25
Sat, May
582 New Articles

အကျဉ်းသား အခွင့်အရေးများ ဆုံးရှုံးမှု မရှိစေရန် စီစဉ်ထားရှိဟု ဆို

အမျိုးသား လွှတ်တော် ဥက္ကဋ္ဌ ဦးမန်းဝင်းခိုင်သန်း ကြွရောက်လာစဉ်။ Politics, Law & Military

နေပြည်တော်၊ ဖေဖော်ဝါရီ ၁၄ ရက်(ဆင်ဟွာ)

အကျဉ်းထောင်များတွင် အကျဉ်းသား ဦးရေ များပြားနေသော်လည်း အကျဉ်းသား အခွင့်အရေးများ ဆုံးရှုံခြင်း မရှိစေရန် ဥပဒေ၊ လုပ်ထုံး လုပ်နည်းများနှင့်အညီ စီစဉ် ဆောင်ရက်ထားရှိကြောင်း ပြည်ထဲရေး ၀န်ကြီးဌာန ဒုတိယ ၀န်ကြီး ဗိုလ်ချုပ် အောင်သူက ယနေ့  အမျိုးသား လွှတ်တော် အစည်းအဝေးတွင် ဖြေကြားခဲ့သည်။

“အကျဉ်းထောင်တွေမှာ အကျဉ်းသားတစ်ဦးကိုတစ်ရက် ၉၇၅ ကျပ်နှုန်း၊ စခန်းတွေမှာ တစ်ထောင် ကျပ်နှုန်း၊ ရက်သတ္တတစ်ပတ်မှာ ပဲ ခုနစ်ကြိမ်၊ တစ်ကြိမ်မှာ ငါးကျပ်သားနှုန်း၊ အသား လေးကြိမ်၊ တစ်ကြိမ် ခုနစ်ကျပ်သားနှုန်း ကျွေးမွေးလျက်၇ှိပြီး ကျန်းမာရေး မကောင်းတဲ့ အကျဉ်းသားတွေကို ဖြည့်စွက်အစားအစာပါ ၁၀၁၅ ဒသမ ၆၂ ကျပ်နှုန်း ကျွေးမွေးပါတယ်” ဟုလည်း ၎င်းက ပြောသည်။

အကျဉ်းသားများ စားသုံးသော နေ့ စဉ် ရိက္ခာမှ ပျမ်းမျှ ကယ်လိုရီရရှိမှုမှာ ကျန်းမာရေးနှင့် အားကစား ၀န်ကြီးဌာန အာဟာရဌာနခွဲ၏ တွက်ချက်မှုအရ  ၃၀၁၉ ဒသမ ၈ ကယ်လိုရီခန့် ရှိသဖြင့် အာဟာရ ပြည့်ဝမှု ရှိသည်ကို တွေ့ ရကြောင်း၊ ကူးစက်ရောဂါများမဖြစ်ပွားစေရေးအတွက် အစားအသောက်များ အား စိစစ်ပြီးမှ အကျဉ်းထောင်ထဲသို့  ပေးသွင်းရန် ကြပ်မတ်လျက် ရှိကြောင်း၊ ရေသန့် သောက်သုံး နိုင် ရန် စီစဉ်ပေးခြင်း၊ တစ်နေ့  နှစ်ကြိမ် ရေအ၀ချိုးစေခြင်း၊ ထောင်ဝင်စာ တွေ့ ဆုံမှုကို တနင်္ဂနွေနှင့် ရုံးပိတ်ရက်တို့ မှအပ တစ်ဦးလျှင် ၂၅ မိနစ်အထိ တိုးမြှင့်ပေးထားခြင်း၊ မိသားစုနှင့် စာရေးသား ဆက်သွယ် ခွင့်ကို စိစစ်ခွင့်ပြုခြင်း၊ စာကြည့်တိုက်များ ထားပေးခြင်း၊ တီဗီ ရုပ်သံ ကြည့်ရှုခွင့် ပေးခြင်း နှင့် အားကစားပွဲ၊ ပျော်ပွဲရွှင်ပွဲများ စီစဉ်ပေးခြင်းတို့ကို ဆောင်ရွက်ပေးထားကြောင်း၊ ကျန်းမာရေး၊ ပညာရေး ကိစ္စများကိုလည်း ထိရောက်စွာ ဆောင်၇ွက်ပေးထားပြီး မိမိတို့  ဘာသာအလိုက် လွတ်လပ်စွာ ၀တ်ပြု ကိုးကွယ်နိုင်ရေးကိုလည်း ဆောင်ရွက်ပေးထားကြောင်း ဒုတိယ ၀န်ကြီးက ပြောကြားခဲ့သည်။

