19
Mon, Nov
667 New Articles

ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်၌ ငါးခြောက်ကြော်အထုပ်အတွင်းသယ်ဆောင်လာသော မူးယစ်ဆေးဝါးများဖမ်းမိ

ဖမ်းဆီးရမိသော မူးယစ်ဆေးဝါးများနှင့် တရားခံအားတွေ့ရစဉ်(ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့) Politics, Law & Military

ရန်ကုန်၊ သြဂုတ် ၁၉ ရက် (ဆင်ဟွာ)

 

ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ် Terminal-1 Gate -3 တွင် သြဂုတ် ၁၈ ရက်နေ့ နံနက် ၉နာရီ ၅၅ မိနစ်က ငါးခြောက်ကြော်အထုပ်အတွင်းထည့်၍ သယ်ဆောင်လာသော မူးယစ်ဆေးဝါးများဖမ်းဆီးရမိခဲ့ကြောင်း ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့ရုံးမှ ထုတ်ပြန်သော သတင်းအရ သိရသည်.

 မလေးရှားလေကြောင်းလိုင်း MH-741 လေယာဉ်ဖြင့် မလေးရှားနိုင်ငံ၊ ကွာလာလမ်ပူလေဆိပ်သို့ 

လိုက်ပါမည့် ခရီးသည်တစ်ဦး၏ ခရီးဆောင်အိတ်အားX-Rayစက်ဖြင့် ဖြတ်သန်းစစ်ဆေးခဲ့ရာ ငါးခြောက်ကြော်အထုပ်အတွင်း အပြာရောင်ပလပ်စတစ်အိတ်ဖြင့်ထည့်ထားသော ပန်းရောင်စိတ်ကြွ

ဆေးပြား (၂၀၀)ပြားပါ အထုပ်(၇၀)ထုပ်နှင့် (၁၉၈)ပြားပါ အထုပ်(၈)ထုပ်၊ စုစုပေါင်း ၁၅၅၈၄ ပြား သိမ်းဆည်းရမိခဲ့ကြောင်း သိရသည်။

 

အဆိုပါ မူးယစ်ဆေးဝါးများ သယ်ဆောင်လာသော တရားခံအား မင်္ဂလာဒုံမြို့မရဲစခန်း 

မူးယစ်(ပ)၄၄/၂၀၁၈၊ မူးယစ်ဆေးဝါးနှင့်စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာ ဥပဒေပုဒ်မ ၁၉(က)/၂၀(ခ) ဖြင့် အမှုဖွင့်အရေးယူဆောင်ရွက်လျက်ရှိကြောင်း သိရသည်။(Xinhua)