19
Sun, Aug
737 New Articles

အထက်ရဲရွာ ရေအားလျှပ်စစ် စီမံကိန်းက ရွာငါးရွာအား လျှပ်စစ်ဓာတ်အား ဖြန့် ဖြူး

လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာန ဒုတိယအမြဲတမ်း အတွင်းဝန် ဦးစိုးမြင့် ရှင်းလင်းဖြေကြားစဉ် (ဆင်ဟွာ) Politics, Law & Military

နေပြည်တော်၊ သြဂုတ် ၁၀ ရက် (ဆင်ဟွာ)

ရှမ်းပြည်နယ် မြောက်ပိုင်း ကျောက်မဲမြို့  တောင်ဘက် မိုင် ၂၀ ခန့် ရှိ အထက်ရဲရွာ ရေအားလျှပ်စစ် စီမံကိန်းသည် စီမံကိန်း ဆေင်၇ွက်လျက် ရှိစဉ်ကာလအတွင်း အနီးတောင်ခြေကျေးရွာ အပါအ၀င် ရွာငါးရွာတို့ သို့  လျှပ်စစ်ဓာတ်အား ဖြန့် ဖြူးနိုင်ပြီဖြစ်ကြောင်း လျှပ်စစ်နှင့် စွမ်းအင် ၀န်ကြီးဌာနက ယနေ့ သတင်းစာ ရှင်းပွဲတွင် ထုတ်ပြန်ကြေညာခဲ့သည်။ 

အဆိုပါ ရွာငါးရွာမှာ စီမံကိန်းနေရာမှ နှစ်မိုင်အကွာရှိ အိမ်ခြေ ၈၅ လုံး ရှိသော တောင်ခြေရွာ၊ ခြောက်မိုင် ခွဲ အကွာရှိ အိမ်ခြေ ကိုးဆယ်ရှိသော မန်ထန်ရွာ၊ အလားတူ အကွာအဝေးရှိပြီး အိမ်ခြေ ၈၅ လုံး ရှိသည့် ပန်ဆုံရွာ၊ ခုနစ်မိုင်ခွဲ အကွာရှိ အိမ်ခြေ ၅၅ လုံး ရှိသော နမ့်ဟူးရွာနှင့် ရှစ်မိုင်ခွဲ အကွာ၇ှိ အိမ်ခြေ ၅၀ ရှိသော ရွှေကျောင်းရွာ တို့  ဖြစ်ကြောင်း၊ တောင်ခြေကျေးရွာအား ၂၀၁၆ -၁၇ ခုနှစ် တွင် လည်းကောင်း၊ ကျန်၇ွာ လေးရွာတို့ အား ၂၀၁၇ - ၁၈ ခုနှစ်တွင် လည်းကောင်း လျှပ်စစ် ဓာတ်အားများ စတင် ဖြန့် ဖြူးနိုင်ခဲ့ကြောင်း၊ ၂၀၁၈ -၁၉ ဘဏ္ဍာနှစ်တွင် လွယ်စောင့်ကျေးရွာသို့  ဓာတ်အားလိုင်းသွယ်တန်း ပို့ လွှတ်နိုင်ရန် ရန်ပုံငွေ လျာထား ဆောင်ရွက်လျက်ရှိကြောင်း ကြေညာ ချက်တွင် ပါရှိသည်။

အဆိုပါ အထက်ရဲရွာ စီမံကိန်းကို ၂၀၁၀ - ၁၁ ခုနှစ်တွင် စတင် အကောင်အထည်ဖော် တည်ဆောက် လျက် ရှိပြီး ယခုအခါ အဓိက တည်ဆောက်ရေး လုပ်ငန်းများဖြစ်သော ရေလွှဲဥမင်လှိုဏ်လုပ်ငန်း၊ ပင်မ တမံလုပ်ငန်း၊ ဓာတ်အားပေး စက်ရုံလုပ်ငန်း၊ ရေသွယ်ဥမင်လှိုဏ်လုပ်ငန်းတို့ အား ဆောင်ရွက် လျက်ရှိရာ ယနေ့ အထိ စီမံကိန်း လုပ်ငန်းတစ်ခုလုံး၏ ၃၂ ဒသမ ၉ ရာခိုင်နှုန်း ဆောင်ရွက်ပြီးစီးနေပြီ ဖြစ်ကြောင်း ယင်းစီမံကိန်း ပြီးစီးပါက နှစ်စဉ် လျှပ်စစ်ဓာတ်အား ကီလိုဝပ်နာရီ သန်းပေါင်း ၁၄၀၉ ကို ဓာတ်အားကွန်ရက်စနစ်မှ တစ်ဆင့် မြန်မာတစ်နိုင်ငံလုံးသို့  ဖြန့် ဖြူးပေးနိုင်မည်ဖြစ်ကြောင်း သိရ သည်။ (Xinhua)