22
Mon, Apr
608 New Articles

အစိုးရအဖွဲ့ နှင့် KNPP တွေ့ ဆုံ ဆွေးနွေး

NRPC အဖွဲ့ ဝင် ရှေ့ နေချုပ် ဦးထွန်းထွန်းဦး အဖွင့်အမှာစကား ပြောကြားနေစဉ်။ Politics, Law & Military

နေပြည်တော်၊ မတ်လ ၁၈ ရက်(ဆင်ဟွာ)

ကရင်နီ အမျိုးသား တိုးတက်ရေး ပါတီ (KNPP:_ Karenni National Progressive Party)မှ ကိုယ်စားလှယ်များနှင့် အစိုးရ အဖွဲ့ ဘက်မှ အမျိုးသားပြန်လည် သင့်မြတ်ရေးနှင့် ပြည်ထောင်စု ငြိမ်းချမ်းရေး ဗဟို(NRPC ) တို့  တွေ့ ဆုံပွဲကို နေပြည်တော် NRPC ၌ ယနေ့  နံနက် ပြုလုပ်ခဲ့သည်။

အဆိုပါ တွေ့ ဆုံပွဲသို့  တက်ရောက်လာသော NRPC အဖွဲ့ ဝင် ရှေ့ နေချုပ် ဦးထွန်းထွန်းဦးက “ဒီနေ့ ဆွေးနွေးပွဲကနေ ရလဒ်ကောင်းတွေ ရလာမယ်လို့  မျှော်လင့်ပါ တယ်၊ အခုလို တစ်ဖွဲ့ ချင်းစီနဲ့ တွေ့ ပြီးချိန်မှာ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ တွေ စုပြီး အစည်း အဝေး လုပ်ကြဖို့  ရှိပါတယ်၊ အဲဒါပြီးရင်တော့ ၂၁ ရာစု ပင်လုံကို ဆက်ပြီးသွားနိုင်ဖို့ အမြန်ဆုံး ဆောင် ရွက်နိုင်မယ်လို့  မျှော်လင့်ပါတယ်” ဟု မီဒီယာသို့  ပြောကြားခဲ့သည်။

ထို့ အပြင် ၎င်း၏ အဖွင့် မိန့် ခွန်း၌ အစိုးရအဖွဲ့ သည် ၂၀၁၂ ခုနှစ်တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့ များနှင့် စတင် ညှိနှိုင်းစဉ်ကတည်းက KNPP အဖွဲ့  ပါဝင်ခဲ့ပြီး ထိုအဖွဲ့ သည် ပြည်နယ်အဆင့်၊ ပြည်ထောင်စု အဆင့် bilateral agreement များ ရေးထိုး ခဲ့ကာ ဒေသတွင်း နှစ်ဘက်ပစ်ခတ် တိုက်ခိုက်မှုများ မရှိသလောက် အခြေအနေကောင်း များ ထိန်းထားနိုင်သည့် အဖွဲ့ တစ်ဖွဲ့  ဖြစ် ကြောင်း၊ ငြိမ်းချမ်းရေး ကော်မရှင် နှင့်လည်း၂၀၁၈ ဧပြီ ၂၇ ရက်တွင် ကယားပြည်နယ် လွိုင်ကော်မြို့ ၌ တွေ့ ဆုံကာ NCA တွင် ပါဝင် လက်မှတ်ရေးထိုးနိုင်ရေး ခဲ့ကြောင်း၊ NCA မရေးထိုးမီ ရေတို ကာလ အတွင်း နှစ်ဘက် တပ်ဖွဲ့ များ သွားလာမှု၊ ဆက်သွယ်မှု၊ ပြည်နယ်အဆင့်မှာ ပုံမှန် ညှိနှိုင်းဆွေးနွေးမှု ကိစ္စများ၊ နှစ်ဘက် သဘောတူသော ဆက်ဆံရေး လမ်းကြောင်းကိစ္စများ၊ တိုးတက်မှု ရရှိခဲ့သော တပ်ပိုင်းဆိုင်၇ာ ကိစ္စအချို့  တို့ ကို နှစ်ဘက် သဘောတူညီမှုများ ရရှိခဲ့ကြောင်း၊ ဆက်လက်ပြီး ပြီးခဲ့ သည့် မတ်လ ၁၀ ရက်နေ့ တွင် ထိုင်းနိုင်ငံ ချင်းမိုင်မြို့ တွင် အလွတ်သဘော တွေ့ ဆုံ ခဲ့ရာတွင်လည်း နှစ်ဘက် အခက်အခဲများကို ပွင့်ပွင့် လင်းလင်း ဆွေးနွေးညှိနိုင်းနိုင်ခဲ့ကြပြီး ယနေ့  ဆွေးနွေးပွဲမှာ အဆိုပါ ချင်းမိုင် ဆွေးနွေးပွဲ၏ အကျိုးဆက်ပင် ဖြစ်ကြောင်းလည်း ပြည်ထောင်စု ရှေ့ နေချုပ်က ပြောကြားခဲ့သည်။ 

ကရင်နီ အမျိးသား တိုးတက်ရေး ပါတီ (KNPP) ဒုတိယ ဥက္ကဌ ခူဦးရယ် အမှာစကား ပြောကြားနေစဉ်။

တွေ့ ဆုံပွဲ ကျင်းပနေစဉ်။

ကရင်နီ အမျိးသား တိုးတက်ရေး ပါတီ (KNPP) ဒုတိယ ဥက္ကဌ ခူဦးရယ်ကလည်း ၎င်း၏အမှာ စကားတွင် ဒီနေ့ ကတော့ ပြည်ထောင်စု အဆင့် bilateral agreement အဆင့်မှာ သဘောတူ ခဲ့တဲ့ တချို့ သော အကြောင်းအရာတွေနဲ့  မြေပြင်မှာ အဆင်မပြေမှုတွေကို အပြန်အလှန် တင်ပြ ဆွေးနွေးပြီး နောက်အဆင့်တွေမှာ ဘယ်လို တည်ဆောက် ပြီး အဖြေရှာကြမလဲ ဆိုတာ ဆွေးနွေးကြ မှာ ဖြစ်ပါတယ်” ဟု ပြောကြားခဲ့သည်။

ယနေ့ တွင် NRPC နှင့် နိုင်ငံရေးဆိုင်ရာ ကိစ္စရပ်များအား ဆွေးနွေးပြီး နောက်နေ့ တွင် တပ်ပိုင်းဆိုင်ရာ ကိစ္စရပ်များအား တပ်မတော်မှ အကြီးအကဲများနှင့် တွေ့ ဆုံ ဆွေးနွေး သွားမည် ဖြစ်ကြောင်းလည်း KNPP ဒုတိယ ဥက္ကဌက ပြောခဲ့သည်။ 

NRPC သည် ဖေဖော်ဝါရီ ၂၂ ရက်နေ့ တွင် ရှမ်းပြည် တိုးတက်ရေး ပါတီ (SSPP) နှင့်လည်းကောင်း၊ မတ်လ ၁၁ ရက်နေ့ တွင် ရှမ်းပြည် ပြန်လည် ထူထောင်ရေး ပါတီ (RCSS) တို့ နှင့် တွေ့ ဆုံညှိနှိုင်းခဲ့ပြီး သဘောတူညီချက် အချို့  ရရှိခဲ့ကြောင်း သိရသည်။(Xinhua)