သာပေါင်းမြို့နယ်နှင့် ရေကြည်မြို့နယ်များ၌ တရားမဝင်သစ်လုံး/ခွဲသား (၄၉၅) ချောင်း ဖမ်းဆီးရမိ

ဖမ်းဆီးရမိသော တရားမ၀င်သစ်များအား တွေ့ရစဉ်(ဓာတ်ပုံ- Forest Department) Politics, Law & Military

ရန်ကုန်၊ ဇွန်၂၀ ရက် (ဆင်ဟွာ)

ဧရာဝတီတိုင်းဒေသကြီး ပုသိမ်ခရိုင်၊ သာပေါင်းမြို့နယ်နှင့် ရေကြည်မြို့နယ်တို့တွင် တရားမဝင်သစ်လုံး/ခွဲသား (၄၉၅) ချောင်း အလေးချိန်အားဖြင့် (၇၈.၇၁၈၈) တန်အား တရားခံ(၁၉) ဦးနှင့်အတူ ဇွန်လ ၁၇ ရက် နှင့် ၁၈ ရက်နေ့တို့တွင် ဖမ်းဆီးရမိခဲ့ကြောင်း သစ်တော ဦးစီးဌာနထံမှ သိရသည်။

အဆိုပါဖမ်းဆီးရမိသော တရားမဝင်သစ်များ နှင့် တရားခံများအား ဥပဒေနှင့်အညီ ထိရောက်စွာအရေးယူနိုင်ရေး စီစဉ်ဆောင်ရွက်လျက်ရှိကြောင်းသိရသည်။ (Xinhua)