15
Wed, Aug
718 New Articles

ကျပ် ၁၀,၀၀၀တန်အတု ဖမ်းမိသော တရားခံအား စစ်ဆေးချက်အရ ပိုက်ဆံအတုနှင့် တရားခံတစ်ဦး ထပ်မံဖမ်းမိ

ဖမ်ဆီးရမိသော ၁၀,၀၀၀ကျပ်တန် အတုများအားတွေ့ရစဉ်(ဓာတ်ပုံ-ပြည်ထဲရေးဝန်ကြီးဌာန) Politics, Law & Military

ရန်ကုန်၊ မေ ၁၇ ရက် (ဆင်ဟွာ)

မန္တလေးတိုင်းဒေသကြီး မဟာအောင်မြေမြို့၌ မေ ၁၅ရက်နေ့က ကျပ် ၁၀,၀၀၀တန်အတုများနှင့် အတူ ဖမ်းမိသော တရားခံများအား စစ်ဆေးရာတွင် ကျပ် ၁၀,၀၀၀တန်အတုနှင့် တရားခံတစ်ဦးအား ထပ်မံဖမ်းဆီးရမိခဲ့ကြောင်း ပြည်ထဲရေးဝန်ကြီးဌာနက ထုတ်ပြန်သော သတင်းအရ သိရသည်။

မဟာအောင်မြေမြို့နယ်၌ ၁၀,၀၀၀ ကျပ်တန်ငွေစက္ကူအတု အရွက် ၃၀၀ ရွက် သိမ်းဆည်းရမိခဲ့သော တရားခံများအား စစ်ဆေးပေါ်ပေါက်ချက်အရ ပခုက္ကူမြို့ရှိ နေအိမ်တစ်အိမ်အား ၀င်ရောက်ရှာဖွေရာ  အဆိုပါ အိမ်၏ အိမ်သာနှင့် ခြံစည်းရိုး အုတ်နံရံကြား၌ ကြွပ်ကြွပ်အိတ်ဖြင့် ထည့်ထားသော ၁၀,၀၀၀ ကျပ်တန် ငွေစက္ကူ အတု ၁၀၃၅ ရွက်အား သိမ်းဆည်းရမိခဲ့ကြောင်း သိရသည်။

အဆိုပါ တရားခံအား ပခုက္ကူမြို့မရဲစခန်းသို့ ခေါ်ဆောင်၍ အသေးစိတ်စစ်ဆေးလျက်ရှိကြောင်း သိရသည်။(Xinhua)