24
Fri, May
583 New Articles

လွိုင်လင်မြို့တွင် ကျပ် သိန်း ၆,၈၀၀ တန်ဖိုးရှိ စိတ်ကြွရူးသွပ် ဆေးပြားများ ဖမ်းမိ

ဖမ်ဆီးရမိသော မူးယစ်ဆေးဝါးများအား တွေ့ရစဉ်(ဓာတ်ပုံ-ပြည်ထဲရေးဝန်ကြီးဌာန) Politics, Law & Military

ရန်ကုန်၊ မေ ၂၁ ရက် (ဆင်ဟွာ)

ရှမ်းပြည်နယ်၊ လွိုင်လင်မြို့အထွက် ၊လွိုင်လင်- တောင်ကြီးသွားကားလမ်း၊ ဟိုတင့် ကျေးရွာ အနီး၌ ကျပ် သိန်း ၆,၈၀၀ တန်ဖိုးရှိ စိတ်ကြွရူးသွပ် ဆေးပြားများ ဖမ်းဆီးမိရခဲ့ကြောင်း ပြည်ထဲရေးဝန်ကြီးဌာနက ထုတ်ပြန်သော သတင်းအရ သိရသည်။အဆိုပါ ဟိုတင့်ကျေးရွာ အနီး၌ မေ ၁၉ရက်တွင် သာစည်မြို့နယ်နေ တင်မင်းထွန်း မောင်းနှင်လာသည့် SUBARU SAMBAR PICKUP မော်တော်ယာဉ်အားရှာဖွေရာ မော်တော်ယာဉ်၏နောက်ကြမ်းခင်း အံဝှက်အတွင်းမှ စိတ်ကြွရူးသွပ် ဆေးပြား ၆ ဒသမ ၈ သိန်း၊ငွေ ၂၂၀,၀၀၀ ကျပ် နှင့် လက်ကိုင်ဖုန်း တစ်လုံးတို့ကို သိမ်းဆည်း ရမိခဲ့ကြောင်း သိရသည်။ယင်းတရားခံအား မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသောဆေးဝါးများ ဆိုင်ရာဥပဒေအရ အရေးယူထားကြောင်း သိရသည်။(Xinhua)