18
Tue, Dec
650 New Articles

ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွား ဆက်သွယ်ရေးဝန်ကြီးဌာန ဖွဲ့ စည်းရန် လွှတ်တော် အတည်ပြု

ပြည်ထောင်စု ရှေ့ နေချုပ်ရုံး ရှေ့ နေချုပ် ဦးထွန်းထွန်းဦး လွှတ်တော်၌ ရှင်းလင်း တင်ပြစဉ်။ (ဆင်ဟွာ) Politics, Law & Military

နေပြည်တော်၊ နိုဝင်ဘာ ၁၉ ရက်(ဆင်ဟွာ)

ပြည်ထောင်စု လွှတ်တော် အစည်းအဝေးသို့  ယခင်အပတ်က တင်သွင်း ဆွေးနွေးခဲ့သော ရင်းနှီးမြှုပ်နှံ မှုနှင့် နိုင်ငံခြားစီးပွား ဆက်သွယ်ရေးဝန်ကြီးဌာန ဖွဲ့ စည်းရေးကို ကန့့်ကွက်သူ မရှိသဖြင့် ယနေ့  ပြည်ထောင်စုလွှတ်တော်အစည်းအဝေးက အတည်ပြုခဲ့သည်။

အဆိုပါ ၀န်ကြီးဌာနအသစ် ဖွဲ့ စည်း ဆောင်ရွက်မည့် အခြေအနေနှင့် ပတ်သက်ပြီး ပြည်ထောင်စု ရှေ့ နေချုပ်ရုံး ပြည်ထောင်စု ရှေ့ နေချုပ် ဦးထွန်းထွန်းက “ရင်းနှီးမြှုပ်နှံမှုနဲ့ နိုင်ငံခြားစီးပွား ဆက် သွယ်ရေး ၀န်ကြီးဌာန ဖွဲ့စည်းဖို့အတွက် ပြည်ထောင်စု အစိုးရအဖွဲ့ အနေနဲ့ အဖက်ဖက်မှ စဉ်းစား ခဲ့ပြီးတော့ နိုင်ငံသားများရဲ့ အကျိုးစီးပွား ပိုမိုဖွံ့ဖြိုး တိုးတက်လာစေရေး အတွက် အလေးထား ဆောင်ရွက်ခဲ့တာဖြစ်ပါတယ်၊ ဒီလိုဆောင်ရွက်ရာမှာ ၀န်ကြီးဌာနအသစ်ကို ဖွဲ့စည်းပုံခြေခံ ဥပဒေ ပုဒ်မ-၂၂၇၊ ပုဒ်မခွဲ(က) ပါ ပြဌာန်းချက်အညီ လက်ရှိစီမံကိန်းနှင့် ဘဏ္ဍာရေး ၀န်ကြီးဌာနအောက်မှာ ဖွဲ့စည်းထားတဲ့ နိုင်ငံခြားဆက်သွယ်ရေးဦးစီးဌာန၊ ရင်းနှီးမြှုပ်နှံ မှု ကုမ္ပဏီများ ညွန်ကြားမှု ဦးစီးဌာန များကို ခွဲထုတ်ဖွဲ့စည်းသွားမှာဖြစ်တဲ့အတွက် လတ်တလောမှာ ၀န်ထမ်းအင်အား၊ အဆောက်အဦ၊ မော်တော်ယာဉ်၊ ဘဏ္ဍာငွေလျာထားချက် စသည်များကိုလည်း ထပ်မံတိုးချဲ့ရန် လိုမည်မဟုတ်ပါ ကြောင်း ရှင်းလင်းတင်ပြအပ်ပါတယ်”ဟု ယနေ့  ပြည်ထောင်စု လွှတ်တော် အစည်းအဝေး၌ ရှင်းလင်း ပြောကြားခဲ့သည်။

ထို့ အပြင် ရှေ့ နေချုပ်က ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွား ဆက်သွယ်ရေး ၀န်ကြီးဌာန ဖွဲ့စည်းခြင်း ဖြင့် နိုင်ငံတော်အတွက် ၀န်ထုပ်ဝန်ပိုး မဖြစ်စေဘဲ ကဏ္ဍအသီင်္းသီးတွင် ရှိသည့် နိင်ငံတကာ ဖွံ့ဖြိုးရေး ချေးငွေ၊ ထောက်ပံ့ငွေများဖြင့် ဖော်ဆောင်လျက်ရှိသော ဖွံဖြိုးရေးလုပ်ငန်းများ၊ ပြည်တွင်းပြည်ပ ရင်းနှီးမြှုပ်နှံမှုနှင့် ဆက်စပ်လျက်ရှိသော ပြည်ထောင်စုဝန်ကြီးဌာန အဖွဲ့အစည်းများကြားတွင် အဓိက ၀န်ကြီး ဌာန တစ်ခု အဖြစ် ထိရောက်စွာ ပေါင်းစပ်ညှိနှိုင်းပြီး အရှိန်ဟုန်မြင့် အကောင်အထည်ဖော် ဆောင်ရွက် သွားမည် ဖြစ်ကြောင်း၊ ယခုကဲ့သို့  ဖွဲ့စည်းဆောင်ရွက်ခြင်းဖြင့် ပြည်တွင်းပြည်ပ စီးပွားရေး လုပ်ငန်းရှင် များ အနေဖြင့် ရင်းနှီးမြှုပ်နှံမှုဆိုင်ရာ သတင်း အချက်အလက်များကို လွယ်ကူ လျင်မြန်စွာ ရရှိနိုင်ခြင်း၊ သက်ဆိုင်ရာ ဌာန အဖွဲ့အစည်းများနှင့် အချိန်နှင့် တစ်ပြေးညီ ပေါင်းစပ်ညှိ့နှိုင်းပေးနိုင်ခြင်း၊ ရင်းနှီးမြှုပ်နှံ မှုများ အကြား အငြင်းပွားမှုများနှင့် နစ်နာဆုံးရှုံးမှုများကို ကူညီဖြေရှင်းပေးနိုင်ခြင်းတို့ကြောင့် ရင်းနှီးမြှုပ်နှံသူများ၏ ယုံကြည်စိတ်ချမှုကို ရရှိစေမှာဖြစ်ပြီး နိုင်ငံ၏ စီးပွားရေးလုပ်ကိုင်မှု လွယ်ကူရေး အညွန်း ကိန်းကိုလည်း ပိုမို တိုးတက် ကောင်းမွန်စေမည် ဖြစ်ကြောင်း ရှင်းလင်းတင်ပြခဲ့သည်။ (Xinhua)