19
Mon, Nov
668 New Articles

ဒေသတွင်း ပရီကာဆာ ထိန်းချုပ်ရေး ညီလာခံ ကျင်းပ

ပြည်ထဲရေးဝန်ကြီးဌာန ဒုတိယ၀န်ကြီး ဗိုလ်ချုပ် အောင်သူ အဖွင့် မိန့် ခွန်း ပြောကြားစဉ် (ဆင်ဟွာ) Politics, Law & Military

နေပြည်တော်၊ နိုဝင်ဘာ ၇ရက် (ဆင်ဟွာ)

ဒေသတွင်း ပရီကာဆာ ထိန်းချုပ်ရေး ဆိုင်ရာ အဆင့်မြင့် အရာရှိကြီးများအဆင့် ညီလာခံ (High Level Regional Conference on Precursor Control)ကို နေပြည်တော် M Gallery Hotel ၌ နိုဝင်ဘာ ၇ ရက်မှ ၉ ရက်နေ့ အထိ ကျင်းပမည်ဖြစ်ရာ ယနေ့ နံနက်၌ ဖွင့်ပွဲ အခမ်းအနား ပြုလုပ်ခဲ့ပြီး ပြည်ထဲရေးဝန်ကြီးဌာန ဒုတိယ၀န်ကြီး ဗိုလ်ချုပ် အောင်သူ၊ China National Narcotics Control Commission Deputy Secretary General Min Tianshi နှင့် UNODC Regional Rept. Mr. Jeremy Douglas တို့ က အဖွင့် အမှာစကားများ အသီးသီး ပြောကြားခဲ့ကြသည်။

ပြည်ထဲရေး ဒုတိယ ၀န်ကြီးက “မြန်မာနိုင်ငံ အစိုးရ၊ တရုတ်နိုင်ငံအစိုးရတို့ နှင့် ပူးပေါင်း၍ အာဆီယံ-တရုတ်နိုင်ငံ မူးယစ်ဆေးဝါး တိုက်ဖျက်ရေး အစီအစဉ် (ACCORD:_ ASEAN China Cooperative Operations in Response to Dangerous Drugs) မူဘောင်၏ ကူညီထောက်ပံ့မှုများနဲ့ အတူ UNODC ၏ အကူအညီဖြင့် ဒေသတွင်း ပရီကာဆာ ထိန်းချုပ်ရေးဆိုင်ရာ အဆင့်မြင့် အရာရှိကြီးများ အဆင့် ညီလာခံကို ကျင်းပရခြင်း ဖြစ်ပါတယ်” ဟု ပြောခဲ့သည်။

China National Narcotics Control Commission Deputy Secretary General Min Tianshi အမှာစကား ပြောကြားစဉ် (ဆင်ဟွာ)

 

UNODC Regional Rept. Mr. Jeremy Douglas အမှာစကား ပြောကြားစဉ် (ဆင်ဟွာ)

 ဒေသတွင်း ပရီကာဆာ ထိန်းချုပ်ရေး ညီလာခံ ကျင်းပနေစဉ် (ဆင်ဟွာ)

အမှတ်တရ ဓာတ်ပုံများ ရိုက်ကူးစဉ် (ဆင်ဟွာ)

