22
Fri, Mar
709 New Articles

မူးယစ် တားဆီးနှိမ်နင်းရေး တပ်ဖွဲ့ အင်အား တိုးမြှင့်ဖွဲ့ စည်းရန် ဆောင်ရွက်လျက်ရှိဟု ဆို

အမျိုးသား လွှတ်တော် ဥက္ကဌ ဦးမန်းဝင်းခိုင်သန်း ကြွရောက်လာစဉ်။ Politics, Law & Military

နေပြည်တော်၊ ဖေဖော်ဝါရီ ၁၄ ရက်(ဆင်ဟွာ)

မူးယစ်ဆေးဝါး တားဆီးနနှိမ်နင်းရေး လုပ်ငန်းများ ဆောင်ရွက်နိုင်ရန် ရဲတပ်ဖွဲ့အင်အား တိုးချဲ့  ဖွဲ့စည်းနိုင်ရေး လျာထား ဆောင်ရွက်လျက်ရှိကြောင်း ပြည်ထဲရေး ၀န်ကြီးဌာန ဒုတိယ ၀န်ကြီး ဗိုလ်ချုပ် အောင်သူက အမျိုးသား လွှတ်တော် ယနေ့  အစည်းအဝေး၌ ကယားပြည်နယ် မဲဆန္ဒနယ် အမှတ်(၉) အမျိုးသား လွှတ်တော် ကိုယ်စားလှယ် ဦးစိုးသိန်း၏ အမေးကို ဖြေကြားရာတွင် ပြောခဲ့သည်။

၁၉၉၈ ဇန်န၀ါရီ ၂၂ ရက်နေ့ တွင် မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ မူးယစ် ဗဟိုရုံးနှင့် မူးယစ် အထူးတပ်ဖွဲ့ ၂၆ ဖွဲ့ ဖြင့် သီးခြား တိုးချဲ့  ဖွဲ့ စည်းခဲ့ရာမှ ၂၀၁၃ ခုနှစ် သြဂုတ်လ ၈ ရက်နေ့ တွင် တပ်ဖွဲ့ ခွဲ သုံးခွဲ၊ တပ်ဖွဲ့ စု ၅၀ စုတို့ ကို အရာရှိ ၄၀၁ ဦး၊ အခြားအဆင့် ၈၀၂ ဦး၊ စုစုပေါင်း ၁၂၀၃ ဦးတို့ ဖြင့် ထပ်မံ တိုးချဲ့  ဖွဲ့ စည်းခဲ့ကြောင်း၊ ယခုအခါ တပ်ဖွဲ့ ခွဲ ၁၀ ခွဲနှင့် တပ်ဖွဲ့ စု ၆၅ စုအထိ တိုးချဲ့  ဖွဲ့ စည်းနိုင်ရေး လျာထား ဆောင်ရွက်လျက်ရှိကြောင်း ၎င်းက ပြောခဲ့သည်။

ကယားပြည်နယ် မဲဆန္ဒနယ် အမှတ်(၉) အမျိုးသား လွှတ်တော် ကိုယ်စားလှယ် ဦးစိုးသိန်း မေးမြန်းစဉ်။

ပြည်ထဲရေး ၀န်ကြီးဌာန ဒုတိယ၀န်ကြီး ဗိုလ်ချုပ် အောင်သူ ဖြေကြားစဉ်။

ထို့ အပြင် ထိုင်းနိုင်ငံ မူးယစ်ဆေးဝါး ထိန်းချုပ်ရေး အဖွဲ့ ရုံး (ONCB) နှင့် ရေးထိုးထားသော နားလည်မှု စာချွန်လွှာအရ ONCB က ၂၀၁၅ ခုနှစ်မှ ၂၀၁၈ ခုနှစ်အထိ ဘဏ္ဍာနှစ်များအလိုက် ကျပ်ငွေ ၁၄၅၉ ဒသမ ၁၇၃ သန်း တန်ဖိုးရှိ မော်တော်ယဉ် ၁၇ စီး၊ ဆိုင်ကယ် ၅၄ စီး၊ ကွန်ပျူတာ ၅၄ စုံ၊ ပရင်တာ ၃၃ လုံး၊ မိတ္တူကူးစက် တစ်လုံး၊ ပရိုဂျက်တာ သုံးလုံး၊ CCTV ကင်မရာ ၁၀ လုံး၊ ဗီဒီယို င်မရာ ၁၂ လုံး၊ Equipment ၅၁ ထည်၊ ကျည်ကာ အင်္ကျီ ၄၀ ထည်၊ ညကြည့်မှန်ပြောင်း ၁၀ ခု စသည်တို့ ကို ထောက်ပံ့ပေးခဲ့သဖြင့် မူးယစ် တပ်ဖွဲ့ စုများသို့  ခွဲဝေချထားပြီး တားဆီး နှိမ်နင်းရေး လုပ်ငန်းများ ဆောင်၇ွက်ခဲ့ကြောင်း၊ သြစတြေးလျနိုင်ငံ ရဲတပ်ဖွဲ့ (AFP) နှင့် တရုတ်နိုင်ငံ အမျိုးသား မူးယစ်ဆေးဝါး လိန်းချုပ်ရေး အဖွဲ့  (NNCC) တို့ က ဘဏ္ဍာနှစ်အလိုက် ကူညီထောက်ပံ့ခဲ့သည့် အလားတူ တပ်ဖွဲ့  လုံးငန်းသုံး ယာဉ်များ၊ ပစ္စည်းကိရိယာများကို မူးယစ်တပ်ဖွဲ့ များသို့  ခွဲဝေချထားပေးပြီး တားဆီး နှိမ်နင်းရေး လုပ်ငန်းများ ဆောင်၇ွက်ခဲ့ကြောင်း၊ နိုင်ငံတော် ဘဏ္ဍာငွေဖြင့်လည်း ခေတ်မီ လုပ်ငန်းသုံး အထောက်အကူ ပစ္စည်းများကို ၀ယ်ယူ ဖြည့်ဆည်း ဆောင်ရွက်လျက် ရှိပါကြောင်း ဒုတိယ ၀န်ကြီးက ပြောကြားခဲ့သည်။

မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ သည် မူးယစ်ဆေးဝါး တားဆီးနှိမ်နင်းရေး လုပ်ငန်းများ ဆောင်ရွက်ရန် ၁၉၉၂ ဧပြီလ ၁ ရက်နေ့ တွင် မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ ၊ ရဲဦးစီးဌာနကြီး လက်အောက်၌ မူးယစ်ဆေးဝါး တားဆီး နှိမ်နင်းရေး ဌာနကို မူးယစ် ဗဟိုနှင့် တားဆီး နှိမ်နင်းရေး ဌာနအဖြစ် ပြင်ဆင် ဖွဲ့ စည်းခဲ့ ကြောင်း၊ ၁၉၉၈ ခုနှစ် ဇန်န၀ါရီလတွင် မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ မူးယစ် ဗဟိုရုံးနှင့် မူးယစ် အထူးတပ်ဖွဲ့ ၂၆ ဖွဲ့ ဖြင့် သီးခြား တိုးချဲ့  ဖွဲ့ စည်းခဲ့ခြင်းဖြစ်ကြောင်း သိရသည်။(Xinhua)