10
Mon, Dec
666 New Articles

နိုင်ငံသားစိစစ်ရေး ကတ်များအား စမတ်ကတ်ပြောင်းရေး အရှိန်အဟုန်ဖြင့် ဆောင်ရွက်

အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့  အင်အား ၀န်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသိန်းဆွေ အား ၎င်းဌာန အစည်းအဝေးခန်းမ တွင် တွေ့ ရစဉ်။ (ဆင်ဟွာ) Politics, Law & Military

နေပြည်တော်၊ သြဂုတ် ၁၀ ရက် (ဆင်ဟွာ)

e-Government အား အထောက်အကူပြုနိုင်ရေးအတွက် နိုင်ငံသား စိစစ်ရေးကတ်များကို စမတ်ကတ်များ အဖြစ် ပြောင်းလဲရန် ယခုအခါ အရှိန်အဟုန်ဖြင့် ဆောင်ရွက်နေပြီဖြစ်ကြောင်း အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့  အင်အား ၀န်ကြီးဌာန ပြည်ထောင်စု ၀န်ကြီး ဦးသိန်းဆွေက မီဒီယာသို့  ယနေ့ နံနက်ပိုင်း တွင် ဖြေကြားခဲ့သည်။

“နိုင်ငံသား စိစစ်ရေးကတ်တွေကို စမတ်ကတ်အဖြစ် ပြောင်းလဲဖို့  အခု စတင်ဆောင်ရွက်နေပါပြီ။ မနေ့ က seminar လုပ်နေပြီ။ နိုင်ငံတွင်းမှာ ရှိတဲ့ လူတစ်ဦးချင်းစီကို နိုင်ငံခြားသား၊ နိုင်ငံသား မခွဲခြားဘဲနဲ့ Unit number ပေါ့၊ ကုန်ခဲ့တဲ့ ၂၀၁၆ ခုနှစ်ကတည်းကလေ့လာ ဆောင်၇ွက်ခဲ့တာ ဖြစ်တယ်၊ အခုက အရှိန်အဟုန်နဲ့  ဆက်လက် ဆောင်ရွက်သွားမှာ ဖြစ်တယ်” ဟု ပြည်ထောင်စု ၀န်ကြီးက ပြောကြားခဲ့သည်။

ထိုသို့  ဆောင်၇ွက်နိုင်ရေးအတွက် အိန္ဒိယနိုင်ငံ၊ ဂျပန်နိုင်ငံတို့တွင် လုပ်ထားသော အတွေ့ အကြုံများကို လေ့လာ ရယူပြီး ၂၀၁၆ ခုနှစ်ကတည်းက စတင်ခဲ့ကြောင်း၊ နိုင်ငံအတွင်း ရှိသော လူဦးရေ မှတ်ပုံတင် ခြင်း (population registry)  များ ဆောင်ရွက်ပြီးသည့်အခါ e-govaernment ကို အထောက်အကူပြု မည့် ကိစ္စများကို ဆက်လက် ဆောင်ရွက်မည် ဖြစ်ကြောင်းလည်း ၎င်းက ပြောခဲ့သည်။ (Xinhua)