21
Sun, Oct
741 New Articles

ကယားပြည်နယ်၌ တရားမ၀င်သစ် ၁၅၂ လုံး ဖမ်းမိ

ဖမ်းဆီးရမိသော တရားမ၀င်သစ်များအား တွေ့ရစဉ်(ဓာတ်ပုံ- သစ်တောဦးစီးဌာန) Politics, Law & Military

ရန်ကုန်၊ မေ ၁၅ ရက် (ဆင်ဟွာ)

ကယားပြည်နယ် ဒီးမော့ဆိုမြို့နယ်၊ ကွိုင်ငံရွာသစ်အနောက်ဘက်နေရာ၌ မေ ၁၄ရက်နေ့တွင် တရားမဝင် ပိတောက်/ကျွန်းသစ်/ဓါးရွေ (၁၅၂)လုံး တန်အားဖြင့် (၃၃.၆၃၂၂) တန်အား ဖမ်းဆီးရမိခဲ့ကြောင်း သစ်တောဦးစီးဌာနက ထုတ်ပြန်သော သတင်းအရ သိရသည်။

အဆိုပါဖမ်းဆီးရမိသော တရားမဝင်သစ်များနှင့် ပတ်သက်သော ဆက်စပ်တရားခံများ အား စုံစမ်းဖော်ထုတ်၍ ဥပဒေနှင့်အညီထိရောက်စွာ အရေးယူနိုင်ရေး စီစဉ်ဆောင်ရွက်လျှက်ရှိကြောင်းသိရသည်။(Xinhua)