နိုင်ငံခြားရေးဝန်ကြီးဌာနကို သံရုံးများနှင့် ပိုမိုထိတွေ့ဆောင်ရွက်ရန် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ညွှန်ကြား

နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ရန်ကုန်မြို့ရှိ နိုင်ငံခြားရေးဝန်ကြီးဌာနတွင် ၀န်ထမ်းများနှင့် တွေ့ဆုံစဉ်(နိုင်ငံခြားရေးရာဝန်ကြီးဌာန) Politics, Law & Military

ရန်ကုန်၊ ဇူလိုင် ၁၈ ရက်(ဆင်ဟွာ)

နိုင်ငံခြားရေးဝန်ကြီးဌာနမှ ဝန်ထမ်း သံရုံးများနှင့် ပိုမိုထိတွေ့ဆောင်ရွက်ရန် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ညွှန်ကြားခဲ့ကြောင်း နိုင်ငံခြားရေးရာဝန်ကြီးဌာနက ထုတ်ပြန်သော သတင်းအရ သိရသည်။

နိုင်ငံခြားရေးဝန်ကြီးဌာန ဝန်ထမ်းများကို သံတမန်စွမ်းရည် မြင့်မားရေး၊ လုပ်ငန်းတာဝန်များ ကျွမ်းကျင်စွာ ဆောင်ရွက်သွားရေးကိုလည်း နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်က လမ်းညွှန်မှာကြားခဲ့ကြောင်း သိရသည်။

နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်နှင့် နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါ်အောင်ဆန်းစုကြည် သည် ရန်ကုန်မြို့ရှိ နိုင်ငံခြားရေးဝန်ကြီးဌာနသို့ ယနေ့ နံနက် ၁၀၁၅ နာရီတွင် လာရောက် စစ်ဆေးကြည့်ရှုခဲ့ကြောင်း သိရသည်။

ရန်ကုန်မြို့ရှိ နိုင်ငံခြားရေးဝန်ကြီးဌာနသို့ ရောက်ရှိလာသော နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်နှင့် နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးအား အမြဲတမ်းအတွင်းဝန် ဦးမြင့်သူမှ နိုင်ငံခြားရေးဝန်ကြီးဌာန၊ ရန်ကုန်ရုံး၏ ရုံးလုပ်ငန်းတာဝန်များ ဆောင်ရွက်နေမှုနှင့် ပတ်သက်၍ ရှင်းလင်းတင်ပြခဲ့ကြောင်းသိရသည်။(Xinhua)