ရန်ကုန်၊ ဇွန် ၂၃ ရက် (ဆင်ဟွာ)
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၏ ဒုတိယအကြိမ် နိုင်ငံလုံးဆိုင်ရာပါတီညီလာခံပထမနေ့ကို ယနေ့ နံနက် ၉နာရီ တွင် စတင်ကျင်းပခဲ့ကြောင်း သိရသည်။
ဒုတိယအကြိမ်နိုင်ငံလုံးဆိုင်ရာ ပါတီညီလာခံကျင်းပနေစဉ်(ဆင်ဟွာ)

လက်ရှိကျင်းပသော နိုင်ငံလုံးဆိုင်ရာ ပါတီညီလာခံတွင် နိုင်ငံတော်အစိုးရ၏ ဦးစားပေး ရည်မှန်းချက် (၃) ရပ်ကို အောင်မြင်အောင် အကောင်အထည်ဖော် ဆောင်ရွက်မည်ဖြစ်ပြီး တရားဥပဒေ စိုးမိုးရေးနှင့် ပြည်သူများ၏ လူမှုစီးပွားဘဝ တိုးတက်မြင့်မားရေး ၊အမျိုးသား ပြန်လည်သင့်မြတ်ရေးနှင့် ငြိမ်းချမ်းရေး ၊ဒီမိုကရေစီအရေး နှင့် ၂၀၁၈ ဖွဲ့စည်းပုံအခြေခံ ဥပဒေ ပြင်ဆင်ရေး ၊၂၀၁၈ ကြားဖြတ်ရွေးကောက်ပွဲ အောင်နိုင်ရေး ၊၂၀၂၀ အထွေထွေ ရွေးကောက်ပွဲကြီး အောင်နိုင်ရေး ၊ ခိုင်မာအားကောင်းသော အဖွဲ့ချုပ်ကို စနစ်တကျ တည်ဆောက်ရေး ၊အဖွဲ့ချုပ် အစိုးရ ၏ မူဝါဒနှင့် လုပ်ငန်းများကို ဝန်းရံရေး များကို ဆောင်ရွက်မည်ဖြစ်ကြောင်း ဗဟိုအလုပ်အမှုဆောင်အဖွဲ့ကိုယ်စား ဗဟိုအလုပ်အမှုဆောင်အဖွဲ့ ဒုတိယဥက္ကဋ္ဌ ဒေါက်တာဇော်မြင့်မောင်က ဖတ်ကြားတင်သွင်းခဲ့ကြောင်း သိရသည်။ယနေ့ ကျင်းပသော ဒုတိယအကြိမ် နိုင်ငံလုံးဆိုင်ရာပါတီညီလာခံကို တိုင်းနှင့် ပြည်နယ်အသီးသီးမှ တာဝန်ရှိသူ ၁၁၂၀ဦး တက်ရောက်ခွင့်ရှိရာ ၁၀၅၆ဦးတက်ရောက်ခဲ့ကြောင်း သိရသည်။(Xinhua)