မန္တလေးတိုင်းဒေသကြီး မဲဆန္ဒနယ် အမှတ်(၂) အမျိုးသား လွှတ်တော် ကိုယ်စားလှယ် ဦးထွန်းထွန်းဦး မေးမြန်းစဉ်။

ပြည်ထဲရေး ၀န်ကြီးဌာန ဒုတိယ၀န်ကြီး ဗိုလ်ချုပ် အောင်သူ ဖြေကြားစဉ်။

မန္တလေးတိုင်းဒေသကြီး မဲဆန္ဒနယ် အမှတ်(၂) အမျိုးသား လွှတ်တော် ကိုယ်စားလှယ် ဦးထွန်းထွန်း ဦး၏ အမေးကို ဖြေကြားရာတွင် ၎င်းက ပြောခဲ့ခြင်း ဖြစ်ပြီး ၂၀၁၉ ဇန်န၀ါရီ ၁ ရက်နေ့ အထိ ထောင်ပိတ်အင်အား စာရင်းအရ အကျဉ်းသား ၇၆၃၁၇ ဦး၊ အချုပ်သား ၁၆၃၁၀ ဦး၊ အကျဉ်းသူ ၉၂၇၅ ဦီး၊ အချုပ်သူ ၂၀၅၆ ဦး၊ စုစုပေါင်း ၁၁၃၉၅၈ ဦးတို့ ကို ထိန်းသိမ်းထားရှိသောကြောင့် လူဦးရေ ၃၃၂၇၈ ဦးပိုမို လက်ခံ ထိန်းသိမ်းနေရသဖြင့် အကျဉ်းသား ဦးရေမှာ ၀င်ဆံ့ဦးရေ၏ ၁၄၀ ရာခိုင်နှုန်း ဖြစ်ပေါ်နေသောကြောင့် အိပ်ဆောင်များ တိုးချဲ့ ခြင်း၊ အကျဉ်းထောင် အသစ်များ တိုးချဲ့  ဆောက်လုပ် လျက်၇ှိကြောင်း၊ ၂၀၁၃ တွင် ကျိုက်မရော အကျဉ်းထောင်ကိုလည်းကောင်း၊ ၂၀၁၅ ခုနှစ်တွင် ဖားကန့်  အချုပ်ထောင်၊ ၂၀၁၇ တွင် မကွေး အကျဉ်းထောင်တိုး ကိုလည်းကောင်း ဆောက်လုပ်လျက် ၇ှိပြီး သထုံ အကျဉ်းထောင်သစ် တည်ဆောက်ရန် ၂၀၁၉ ဇန်န၀ါရီလတွင် စတင် ဆောင်၇ွက်လျက် ၇ှိကြောင်း၊ အကျဉ်းထောင် ၀န်ထမ်းအင်အားပြည့်မီရေးအတွက် တစ်နှစ်လျှင် ၀န်ထမ်း ၁၈၀၀ ဦးနှုန်း ခန့် ထားနိုင်ရေး ဆောင်ရွက်လျက် ရှိကြောင်းလည်း ၎င်းက ဖြေကြားခဲ့သည်။(Xinhua)