ရွှေတြိဂံဒေသအတွင်း မူးယစ်ဆေးဝါး တရားမ၀င် ထုတ်လုပ် သယ်ဆောင် ရောင်းဝယ်မှုများကို ထိန်းချုပ် တားဆီးနိုင်ရေးအတွက် ၂၀၁၃ ခုနှစ်တွင် တရုတ်နိုင်ငံ၏ အဆိုပြုချက်နှင့်အတူတရုတ်၊ မြန်မာ၊ လာအိုနှင့် ထိုင်း တို့ သည် ဘေးကင်းသော မဲခေါင် စစ်ဆင်ရေး စီမံချက် (The SaveMekong Operation Project) ကို စတင် ဆောင်ရွက်ခဲ့ကြောင်း၊ အောင်မြင်မှု များစွာ ရရှိခဲ့သဖြင့် ၂၀၁၅ တွင် ကမ္ဘောဒီးယားနှင့် ဗီယက်နမ်တို့  ပါအဖွဲ့ ဝင် ဖြစ်လာကြောင်း၊ အဖွဲ့ဝင်နိုင်ငံများ အနေဖြင့် ထိုင်းနိုင်ငံမှ အဆိုပြုခဲ့သည့် ဘေးကင်းသော မဲခေါင် ပူးပေါင်း ဆောင်ရွက်ရေး စီမံချက် (၂၀၁၆ - ၂၀၁၉) ဖြင့် အရှိန်အဟုန်မြှင့် ဆောင်ရွက်လျက်ကြောင်း၊ ရွှေတြိဂံဒေသအတွင်း မူးယစ်ဆေးဝါး ထုတ်လုပ်မှု၊ သယ်ဆောင် ရောင်းဝယ်မှု၊ ပရီကာဆာ ဓာတုပစ္စည်းများ သယ်ဆောင် ရောင်းဝယ်မှုတို့ ကို တိုက် ဖျက်ရန် ဆောင်ရွက်လျက်ရှိသည့် SMCC(Save Mekong Coordination Center) ကိုလည်း မြန်မာ နိုင်ငံက အိမ်ရှင်နိုင်ငံအဖြစ် ၂၀၁၇ ဇူလိုင် ၁ ရက်မှ စက်တင်ဘာ ၃၀ ရက်နေ့ အထိ လက်ခံ ဆောင် ၇ွက်ခဲ့ကြောင်း၊ ထိုသို့ ဆောင်ရွက်နေစဉ် ၂၀၁၇ သြဂုတ် ၈ ရက်မှ စက်တင်ဘာ ၃၀ ရက်နေ့ အထိ အမှုပေါင်း ၅၀၅ မှု၊ တရားခံ ၆၉၄ ဦးနှင့် မူးယစ်ဆေးဝါး အမြောက်အမြား ဖမ်းဆီး ရမိခဲ့ကြောင်း လည်း ပြည်ထဲရေး ဒုတိယ ၀န်ကြီးက ပြောခဲ့သည်။

 နိုဝင်ဘာ ၇ ရက်မှ ၉ ရက်နေ့ အထိ ကျင်းပမည့် အဆိုပါ ညီလာခံသို့  မူးယစ်ဆေးဝါးနှင့် စိတ်ကို ပြောင်းလဲစေသော ဆေးဝါးများ အန္တရာယ် တားဆီး ကာကွယ်ရေး ဗဟို အဖွဲ တွဲဖက် အတွင်းရေးမှူး ဦးဆောင်သော မြန်မာကိုယ်စားလှယ်အဖွဲ့ ၊ အာဆီယံ ၁၀ နိုင်ငံနှင့် တရုတ်၊ အိန္ဒိယ၊ သြစတြေးလျ၊ နယူးဇီလန် နိုင်ငံတို့ မှ ကိုယ်စားလှယ်အဖွ့ များ၊ ထိုင်းနိုင်ငံ အခြေစိုက် အရှေ့  တောင်အာရှနှင့် ပစိဖိတ်ဒေသ UNODC ၇ုံး၏ ဌာနေ ကိုယ်စားလှယ်အဖွဲ့ များ တက်ရောက်ခဲ့ကြပြီး ကမ္ဘာလုံး ဆိုင်ရာနှင့် ဒေသတွင်း မူးယစ်ဆေးဝါးနှင့် ပရီကာဆာ သယ်ဆောင် ရောင်းဝယ်မှု အခြေအနေ၊ ပရီကာဆာနှင့် ဆက်စပ် အခန်းကဏ္ဍများ၊ နိုင်ငံအလိုက် ပရီကာဆာ ထိန်းချုပ်ရေးနှင့် သယ်ဆောင် ရောင်းဝယ်မှု အခြေအနေ၊ နယ်စပ်ဒေသများအား ဖြတ်ကျော်ပြီး ပရီကာဆာ စီးဆင်း နေမှု၊ ဒေသတွင်း ပရီကယဆာ ဓာတုပစ္စည်း သယ်ဆောင် ရောင်းဝယ်မှုဆိုင်ရာ လုပ်ထုံးလုပ်နည်းများ တိုးတက်လာမှု အခြေအနေ၊ မူဝါဒ ချမှတ်နိုင်မည့် အချက်များနှင့် ဒေသတွင်း ပူးပေါင်း ဆောင်ရွက် ရေး၊ စစ်ဆင်ရေးဆိုင်ရာ စုံစမ်း စစ်ဆေးခြင်း လုပ်ရပ်များ၊ ပြည်သူလူထု၊ ပုဂ္ဂလိက ပူးပေါင်း ဆောင်ရွက်မှု မှတစ်ဆင့် ပရီကာဆာ သတင်း ဖလှယ်ခြင်း၊ လက်တွေ့  လုပ်ဆောင်နိုင်မည့် ဒေသတွင်း မဟာဗျူဟာများ၊ စသည်တို့ ကို ဆွေးနွေးသုံးသပ် အတည်ပြုကြမည်ဟု သိရသည်။ (Xinhua)