15
Wed, Aug
718 New Articles

ကယ်​ဆယ်​​ထောက်​ပံ့​ရေးလုပ်​ငန်းများအတွက်​တစ်​နှစ်​အတွင်း ကျပ်​သန်း ၆,၀၀၀ ​ကျော်​သုံးစွဲ

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ၀န်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာ ၀င်းမြတ်အေး ရှင်းလင်း ဖြေကြားစဉ်(ဆင်ဟွာ) Politics, Law & Military

နေပြည်တော်၊ မေ ၁၇ ရက် (ဆင်ဟွာ)

ဘေးသင့်ပြည်သူများအား ထောက်ပံ့မှုနှုန်းးထားကို နိုင်ငံတော် အစိုးရ၏ ပြည်သူ့ အတွက် ဒုတိယ တစ်နှစ်တာ ကာလအတွင်း နှစ်ဆမှ ငါးဆအထိ တိုးမြှင့်နိုင်ခဲ့သည်ဟု လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည် နေရာချထားရေး ၀န်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာ ၀င်းမြတ်အေးက ပြောသည်။

“ဘေးသင့် ပြည်သူတွေအတွက် ထောက်ပံ့မှုနှုန်းထားတွေကို နှစ်ဆကနေ ငါးဆအထိ တိုးမြှင့်ပေးနိုင် ခဲ့ပါ တယ်၊ ဥပမာ … သေဆုံးသူတစ်ဦးအတွက် အရင် ငွေကျပ် တစ်သိန်းက အခု ငါးသိန်း၊ ဘေး အန္တရာယ်ကြောင့် ပြောင်းရွှေ့ အိမ်တွေအတွက် နှစ်သောင်းကျပ်မှ အခု တစ်သိန်းကျပ်၊ ဆန်ရိက္ခာ အတွက် အရင် သုံးရက်စာပေးးခဲ့ရာက အခု အနည်းဆုံး ခုနစ်ရက်စာ၊ အရင်က ကယ်ဆယ်ရေး ပစ္စည်း ကိုးမျိုး ပေးခဲ့ရာက အခု ၁၇ မျိုး ထောက်ပံ့နိုင်ခဲ့ပါတယ်” ဟု ယနေ့  နေပြည်တော် ပြန်ကြား ရေး ၀န်ကြီးဌာနတွင် ပြုလုပ်သော သတင်းစာ ရှင်းပွဲ၌  ၎င်းက ပြောခဲ့သည်။

Normal 0 false false false EN-US ZH-CN X-NONE /* Style Definitions */ table.MsoNormalTable {mso-style-name:"Table Normal"; mso-tstyle-rowband-size:0; mso-tstyle-colband-size:0; mso-style-noshow:yes; mso-style-priority:99; mso-style-parent:""; mso-padding-alt:0in 5.4pt 0in 5.4pt; mso-para-margin-top:0in; mso-para-margin-right:0in; mso-para-margin-bottom:10.0pt; mso-para-margin-left:0in; line-height:115%; mso-pagination:widow-orphan; font-size:11.0pt; font-family:"Calibri","sans-serif"; mso-ascii-font-family:Calibri; mso-ascii-theme-font:minor-latin; mso-hansi-font-family:Calibri; mso-hansi-theme-font:minor-latin; mso-bidi-font-family:"Times New Roman"; mso-bidi-theme-font:minor-bidi;}

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ၀န်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာ ၀င်းမြတ်အေး ရှင်းလင်း ဖြေကြားစဉ်(ဆင်​ဟွာ)

ပြန်လည်နေရာချထားခြင်းနှင့် အသက်မွေး ၀မ်းကျောင်း လုပ်ငန်းများအတွက် ထောက်ပံ့ရာတွင်လည်း IDP Camp များ ဆောက်လုပ်ခြင်း၊ ပြုပြင်ခြင်းနှင့် မီးရရှိရေး ဆောင်၇ွက်ခြင်း၊ အိမ်များ ပြောင်းရွှေ့ ဆောက်လုပ် ပြုပြင်ခြင်း၊ အသက်မွေး ၀မ်းကျောင်း လုပ်ငန်းနှင့် ပညာရေး ကဏ္ဍအတွက် ဆောင် ၇ွက်ခြင်း၊ ဘေးများကြောင့် ပျက်စီးမှုများ အတွက် ထောက်ပံ့ခြင်း တို့ တွင် ၂၀၁၆ - ၁၇ ဘဏ္ဍာနှစ်၌ ကျပ်သန်း ၁၄၇၃ ဒသမ ၃၁ သန်း သုံးစွဲခဲ့ပြီး ယခု ၂၀၁၇ -၁၈ ဘဏ္ဍာနှစ်တွင်  ကျပ်သန်း ၆၄၈၅ ဒသမ ၄၃၆ သန်း သုံးစွဲ ထောက်ပ့ခဲ့ကြောင်း ပြည်ထောင်စုဝန်ကြီးက ပြောကြားခဲ့သည်။

ထို့ အပြင် သဘာဝဘေးကြောင့် ထိခိုက်ဆုံးရှုံးမှု လျော့နည်း သက်သာစေရေး ထောက်ပံ့မှုများနှင့် ပတ်သက်ပြီး တာတမံများ ကြံ့ခိုင်မှု၊ ကမ်းပြို ကာကွယ်ခြင်း လုပ်ငန်း၊ လမ်း တံတား တည်ဆောက် ပြုပြင် လုပ်ငန်းများ၊ မြေထိန်းနံရံ ပြုလုပ်ခြင်းအတွက် ထောက်ပံ့ခြင်း နှင့် ဘေးကြိုတင် ကာကွယ်ရေးလုပ်ငန်းများအတွက် ၂၀၁၆ -၁၇ ဘဏ္ဍာနှစ်တွင် ကျပ် သန်း ၇၃၀ ဒသမ ၈၂ သန်း ထောက်ပံ့ခဲ့ပြီး ၂၀၁၇ - ၁၈ ဘဏ္ဍာနှစ်တွင် ကျပ်သန်း ၂၅၅၄ ဒသမ ၃၈၂ သန်း ထောက်ပံ့နိုင်ခဲ့ကြောင်း၊ ဘက်စုံသုံး ဘေးခိုလှုံရာ Cyclone Shelters တည်ဆောက်ရာတွင်လည်း အစိုးရသစ် လက်ထက်တွင် ယခင်နှစ်က ၁၀ လုံး တည်ဆောက်ခဲ့ပြီး ယခု တည်ဆောက်ဆဲ ၁၆ လုံးနှင့် ထပ်မံ ဆောက်လုပ်မည့် ၁၇ လုံးတို့  ရှိကြောင်း လည်း ၎င်းက ရှင်းပြခဲ့သည်။ (Xinhua)