21
Thu, Mar
695 New Articles

တနင်္သာရီတိုင်းဒေသကြီးဝန်ကြီးချုပ် ဒေါက်တာလဲ့လဲ့မော် အား ယနေ့ မှ စ၍ တာဝန်မှ ရပ်စဲလိုက်ကြောင်း နိုင်ငံတော်သမ္မတရုံးထုတ်ပြန်

နိုင်ငံတော်သမ္မတရုံး၏ ထုတ်ပြန်ချက်အားတွေ့ရစဉ် (ဓာတ်ပုံ-နိုင်ငံတော်သမ္မတရုံး) Politics, Law & Military

ရန်ကုန်၊ မတ် ၁၁ ရက် (ဆင်ဟွာ) 

တနင်္သာရီတိုင်းဒေသကြီးဝန်ကြီးချုပ် ဒေါက်တာလဲ့လဲ့မော် အား ယနေ့ မှ စ၍ တာဝန်မှ ရပ်စဲလိုက်ကြောင်း နိုင်ငံတော်သမ္မတရုံးမှ ယနေ့ နေ့စွဲဖြင့် ထုတ်ပြန် ကြေညာခဲ့သည်။

ဒေါက်တာလဲ့လဲ့မော်သည် ၂၀၁၅ ရွေးကောက်ပွဲတွင် တနသာင်္ရီတိုင်းဒေသကြီး သရက်ချောင်းမဲဆန္ဒနယ် အမှတ် (၁) မှ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီကိုယ်စားပြု၍ ဝင်ရောက်အရွေးခံခဲ့ခြင်းဖြစ်သည်။ ၂၀၁၆ ခုနှစ် မတ် ၃၀ ရက်တွင် တနသာင်္ရီတိုင်းဝန်ကြီးချုပ်အဖြစ် ခန့်အပ်တာဝန်ပေးခြင်းခံခဲ့ရသည်။

တနင်္သာရီတိုင်းဒေသကြီး အစိုးရအဖွဲ့ ဝန်ကြီးချုပ် ဒေါက်တာ လဲ့လဲ့မော်နှင့် Global Grand Services (GGS) ကုမ္ပဏီမှ MDအပါအဝင် သုံးဦးကို အဂတိလိုက်စားမှုတိုက်ဖျက်ရေး ဥပဒေဖြင့် မတ်လ ၁၀ရက်တွင် အမှုဖွင့်အရေးယူလိုက်ကြောင်း အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်က သတင်းထုတ်ပြန်ခဲ့သည်။  (Xinhua)