21
Sun, Oct
741 New Articles

ရန်ကုန်တိုင်းဒေသကြီး၊ အင်းစိန်မြို့နယ်၌ ၁၀,၀၀၀ ကျပ်တန် ငွေစက္ကူအတု ၁၃ ရွက် သိမ်းဆည်းရမိ

ဖမ်းဆီးရမိသူများကို ငွေစက္ကူအတုများ နှင့် အတူတွေ့ရစဉ် (ဓာတ်ပုံ--ပြည်ထဲရေးဝန်ကြီးဌာန) Politics, Law & Military

ရန်ကုန်၊ ဇူလိုင် ၂၂ ရက် (ဆင်ဟွာ)

ရန်ကုန်တိုင်းဒေသကြီး၊ အင်းစိန်မြို့နယ်၌ ၁၀,၀၀၀ ကျပ်တန် ငွေစက္ကူအတု ၁၃ ရွက် သိမ်းဆည်းရမိမှု ဖြစ်ပွားခဲ့ကြောင်း ပြည်ထဲရေးဝန်ကြီးဌာန မှ ယနေ့သတင်းထုတ်ပြန်သည်။

ဖြစ်စဉ်မှာ ၂၀၁၈ခုနှစ်၊ ဇူလိုင်လ ၂၁ ရက်နေ့ ၁၂း၃၀ နာရီ အချိန် အင်းစိန်မြို့မရဲစခန်းမှ တပ်ဖွဲ့ဝင် များသည် သတင်းအရ အင်းစိန်မြို့နယ် တညင်းကုန်းရပ်ကွက် ကုန်စိမ်းဈေး၌ မခိုင်ဟေမာန်ကျော်(၃၃)နှစ် ထံမှ ၁၀,၀၀၀ ကျပ်တန် ငွေစက္ကူအတု ၆ ရွက်နှင့် ၎င်းဈေးဝယ်ခဲ့သည့် ဈေးသည် ၇ ဦး(စိစစ်ဆဲ)တို့ထံမှ ၁၀,၀၀၀ ကျပ် တန် ငွေစက္ကူအတု ၇ ရွက်၊ စုစုပေါင်း ငွေစက္ကူအတု ၁၃ ရွက် တို့နှင့်အတူ ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။

မခိုင်ဟေကျော် အားစစ်မေးခဲ့ရာ အဆိုပါငွေစက္ကူများအား တစ်ရပ်ကွက်တည်းနေ မနေလီဝင်း(၄၂)နှစ် မှ ၁၀,၀၀၀ ကျပ်တန် ငွေစက္ကူအတု ၁ ရွက် သုံးပေးလျှင် ၄င်းအတွက် ၂၅၀၀ ကျပ် ပေးသဖြင့် ယူဆောင်သုံးခဲ့ကြောင်း သိရှိရ၍ မနေလီဝင်း၏ နေအိမ်အား သွားရောက်ရှာဖွေရာ မနေလီဝင်းနှင့် ၎င်း၏ခင်ပွန်းဖြစ်သူ ရဲနိုင်စိုး(၁၉)နှစ်တို့အား အိပ်ခန်းရှိ သေတ္တာ၊ ဘေးလွယ်အိတ်အတွင်းတို့မှ ငွေစက္ကူအတုများဖြင့် လဲလှယ်ထားသည့် ငွေ ၃၉၉,၀၀၀ ကျပ်၊ လက်ကိုင်ဖုန်း ၁လုံး၊ KBZ ဘဏ်ငွေစုစာအုပ် ၁အုပ်တို့နှင့်အတူ ဖမ်းဆီးရမိခဲ့ပြီး မခိုင်ဟေမာန်ကျော်ပါ ၃ ဦး(ကျား ၁၊မ ၂)(ဖမ်းမိ)အား အင်းစိန်မြို့မရဲစခန်း၎/၂၀၁၈၊ ဗဟို ဘဏ်ဥပဒေပုဒ်မ ၁၀၅/၁၀၆ ဖြင့် အမှုဖွင့် စစ်ဆေးလျက်ရှိကြောင်း  သတင်းထုတ်ပြန်ချက်ထဲတွင်ပါရှိသည်။  (Xinhua)