18
Tue, Dec
650 New Articles

ရင်းနှီးမြှုပ်နှံမှုနှင့်နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးအဖြစ် ဦးသောင်းထွန်းအား ခန့်အပ်

ရင်းနှီးမြှုပ်နှံမှုနှင့်နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးပြောင်းလဲခန့်အပ်သော ကြေညာချက်အား တွေ့ရစဉ်(သမ္မတရုံး) Politics, Law & Military

 ရန်ကုန်၊ နိုဝင်ဘာ ၁၉ ရက် (ဆင်ဟွာ)

ရင်းနှီးမြှုပ်နှံမှုနှင့်နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးအဖြစ် ဦးသောင်းထွန်းအား ယနေ့ ခန့်အပ်လိုက်ကြောင်း နိုင်ငံတော် သမ္မတရုံးက ထုတ်ပြန်သော သတင်းအရ သိရသည်။

အမျိုးသားလုံခြုံရေးဆိုင်ရာ အကြံပေးပုဂ္ဂိုလ် (National Security Advisor)အဖြစ် ဦးသောင်းထွန်းကို ၂၀၁၇ ဇန်နဝါရီ ၁၀ရက်က ခန့်အပ်ခဲ့ပြီး ယနေ့တွင် ရင်းနှီးမြှုပ်နှံမှုနှင့်နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးအဖြစ် နိုင်ငံတော် သမ္မတ ဦးဝင်းမြင့်က ပြောင်းလဲခန့်အပ်လိုက်ခြင်းဖြစ်ကြောင်း သိရသည်။(Xinhua)