ရန်ကုန်-မန္တလေး အမြန်လမ်းတွင် တရားမဝင်သစ်များ တင်ဆောင်လာသော ယာဉ် တိမ်းမှောက်

တရားမဝင်သစ်များ တင်ဆောင်လာသော ယာဉ် တိမ်းမှောက် (MOI) Politics, Law & Military

ရန်ကုန်၊ သြဂုတ် ၁၅ ရက် (ဆင်ဟွာ)

ရန်ကုန်-မန္တလေးအမြန်လမ်းတွင် သြဂုတ် ၁၄ ရက် မွန်းလွဲ ၁ နာရီ ၃၀ မိနစ်က မိုင်တိုင်အမှတ် (၁၅/၂)နှင့်(၁၅/၃)အကြား၌် တရားမဝင်ကညင်ခွဲသားများ တင်ဆောင်လာသော ယာဉ်တစ်စီး တိမ်း မှောက်မှုဖြစ်ပွားခဲ့ကြောင်း ပြန်ကြားရေးဝန်ကြီးဌာနက ထုတ်ပြန်သော သတင်းအရ သိရသည်။

အဆိုပါ ရန်ကုန်-မန္တလေးအမြန်လမ်းတွင် ရန်ကုန်ဘက်သို့ မောင်းနှင်လာသော ယာဉ်သည် တိမ်းမှောက်မှုဖြစ်ပွားခဲ့ဲပြီး ယာဉ်မောင်းနှင့်ယာဉ်ပေါ်ပါရှိသူတို့သည် ထွက်ပြေးတိမ်းရှောင်သွားကြောင်း သိရသည်။

ယင်း တရားမဝင်ကညင်ခွဲသားများ သယ်ဆောင်မှုနှင့်ပတ်သက်၍ သစ်ပိုင်ရှင်၊ ယာဉ်ပိုင်ရှင်၊ ယာဉ်မောင်းတို့အား မြို့နယ်တရားရုံးတွင် တရားစွဲဆိုဆောင်ရွက်သွားမည်ဖြစ်ပြီး ယာဉ်တိမ်း မှောက်မှုနှင့် ပတ်သက်၍ အမှတ်(၃)အမြန်လမ်းရဲစခန်းမှ ယာဉ်အားသိမ်းဆည်းကာ အမှုဖွင့် အရေးယူဆောင်ရွက်ထား ကြောင်း သိရသည်။(Xinhua)