ရှမ်းပြည်နယ်အစိုးရအဖွဲ့ လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ပြောင်းလဲခန့်အပ်

ရှမ်းပြည်နယ် လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ခန့်အပ်သော ထုတ်ပြန်ချက် အားတွေ့ရစဉ်(နိုင်ငံတော်သမ္မတရုံး) Politics, Law & Military

ရန်ကုန်၊ ဇွန် ၂၂ ရက် (ဆင်ဟွာ)

ရှမ်းပြည်နယ်အစိုးရအဖွဲ့ လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီးအဖြစ် ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း)မှ ဗိုလ်မှူးကြီး လှဦးကို ခန့်အပ်လိုက်ကြောင်း နိုင်ငံတော်သမ္မတရုံး၏ ထုတ်ပြန်ချက်အရ သိရသည်။

ယခင် လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး နိုင်ဝင်းအောင်မှာ စစ်ဘက်မူလတာဝန်များ ပြန်လည်ထမ်းဆောင်မည်ဖြစ်ကြောင်း သိရသည်။(Xinhua)