15
Wed, Aug
718 New Articles

အာဇာနည်ခေါင်းဆောင်များအား ရည်မှန်းဆွမ်းကပ်လှူပွဲ နေပြည်တော်၌ကျင်းပ

နိုင်ငံတော် သမ္မတက အာဇာနည်များအား ရည်မှန်းပြီး ဆွမ်းကပ်လှူဒါန်းပွဲမှပုံများ (ဆင်ဟွာ) Politics, Law & Military

နေပြည်တော်၊ ဇူလိုင် ၁၉ ရက် (ဆင်ဟွာ)

(၇၁)နှစ်မြောက်အာဇာနည်နေ့ တွင် ဗိုလ်ချုပ်အောင်ဆန်းနှင့်တကွ အာဇာနည် ခေါင်းဆောင်ကြီး များအား ရည်မှန်းလျက် သံဃာတော်များအား ဆွမ်းနှင့်လှူဖွယ် ပစ္စည်းများ ဆက်ကပ် လှူဒါန်းခြင်းကို နိုင်ငံတော် သမ္မတနှင့် ဇနီးတို့ က ဦးစီး ဆောင်ရွက်ခဲ့ကြသည်။

 နိုင်ငံတော် သမ္မတက အာဇာနည်များအား ရည်မှန်းပြီး ဆွမ်းကပ်လှူဒါန်းပွဲမှပုံများ (ဆင်ဟွာ)

 နိုင်ငံတော် သမ္မတက အာဇာနည်များအား ရည်မှန်းပြီး ဆွမ်းကပ်လှူဒါန်းပွဲမှပုံများ (ဆင်ဟွာ)

နေပြည်တော်၊ နေပြည်တော် ကောင်စီရုံးဝင်းအတွင်းရှိ ဇမ္ဗူသီရိ ခန်းမဆောင်တွင် ယနေ့ နံနက် ၁၀း ၀၀ နာရီ၌ ပြုလုပ်ခဲ့သော အဆိုပါ လှူဒါန်းပွဲ သို့  နေပြည်တော် ကောင်စီ ဥက္ကဋ္ဌနှင့် ဇနီး အပါအ၀င် ပြည်ထောင်စု ၀န်ကြီးများနှင့် ဇနီးများ၊ ပြည်ထောင်စု တရားလွှတ်တော်ချုပ်နှင့် ဇနီး၊ ပြည်ထောင်စု ရှေ့နေချုပ်နှင့် ဇနီး၊ လွှတ်တော် အကြီးအကဲများနှင့် ဇနီးများ၊ အစိုးရ အရာရှိကြီးများ တက်ရောက်ခဲ့ ကြကာ သံဃာတော် များ ထံမှ သီလခံယူ ဆောက်တည်ကြလျက် လှူဖွယ် ပစ္စည်းများ၊ ဆွမ်းများ အသီးသီး ဆက်ကပ်လှူဒါန်းခဲ့ကြသည်။ (Xinhua)