို ကျွန်တော်တို့ မြို့တော်ရဲ့တည်ဆောက်ရေးလုပ်ငန်းမှာ ဒီအုတ်နဲ့ပဲ သုံးပါတယ်။ ဒီအုတ်မှ မရခဲ့ဘူးဆိုရင်တော့မှ သက်ဆိုင်ရာဌာနမှူးက တင်ပြပါတယ်။ တင်ပြပြီးတဲ့အခါကျလို့ရှိရင် အဲ့ဒါ ကျွန်တော်တို့ အပြင်ဝယ်ခွင့်ပြုပါတယ်။ အပြင်ဝယ်ခွင့်ဆိုလို့ရှိရင်လည်း ကျွန်တော်တို့ ဒီအပြင်ဝယ်တဲ့ ဒီကော်မတီရဲ့ ထောက်ခံချက်ပါရမယ်။’’ ဟု ပြောကြားသည်။

ဆက်လက်ပြီး “တွေ့ကြုံနေရတဲ့ စိန်ခေါ်မှုတွေကတော့ စားသောက်ဆိုင်တွေဟာ စစ်ဆေးတာ အပြင် ကူးစက်ရောဂါ ကာကွယ်နှိမ်နင်းနိုင်တဲ့ လုပ်ငန်းတွေ ဈေးစစ်ဆေးတဲ့ အပိုင်းကို ၊နောက်ကျောင်းတွင်း စားသောက်ဆိုင်စစ်ဆေးတာတွေ၊ ဓါတ်ခွဲလုပ်ငန်းဆောင်ရွက်တာတွေ၊ ပြည်သူ့ကျန်းမာရေး ဦးစီးဋ္ဌာန၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဋ္ဌာန၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့တို့နဲ့လည်း ပူးပေါင်းဆောင်ရွက်ပြီးတော့ ဥပဒေအရ ပြည်ထောင်စုဥပဒေ၊ အထူးဥပဒေ၊ ဒေသဆိုင်ရာဥပဒေ စသည်တို့နဲ့ တစ်ခုနဲ့တစ်ခု ချိတ်ဆက်ပြီးတော့ အပြန်အလှန် ညှိနှိုင်းဆောင်ရွက်ဖို့လည်း ကျွန်တော်ကြိုးစား ဆောင်ရွက်နေပါတယ်။ အထူးသဖြင့်တော့ ကျွန်တော်တို့ YCDCရဲ့ အခန်းကဏ္ဍ၊ YCDC ရဲ့ အခန်းကဏ္ဍဆိုတာ ကျွန်တော်တို့ များသောအားဖြင့်တော့ အိမ်ဆောက်တာနဲ့ လမ်းဖောက်တာနဲ့ ရေရရှိတာတို့နဲ့ မပြည့်စုံပါဘူး။ အန ္တရာယ်ကင်းကင်း စားသောက်ဖို့ နေထိုင်ဖို့ဆိုတာလည်း အရေးကြီးတဲ့ အတွက်ကြောင့်လည်း ဒါကိုလည်း ကျွန်တော်တို့ ဦးစားပေးဆောင်ရွက်နေပါတယ် ။”ဟု ပြောကြားသည်။ (Xinhua)