19
Sun, Aug
737 New Articles

အာဇာနည်ဗိမာန်အနီး Drone တစ်စီး လွှတ်တင်မှုကို Anti Drone ဖြင့် ပစ်ချသိမ်းဆည်း

အာဇာနည်ဗိမာန်အနီး လွှတ်တင်ခဲ့သော Drone အားတွေ့ရစဉ်(ပြည်ထဲရေးဝန်ကြီးဌာန) Politics, Law & Military

ရန်ကုန်၊ ဇူလိုင် ၂၀ ရက် (ဆင်ဟွာ)

ဗဟန်းမြို့နယ် ရေတာရှည်ရပ်ကွက်ရှိ အာဇာနည်ဗိမာန်၌ (၇၁)နှစ်မြောက် အာဇာနည်နေ့ အခမ်းအနား ကျင်းပနေစဉ်အတွင်း Drone တစ်စီး လွှတ်တင်လာမှုကို Anti Drone ဖြင့် ပစ်ချသိမ်းဆည်းခဲ့ကြောင်း ပြည်ထဲရေးဝန်ကြီးဌာနက ထုတ်ပြန်သော သတင်းအရ သိရသည်။

အာဇာနည်ဗိမာန် အနီးသို့ သွေးဆေးကန်ဘက်မှ Drone တစ်စီး လွှတ်တင်သည်ကို တွေ့ရှိရသဖြင့် မှုခင်းရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များသည် Anti Drone ဖြင့် ရွှေတိဂုံ ဘုရားဘက်မှ ပစ်ချခဲ့ရာ Drone မှာ သူရဲကောင်း စစ်သည်ဗိမာန်အတွင်း ပျက်ကျသွားခဲ့ပြီး အဆိုပါ Droneသည် Memory Card မပါရှိဘဲ Rakhine Freedom Journalist စာတမ်းပါ P4 အမျိုးအစား ဖြစ်ကြောင်း သိရသည်။(Xinhua)